ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)ရဲ့ ပညာရေးဘုတ်အဖွဲ့ဝင်ဆီကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီး ရမိတယ်ဆိုတဲ့ သတင်းအမှား
၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက်
(Fact Check) DNA/ The Red Flag
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းအခြေစိုက်လှုပ်ရှားတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)ရဲ့ ပညာ ရေးဘုတ်အဖွဲ့ဝင် Pu Ngun Sui Thang ထံကနေ မေ ၂၂ ရက်မှာ ဘိန်းဖြူဆပ်ပြာဗူးပေါင်း ၄၂၇ ဗူးကို ဖမ်း ဆီးရမိပြီး မေ ၂၈ ရက်မှာ စိတ်ကြွဆေးပြား ၆၀၀၀ နဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့ငွေသားများကို ထပ်မံဖမ်း မိတယ်လို့ ချင်းဒေသတွင်းမီဒီယာတွေနဲ့လူမှုကွန်ရက် ပလက်ဖောင်းအချို့မှာ ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။
ချင်းဒေသတွင်းမီဒီယာတခုဖြစ်တဲ့ Rihlipui Post ကမေလ ၂၂ ရက်မှာ “Date 22.5.2025 ah Hualngoram, Ṭiau-Khawmawi-ah Hualngoram Police, HRF leh khawtlang hruaitute chuan Search Warrant nen ruihhlo check runpui kalpuiin ruihhlo tam tham tak an man a ni.”လို့ စတင်ရေးသား ဖြန့်ဝေခဲ့ပါတယ်။
Rihlipui Post- https://archive.ph/jUVC7
ဒါအပြင် “ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းအခြေစိုက်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) ရဲ့ ပညာရေးဘုတ်အဖွဲ့ဝင်ဖြစ်တဲ့ Pu Ngun Sui Thang ရဲ့စာသင်ကျောင်းခန်းထဲကနေ ဘိန်းဖြူ ဆပ်ပြာဗူး ပေါင်း ၄၂၇ ဗူးကို HPO/CDF Hualngoram တာဝန်ရှိသူများကဖမ်းဆီးရမိခဲ့ပြီး Pu Ngun Sui Thang ထွက်ပြေးသွားခဲ့လို့ ဖမ်းဆိးရမိရေးဆောင်ရွက်နေတယ်လို့ CBN Daily New က Rihlipui Post ရဲ့ရေးသား ချက်ကို ကိုးကားပြီး မေ ၂၂ ရက်မှာ ရေးသားထားပါတယ်။
CBN Daily News- https://archive.ph/FnXxy
ချင်းပြည်နယ်၊ ဟွာလ်ငိုးရမ်းဒေသ တီအိုခေါမွေးမှာ ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO/CNDF ) ရဲ့ပညာရေး ဘုတ်အဖွဲ့ဝင် TPCE ကိုင်ပိုင်ကျောင်းဖွင့်ထားတဲ့ ဦးငွန်ရွှေထန်း ( Pu Ngun Sui Thang ) အသက် ၃၇ နှစ် ထံကနေ ဘိန်းဖြူဗူးပေါင်း ၄၂၇ ဗူးဖမ်းမိခဲ့ပြီး ပိုင်ရှင်ဖြစ်သူ Pu Ngun Sui Thang က ထွက်ပြေးသွားလို့ မူးယစ်ဆေးနဲ့ပတ်သက်ဆက်နွယ်သူ Pi Tuan Kim Thiam အသက် ၃၅ နှစ်ကိုချက်ချင်းဖမ်းဆီးကာ Pu Ngun Sui Thang ကိုဖမ်းမိဖို့ မီဇိုရမ်ဘက်က တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ မေ ၂၂ ရက်မှာ Chinland Channel, Hakha Post နဲ့ Zomi Hornbill Media တွေက ရေးသားခဲ့ပါတယ်။
Chinland Channel- https://archive.ph/YMJNZ
Zomi Hornbill Media- https://archive.ph/CXNqR
The Hakha Post- https://archive.ph/VgiUN
ဒီသတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency ကစစ်ဆေး ကြည့်တဲ့အခါ HPO/CDF Hualngoram (ဟွာငိုရမ်း)အဖွဲ့က TPCE Nursery ကိုယ်ပိုင်ကျောင်းပိုင်ရှင်ဖြစ် တဲ့ Pu Ngun Sui Thang ရဲ့ မူကြိုကျောင်းကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာ မှန်ပေမဲ့ Pu Ngun Sui Thang ဟာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)ပညာရေးဌာနဘုတ်အဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့ ရေးသားထား ချက်က မှားယွင်းနေတာကို စိစစ်သိရှိရပါတယ်။
☑️ သတင်းစိစစ်ချက်
ဒေသတွင်းသတင်းမီဒီယာတခုဖြစ်တဲ့ The Rihli Voice ကနေ မေ ၂၂ ရက်မှာ” CDF Hualngo မှ ဖမ်းဆီး ရမိတဲ့ မူးယစ်ဆေး၀ါးသယ်ယူရောင်းချသူ ရိဒ်ခေါဒါရ် TPCE Nursery ကိုယ်ပိုင်ကျောင်းပိုင်ရှင် Pu Ngun Sui Thang ကို CNO/CNDF ပညာရေးအဖွဲ့၀င်ဖြစ်တယ်ဆိုပြီး မှားယွင်းစွပ်စွဲထားတယ်လို့ ရေးသားထား ပါတယ်။
The Rihli Voice- https://archive.ph/AhmOC
“ချင်းအမျိုးသားအဖွဲချုပ်၊ ပညာရေးဌာန၏ ဂုဏ်သိက္ခာပျက်ပြားစေရန် စွပ်စွဲသည့်လုပ်ရပ်အပေါ် ထုတ်ပြန် ကြေညာချက်” ဆိုကာ ၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်စွဲနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ပတ်သက် ပြီး ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပညာရေးဌာနဘုတ်အဖွဲ့ဝင်လို့ အွန်လိုင်းမီဒီယာတွေပေါ် မဟုတ်မမှန် စွပ်စွဲမှု တွေကိုကန့်ကွက်ရှုတ်ချကြောင်း CNO နဲ့ CNDF ကနေထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။
Chin National Organization- https://archive.ph/H8APJ
Chin National Defence Force- https://archive.ph/FvjR0
ဒါအပြင် “ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့က TPCE မူကြိုကျောင်းမှာ မေလ ၂၂ က ဖမ်းဆီး ထားတဲ့ မူးယစ်ဆေးများနဲ့တရားခံများဟာ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ပညာရေးဌာနနဲ့ ပတ်သက်မှု မရှိ ဘူးလို့ မေလ ၂၃ ရက်မှာ CNO ပညာရေးဌာနက သတင်းထုတ်ပြန်ပါတယ်”ဆိုပြီး ဒေသတွင်း မီဒီယာတွေ ဖြစ်တဲ့ Zalen, Chin World, Chin National Organization Fans & News, Khonumthung Burmese, Chinland News Agency တို့က ရေးသားထားတာကို တွေ့ရှိရပါတယ်။
Zalen- https://archive.ph/A9MyA
Chin World- https://archive.ph/C7G9J
Chin National Organization Fans & News- https://archive.ph/jVZ0v
Khonumthung Burmese- https://archive.ph/yDYuK
Chinland News Agency- https://archive.ph/dOab7
မူးယစ်ဆေးဝါးတွေ ဖမ်းဆီးခဲ့တဲ့ ဟွာလ်ငိုးရမ်းပြည်သူ့အဖွဲ့အစည်းရဲ့ ၂၉.၅.၂၀၂၅ ရက်နဲ့ထုတ်ပြန်ချက်မှာ “TPEC Nursery School ကျောင်းအုပ် ဦးငွန်ဆွီးထန်နဲ့ဇနီးဖြစ်သူ ဒေါ်တွန်ကိန်လျှမ်းတို့ထံကနေ မေ ၂၂ မှာ ဘိန်းဖြူဆပ်ပြာဗူး ၄၂၇ ဗူးဖမ်းဆီးရမိပြီး ၂၈ ရက်နေ့ထပ်မံရှာဖွေခဲ့ရာ စိတ်ကြွဆေးပြား ၆,၀၀၀ ပြား၊ ရူပီး ၅၁,၀၀၀ နဲ့ငွေကျပ် ၂,၆၇၄,၀၀၀ တို့ကို ရရှိခဲ့ကာ ထွက်ပြေးနေတဲ့ ကျောင်းအုပ်ဦးငွန်ဆွီးထန်ကို ဖမ်းမိရေး မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ချိတ်ဆက်ဆောင်ရွက်နေတယ်”လို့ ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။
Hualngoram People Organization – https://archive.ph/x0F3k
TPCE မူကြိုကျောင်းကို ကျောင်းသားမိဘတွေတောင်းဆိုလို့ မေ ၂၈ ရက်မှာ ထပ်မံရှာဖွေခဲ့ရာ စိတ်ကြွဆေး ပြား ၆,၀၀၀ ပြား၊ ရူပီး ၅၁,၀၀၀ နဲ့ငွေကျပ် ၂,၆၇၄,၀၀၀ တို့ကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးနေတဲ့ ဦးငွန်ဆွီးထန်ကို ဖမ်းမိရေး မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ချိတ်ဆက်ဆောင်ရွက်နေတယ်”လို့ Zalen, Khonumthung Burmese, The Hakha Post တို့က ရေးသားခဲ့ကာ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပညာရေးဌာနဘုတ်အဖွဲ့ဝင် လို့ သုံးနှုန်းရေးသားထားတာကို မတွေ့ရှိရပါဘူး။
Zalen- https://archive.ph/qUpf9
Khonumthung Burmese- https://archive.ph/Xt6JO
The Hakha Post- https://archive.ph/nUT1H
☑️သုံးသပ်ချက်
မူးယစ်ဆေးဝါးများ ဖမ်းဆီးခဲ့သည့် ဟွာလ်ငိုးရမ်းပြည်သူ့အဖွဲ့အစည်းရဲ့ ၂၉.၅.၂၀၂၅ ရက်နဲ့ထုတ်ပြန်ချက်မှာ TPEC Nursery School ကျောင်းအုပ် ဦးငွန်ဆွီးထန်နဲ့ဇနီးဖြစ်သူ ဒေါ်တွန်ကိန်လျှမ်းတို့ထံကနေ မူးယစ် ဆေးဝါးနဲ့ရောင်းချရငွေလို့ယူဆရတဲ့ငွေတွေ ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ခဲ့ပြီး CNO/CNDF ၏ ပညာရေး ဘုတ်အဖွဲ့ဝင်လို့ ရေးသားသုံးနှုန်းခဲ့တာကို မတွေ့ရှိရပါဘူး။
ဒါအပြင် ချင်းအမျိုးသားအဖွဲ့ချုပ်-CNO/CNDF ပညာရေးဌာနက မေ ၂၃ ရက်စွဲနဲ့ TPCE မူကြိုကျောင်းမှာ ကျောင်းအုပ် ဦးငွန်ဆွီးထန်တဦးတည်း ဖွင့်လှစ်ထားပြီး ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပညာရေးဌာနအနေနဲ့ သိရှိ အသိအမှတ်ပြုထားခြင်းမရှိတဲ့အပြင် ပညာရေးဘုတ်အဖွဲ့ဝင်မဟုတ်ဘဲလုပ်ကြံစွပ်စွဲရေးသားဖြန့်ဝေနေခြင်း သာဖြစ်တယ်လို့ ကြေငြာချက်ထုတ်ပြန်ထားတာကို တွေ့ရှိရပါတယ်။
မူလ CNO/CNDF ပညာရေးဘုတ်အဖွဲ့ဝင်လို့ ရေးသားဖြန့်ဝေခဲ့တဲ့ Rihlipui Post ကလဲ မေ ၂၉ မှာ ထပ်မံ ဖမ်းမိတဲ့ စိတ်ကြွဆေးနဲ့ငွေကြေးတွေအကြောင်း ပို့စ်တင်ရာမှာတော့ HPO/CDF-Hualngo)ရဲ့ ထုတ်ပြန် ချက်ကိုပဲ ရေးသားခဲ့ပြီး CNO/CNDF ပညာရေးဘုတ်အဖွဲ့ဝင်လို့ ရေးသားမှု မရှိခဲ့တာကို တွေ့ရပါတယ်။
ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့၊ တီအိုခေါမွေးရွာရှိ TPCE မူကြိုကျောင်းမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိခဲ့တာ မှန်ကန်ပေမဲ့ ဖလမ်းမြို့နယ်အတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO /CNDF)နဲ့ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-ဟွာလ်ငိုး( HPO/CDF-Hualngo)တို့အကြား မသင့်မမြတ်ဖြစ်နေ ချိန် ပြဿနာဖြစ်စေလိုတဲ့အတွက် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)ရဲ့ ပညာရေးဘုတ်အဖွဲ့ဝင်ထံက နေဖမ်းဆီးရမိတယ်လို့ လုပ်ကြံဝါဒဖြန့်တဲ့အနေနဲ့ ရေးသားဖြန့်ဝေခဲ့တယ်ဆိုတာကို တွေ့ရှိရပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork