၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့
ခမ်းသားငေါဝ်/ ဟုတ်တယ် Vs မဟုတ်ဘူး/ The Red Flag/ MFCN
Fact Check – အချက်လက် စစ်ဆေးခြင်း
ဖေ့ဘွတ်ခ် လူမှုကွန်ယက်ပေါ်တွင် မြို့တွင်းလမ်းမတစ်နေရာ၌ ပေါက်ကွဲပစ်ခတ်သံနှင့်အတူ ပွိုင့်ကား သုံးစီး တပြိုင်နက် Driftဆွဲနေသည့် ဖြစ်စဉ်ကို အဝေးတစ်နေရာမှ ရိုက်ကူးထားသည့် ရုပ်သံ ဗီဒီယိုဖိုင်တစ်ခု ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ပျံနှံနေပါသည်။
၎င်းရုပ်သံ ဗီဒီယိုဖိုင်ကို Ah Du Ngwa အမည်ရှိ ဖေ့ဘုတ် အကောင့်တစ်ခုမှ “ ထိုင်းနိုင်ငံမှာ ဖြစ်သွားတာပါ” ဆိုသည့်စာသားနှင့်အတူ ထိတ်လန့်အံဩသည့် emoji ပုံဖြင့် ရေးသားဖြန့်ဝေထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ မြို့ထဲတွင် အကြမ်းဖက်မှုဖြစ်ပွားနေသည့် ဖြစ်စဉ်အသွင်ဖြင့် ထင်ယောင်ထင်မှားဖြစ်အောင် ဖြန့်ဝေထားပါသည်။ ထိုဖြန့်ဝေမှုကို MFCN မှ အချက်အလက်စစ်ဆေးနေချိန်၌ ရီအက်ရှင် ပေးသူ (၁၅၀၀၀) ကျော် ၊ မှတ်ချက်ပေးသူ (၂၈၂) ခုနှင့် ထပ်ဆင့်ဖြန့်ဝေသူ (၅) ရာကျော် ဦးအထိရှိနေပြီးဖြစ်သည့်အတွက် ပျံနှံမှုလည်းများနေပါသည်။
ဖြန့်ဝေထားသည့် လင့် – https://archive.ph/IHwlJ
ထိုဖြန့်ဝေထားသည့် အကြောင်းအရာကို Myanmar Fact- Checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့် ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးရေးအဖွဲ့ နှင့် ဟုတ်တယ် Vs မဟုတ်ဘူး အချက်အလက်စစ်ဆေးသည့်အဖွဲ့ တို့မှ စိစစ်ကြည့်သည့်အခါ ထိုင်းနိုင်ငံတွင် ဖြစ်ပွားခြင်း မဟုတ်ဘဲ ဗီယက်နမ်နိုင်ငံတွင်ရိုက်ကူးထားသော ဗီဒီယိုဖိုင်ကို အသုံးပြုကာ သတင်းအမှား ဖြန့်ဝေနေခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သတင်းစိစစ်ချက်
သတင်းအမှားဖြန့်ဝေသူ တင်ထားသည့် ဗီဒီယိုဖိုင်ကို Google Lens နှင့် InVID Video Tools ကို အသုံးပြု၍ ဗီဒီယို ရုပ်သံဖိုင်ကို စိစစ်ရှာဖွေသည့်အခါ TikTok အသုံးပြုသူ @tai.vu80 အမည်ရှိ ဗီယက်နမ် နိုင်ငံသား တစ်ဦးမှ “Các anh như này thì lãnh tụ rất yên tâm rồi” ဗီယက်နမ်ဘာသာဖြင့် အဓိပ္ပာယ်မှာ “အဖွဲ့ခေါင်းဆောင်က ဒီလိုသူတွေရှိတာနဲ့ စိတ်အေးနိုင်တယ်” ဆိုသည့် caption ကို ရေးသားထားပြီး ၂၀၂၅ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် tik tok ပလက်ဖောင်းပေါ်ကို ဖြန့်ဝေထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။
မူရင်း ဖြန့်ဝေလင့် – https://shorturl.at/q0eAi
ဗီယက်နမ် နိုင်ငံသား တစ်ဦးဟု ယူဆလို့ရသော Mèo lười နာမည်ဖြင့် tiktok အကောင့်ပိုင်ရှင်မှလည်း ၂၀၂၅ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ထိုဗီဒီယိုကိုဘဲ ဖြန့်ဝေထားပါသည်။ ထိုဖြန့်ဝေမှုမှာ ရည်ညွှန်းဖော်ပြချက် စာကို ရေးသားထားခြင်း မရှိပေမယ့် မှတ်ချက်ပေးသူ၏ မေးမြန်းမှုကို “ဗီယက်နမ်နိုင်ငံမှ ရဲများ ကာကွယ်ရေးလေ့ကျင့်နေခြင်း ဖြစ်ကြောင်း” တုံ့ပြန်ဖြေကြားပေးခဲ့မှုကို တွေ့ရှိရပါသည်။
Mèo lười ဖြန့်ဝေလင့် – https://shorturl.at/JIXbW
ထိုအပြင် ၎င်းနှင့်ထပ်တူညီသည့် ဗီဒီယိုတစ်ခုကို Vietnam Skyscrapercity & Skyline ဖေ့ဘုတ်ပေ့စ်အကောင်မှလည်း ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဖော်ပြထားပါသည်။ Google Translate ၏ အကူအညီရယူကာ ၎င်းဖော်ပြထားသော Quá đẳng cấp các bạn ơi 😍 Diễn tập bảo vệ nguyên thủ tại Quận 1 ဆိုသည့် ဗီယက်နမ်ဘာသာစကားသည် “အလွန်အမင်း ကျွမ်းကျင်ပါတယ် သူငယ်ချင်းတို့ရေ 😍 — တောင်ကျောင်းမြို့နယ် (Quận 1) မှာ နိုင်ငံခေါင်းဆောင်ကိုကာကွယ်ရန် ကာကွယ်ရေး လေ့ကျင့်ခန်းပြုလုပ်နေခြင်း” ဟု အဓိပ္ပာယ်ရသည့် စာသားဖြင့် ဖော်ပြထားမှုကို တွေ့ရှိရပါသည်။
Vietnam Skyscrapercity & Skyline လင့် – https://shorturl.at/lShmD
သုံးသပ်ချက်
၂၀၂၅ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံမှ မြို့တွင်း လမ်းမပေါ်တွင် ကာကွယ်ရေး စစ်လေ့ကျင့်နေသည့် သတင်းမှာ သတင်းမှန်ဖြစ်ပါသည်။
Ah Du Ngwa အမည်ရှိ ဖေ့ဘုတ် အကောင့်တစ်ခုမှ ဖြန့်ဝေထားသည့် ဗီဒီယိုရုပ်သံဖိုင်တစ်ခုနှင့်အတူ အကြမ်းဖက်မှုတစ်ခု ထိုင်းနိုင်ငံ၏ မြို့တွင်း လမ်းမပေါ်တွင် ဖြစ်ပွားနေဆိုသည့်အကြောင်းအရာမှာ သတင်းအမှား ဖြစ်ပါသည်။
၎င်းသည် ထိုင်းနိုင်ငံနှင့် အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံတို့အကြား လက်ရှိဖြစ်ပွားနေသည့် နယ်စပ်တင်းမာမှု အခြေအနေကို အကြောင်းပြကာ ထိုင်းနိုင်ငံမြို့တွင်းမှာ ပစ်ခတ်မှု ဖြစ်ပွားသွားသည့် အသွင်ဖြင့် ပုံဖော်ရေးသားထားပြီး ထိုင်းနိုင်ငံကို ရောက်ရှိနေသည့် မြန်မာပြည်သူများ အလန့်တကြား ဖြစ်စေရန်အတွက် ထင်ယောင်ထင်မှား သတင်းအမှားများကို အချိန်ကိုက် ဖြန့်ဝေထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။
ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့ဘုတ် (facebook page) နှင့် Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
Fb- https://www.facebook.com/KhamSarNgor
#MFCN #RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း#ဟုတ်တယ်vsမဟုတ်ဘူး