Akyab Post/ MFCN
1 Jun 2025
Fact Check
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်းမှာ ပျက်စီးဆုံးရှံးသွားတဲ့ နေအိမ်တွေဟာ အေအေရဲ့ နိုင်ငံရေးမှုးတွေ အိမ်ဖြစ်တယ်ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံံ့နှံ့လျက်ရှိပါတယ်။
Telegramမှာ သတင်းတုသတင်းမှားတွေကို ဖြန့်လေ့ရှိတဲ့ Kyaw Swar ချန်နယ်ကနေ မေလ ၂၇ ရက်နေ့မှာ “ကျောက်တော်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဗုံး ကြဲရှင်းလင်းခဲ့လို့ အကြမ်းဖက် ULA/AA နိုင်ငံရေးမှုး ၊ …ရေးမှုး ၊ မှူးယစ်ဆေးဝါးကုန်သွယ်ရေးမှုးတို့ အိမ်တွေပါ ပြာလီစွ ဖြစ်သွားခဲ့သည့် မြင်ကွင်း။” ဆိုပြီးတော့ ဓာတ်ပုံနဲ့တကွ ရေးသားဖြန့်ဝေထားပါတယ်။
📌 Kyaw Swar ချန်နယ်ကနေ မူရင်းရေးသားထားတဲ့ ပို့စ် အပြည့်အစုံ –https://archive.ph/qw4um
ဒီပို့စ်ကို ဖြန့်ဝေထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ မေလ ၂၈ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၃၅,၁၀၀ ကျော်၊ Reaction ပေးသူ ၆၈၃ ဦး၊ Comment ပေးသူ ၁၃ ဦးနဲ့ ဆက်လက်ပြီးတော့ ပျံံ့နှံ့လျက်ရှိပါတယ်။
ဒီပို့စ်ကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ ကျောက်တော်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေဟာ အေအေနိုင်ငံရေးမှူးတွေရဲ့ နေအိမ်တွေမဟုတ်ပဲ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေသာဖြစ်ပြီးတော့ဖြန့်ဝေထားတဲ့ ပို့စ်ဟာ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
◾️ သတင်းစိစစ်ချက်
စစ်ကောင်စီရဲ့ Telegram ချန်နယ်တွေမှာ ပျံံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Kyaw Swar ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို Akyab Post ဖက်ကနေ google reverse search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသအခြေပြု သတင်းဌာနတစ်ခုဖြစ်တဲ့ Western News သတင်းဌာနေကနေ မေလ ၂၆ ရက်နေ့မှာ “နှစ်ရက်ဆက်တိုက် ဗုံးကြဲခံခဲ့ရသည့် ကျောက်တော်မြို့၏ မြင်ကွင်း (ဓါတ်ပုံသတင်း)” ဆိုတဲ့ ဓာတ်ပုံသတင်းက ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်၊၊
🔗 Western News ရဲ့ သတင်းအပြည့်အစုံ – https://www.facebook.com/share/p/14F8mkZcN3R/
Western News ရဲ့ ရေးသားဖော်ပြချက်တွေအရ မေလ ၁၄၊ ၁၅ ရက်မှာ စစ်ကောင်စီဖက်ကနေ ကျောက်တော်မြို့ကို လေကြောင်းတိုက်ခိုက်တာကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေဟာ အေအေနိုင်ငံရေးမှူးတွေရဲ့ နေအိမ်တွေမဟုတ်ပဲ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေဖြစ်ကာ၊ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အရပ်သားပြည်သူတွေပါ ထ်ိခိုက်ဒဏ်ရာရ၊ သေဆုံးမှုတွေ ရှိိတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် မေလ ၁၄၊ ၁၅ ရက်မှာ ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း နေအိမ်ပျက်စီးမှုနဲ့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုတွေကို ရခိုင်ဒေသတွင်း သတင်းဌာနတွေဖြစ်တဲ့ Development Media Group နဲ့ Narinjara သတင်းဌာနတွေကနေ ဖော်ပြထားပါတယ်။
🔗 Development Media Group – https://www.facebook.com/share/p/1Acy7puFhD/
🔗 Narinjara – https://www.facebook.com/share/p/16TADqjhu9/
ဒါ့အပြင် နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ BBC ကနေလည်း စစ်ကောင်စီဖက်ကနေ ရခိုင်မှာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း နေအိမ်ပျက်စီးမှုနဲ့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုတွေရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
🔗 BBC Burmese – https://www.facebook.com/share/p/18z79JjqES/
◾️ သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ နိုင်ငံတကာသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့နေသလိုမျိုး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ကျောက်တော်မြို့နယ်မှာ ပျက်စီးဆုံးရှံးသွားတဲ့ နေအိမ်တွေဟာ အေအေရဲ့ နိုင်ငံရေးမှုးအိမ်တွေမဟုတ်ကြပဲ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေဖြစ်တယ်ဆိုတာကို Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားနေတဲ့ မှားယွင်းတင်ပြတဲ့ သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
🔗 Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
https://www.facebook.com/theakyabpost/videos/579777185128004/
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #Akyab Post #FactCheck #Mis_Disinformation #AA