KNU တပ်မဟာ ၂ ထုတ်ပြန်ချက်ကို အသုံးပြုပြီး စစ်ကောင်စီလော်ဘီမှ လူမျိုးရေးလှုပ်ဆော်ကာ သတင်းအမှားဖြန့်ချိ
Share:FacebookX

KNU တပ်မဟာ ၂ ထုတ်ပြန်ချက်ကို အသုံးပြုပြီး စစ်ကောင်စီလော်ဘီမှ လူမျိုးရေးလှုပ်ဆော်ကာ သတင်းအမှားဖြန့်ချိ

၂၀၂၅ မေလ ၃၀ ရက် ( ဖက်ဒရယ် FM၊ The Red Flag)
KNU တပ်မဟာ ၂ ထုတ်ပြန်ချက်ကို အသုံးပြုပြီး စစ်ကောင်စီလော်ဘီမှ လူမျိုးရေးလှုပ်ဆော်ကာ
သတင်းအမှားဖြန့်နေတာကို တွေ့ရှိရပါတယ်။
KNU တပ်မဟာ-၂ က ကယား PDF တွေကိုသံတောင်နယ်မြေမှ ချက်ချင်းထွက်သွားဖို မောင်းထုတ်ပြီး တစ်ပတ်အတွင်းမထွက်ပါက ရှင်းလင်းမယ်ဆိုတဲ့ သတင်းအမှားဟာ မနေ့ မေလ‌ ၂၈ ရက်နေ့က မှိုင်းဝေတယ်လီဂရမ်ချန်နယ်က စတင်ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူ နှစ်သောင်းနီးပါးရှိနေတာကို တွေ့ရှိရပါတယ်။
သတင်းအမှားအကြောင်းအရာ အပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
မူရင်းသတင်းအမှားလင့်ခ်
မှိုင်းဝေ – https://t.me/hminewai/73530
ရွှေနေကြာ – https://t.me/shwenaykyar/99485

အဆိုပါ ထုတ်ပြန်ချက် အကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Federal FM က အချက်အလက်စစ်ဆေးခဲ့ရာ တစ်စိတ်တစ်ပိုင်း သတင်းအမှားဖြစ်ကြောင်းနှင့် လူမျိုးရေးလုပ်ဆော်နေတဲ့ သတင်းဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

လွတ်လပ်တဲ့ ဒေသတွင်း မီဒီယာသတင်းဌာနဖြစ်တဲ့ Karenni People’s Voice သတင်းဌာနမှာတော့ “ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မြောက်ပိုင်း အထူးဒေသ နယ်မြေအတွင်း ကယန်းပြည်သစ်စခန်းအား တစ်ပတ်အတွင်း နောက်ဆုတ်ရုတ်သိမ်းပေးရန် သံတောင်မြောက်ပိုင်းအထူးဒေသ တပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။သံတောင်မြောက်ပိုင်းအထူးဒေသတွင် တော်လှန်ရေးအရှိန်မြှင်တင်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ထားပြီးနောက် စစ်ဆင်ရေးများအတွင်း တိုက်ရိုက် နှောက်ယှက်ခြင်းများ ရှိလာကြောင်း ဆိုထားသည်။ထို့အပြင် ကယန်းပြည်သစ်တပ်မတော်ကလည်း အထူးဒေသနယ်မြေအတွင်း နယ်မြေချဲ့စခန်းများ၊ ဂိတ်များ တိုးချဲ့တည်ဆောက်ခြင်း ရှိလာသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်း ပြုပြင်ပေးရန် အသိပေးထားသည်။” ဆိုပြီးတော့ သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
သတင်းအပြည့်အစုံ လင့် – https://www.facebook.com/share/p/1Kh3zURVFh/

နောက်ထပ်ဒေသတွင်းသတင်းဌာနဖြစ်တဲ့People’s Spring သတင်းဌာနမှာတော့ “ သံတောင်မြောက်ပိုင်း(အထူးဒေသ)ဦးကိုကြီး တာဝန်ယူထားသော နယ်မြေဧရိယာအတွင်းအထူးဒေသ နှင့် ဆက်စပ်လျှက်ရှိသည့် တော်လှန်ရေးတပ်ဖွဲ့ခံယူထားသောလက်နက်ကိုင်တပ်ဖွဲ့များသိရှိစေရန် အသိပေးစာအရ ငွေတောင်ရွာတွင် ကယန်းပြည်သစ်အဖွဲ့မှ လာရောက်တိုးချဲ့ထားသော ကယန်းပြည်သစ်စခန်းအားရုတ်သိမ်းနောက်ဆုတ်ဖျက်
သိမ်းရန်(တစ်ပတ်အတွင်း)ဟုဖော်ပြသည်။
တော်လှန်ရေးအရှိန်မြှင့်တင်ရန်KNU ဗဟိုမှ တရားဝင်ထုတ်ပြန်ပြီးဖြစ်သလို သံတောင်မြောက်ပိုင်းအ
ထူးဒေသ NTDFတပ်ဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများကိုတိုက်ရိုက်နှောက်ယှက်မှုများရှိလာခြင်း၊ကယန်းပြည်သစ်တပ်ဖွဲ့မှ အထူးဒေသနယ်မြေအတွင်း နယ်မြေချဲ့စခန်း၊ဂိတ်တိုးချဲ့ဆောက်လုပ်မှုများရှိလာ၍ သက် ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် မိမိတပ်ဖွဲ့ကို အချိန်မီထိန်းသိမ်းပြုပြင်ရန်လည်း ထုတ်ပြန်ချက်၌ ပါရှိသည်” ဆိုပြီးတော့ သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
သတင်းအပြည့်အစုံ လင့် – https://www.facebook.com/share/p/19F1mYe6ET/
နောက်ထပ် သတင်းဌာနဖြစ်တဲ့ ဧရာဝတီတိုင်းမ်သတင်းဌာနမှာတော့ “ အတည်ပြုလို့ရပါတယ်။ သက်ဆိုင်ရာဒေသဆိုင်ရာ အာဏာပိုင်တွေကပဲ မြေပြင်မှာပကတိ ဖြစ်နေ၊ ရှိနေတဲ့အခြေအနေတွေနဲ့ လိုက်လျောညီထွေစွာနဲ့ ကိုင်တွယ်‌ဖြေရှင်း သွားပါလိမ့်မယ်” ဟု သံတောင်မြောက်ပိုင်းအထူးတပ်ရင်း၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်” ဆိုပြီးတော့ သတင်းမှာ ဖော်ပြထားပါတယ်။

သတင်းအပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
သတင်းအပြည့်အစုံ လင့် – https://www.facebook.com/share/p/198JQNa6QW/

ဒီကိစ္စနဲ့ ပတ်သက်ပြီး KNU တပ်မဟာ၂ သံတောင်မြောက်ပိုင်း အထူးဒေသက တာဝန်ရှိသူတစ်ဦးကို ဖက်ဒရယ်FM က ဆက်သွယ်ကြည့်လိုက်တဲ့အခါမှာတော့” အဓိက က နန်းချိုချောင်းအောက်ဘက်ဖြစ်တဲ့ လိပ်သိုမြို့နယ် ငွေတောင်အုပ်စု ငွေတောင်ရွာမှာ ကယန်းပြည်သစ်စခန်း သတင်းကြိုတင်ပို့ခြင်းမရှိပဲ ကျူးကျော်ဆောက်လုပ်လာခြင်းအပေါ် သတိပေးထုတ်ပြန်ခြင်းသာဖြစ်ပါတယ်။
လက်ရှိကျူးကျော်ဆောက်လာတဲ့စခန်းကိုလည်း ရှင်းလင်းဖယ်ရှားလိုက်ပါပြီ။ ကျနော်တို့အနေနဲ့ကတော့ ကယန်းပြည်သစ်အဖွဲ့အစည်းတစ်ခုတည်းကိုသာရည်ရွယ်ထုတ်ပြန်ချက်သာဖြစ်ကြောင်းပြောကြားလိုပါတယ်။ လူထုကိုကတော့ လူမျိုးရေးသွေးခွဲမှုတွေကိုဂရုမပြုပဲ အာဏာရှင်မှန်သမျှပြုတ်ကျရေးကိုသာ တက်ကြွပါဝင်ပေးကြဖို့ပြောချင်ပါတယ်” ဆိုပြီးတော့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

သုံးသပ်ချက်
လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာဖော်ပြတာတွေက အထူးနယ်မြေဒေသမှာ ကယန်းပြည်သစ်တပ်ဖွဲ့မှ နယ်မြေချဲ့စခန်း၊ ဂိတ်တိုးချဲ့ ဆောက်လုပ်မှုများအပေါ် ထိန်းသိမ်းပြုပြင်ရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်းတွေ့ရှိရသည်။
KNU တပ်မဟာ ၂ ရဲ့ထုတ်ပြန်ချက်ပါ အကြောင်းအရာတွေကို ပုံကြီးချဲ့ကားပြီး လူမျိုးစုများ အခြင်းခြင်း ပိုမိုတင်မာလာသည့် အခြေအနေဖြစ်ပေါ်နေသယောင် မှိုင်းဝေ တယ်လီဂရမ်ချန်နယ်ကရေးသားထားတာဟာ သိသာထင်ရှားတဲ့ လူမျိုးရေး လှုပ်ဆော်မှုဖြစ်တယ်ဆိုတာကို သုံးသပ်တွေ့ရှိရပါတယ်။

စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က ဖော်ပြနေတဲ့ သတင်းတွေကို အလွယ်တကူမယုံကြဖို့နဲ့ စိတ်ချပြီးယုံကြည်ရတဲ့ သတင်းမီဒီယာတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းချင်ပါတယ်။
ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .