Akyab Post/MFCN
Fact Check
May 16, 2025
ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သေဆုံးသူများမှာ အေအေတပ်သားများသာ ဖြစ်တယ်၊ အေအေတပ်သားတယ်ရှိတယ်ဆိုပြီး သတင်းပေးတာကြောင့် လေကြောင်းတိုက်ခိုက်ရပါတယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ မေလ ၁၃ ရက်နေ့ကနေစလို့ ပျံ့နှံံ့လျက်ရှိပါတယ်။
Telegram မှာ ရခိိုင်ဒေသနဲ့ ပတ်သက်ပြီး သတင်းတုသတင်းမှားတွေကို ဖြန့်လေ့ရှိတဲ့ May Yu Htar Nay ချန်နယ်ကနေ မေလ ၁၃ ရက်နေ့မှာ “တပ်မတော်မှ အပစ်အခတ်ရပ်စဲထားခြင်းကို အခွင့်ကောင်းယူ၍ AA အကြမ်းဖက် သမားများစုဖွဲ့နေကြောင်း AA အကြမ်းဖက် သမားများကို မလိုလားသော ဒေသခံရခိုင်ပြည်သူများမှ သတင်း ပေးပို့လာသောကြောင့် ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာအနီး လေကြောင်းမှ ဗုံးကျဲ ရှင်းလင်း။ ရခိုင်ပြည်နယ်တွင် လွတ်မြောက်နယ်မြေဟူ၍မရှိပါ။ ရခိုင်ပြည်သူများအနေဖြင့် AA အကြမ်းဖက် သမားများ၏ အနီးအနားတွင်နေထိုင်ခြင်းမပြုကြပါရန် အသိပေးအပ်ပါသည်။” (မူရင်းအရေးအသားအတိုင်း) ဆိုပြီးတော့ လေကြောင်းတိုက်ခိုက်ရန် သတင်းပေးတဲ့ ဓာတ်ပုံနဲ့တကွ ဖြန့်ချိထားပါတယ်။
📌 May Yu Htar Nay ကနေ ဖြန့်ထားတဲ့ ပို့်စ်အပြည့်အစုံ – http://archive.ph/vdQ1g#selection-147.0-147.377
ဒီပို့စ်ကို Akyab Post Fact Check Team စစ်ဆေးထားတဲ့ မေလ ၁၆ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၅၆၀၀ ကျော်ထိရှိပြီးတော့ reaction ပြုလုပ်သူ ၁၇၂ ဦးနဲ့ အခြားစစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေဖြစ်တဲ့ Western 24 News တို့မှာလည်း ဆက်ပြီးတော့ ပျံံ့နှံ့လျက်ရှိပါတယ်။
📌Western 24 News ကနေ ဖြန့်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/sQwK3
ဒီပို့စ်ကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု အတွင်း ထိခိုက်သေဆုံးသူများမှာ အေအေတပ်သားများမဟုတ်ကြပဲ အရပ်သားပြည်သူများသာ ဖြစ်ပြီးတော့ ထိခိုက်သေဆုံးတဲ့သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေလည်း ပါဝင်နေတာကို တွေ့ရှိရပါတယ်။
◾️ သတင်းစိစစ်ချက်
စစ်ကောင်စီရဲ့ Telegram ချန်နယ်တွေမှာ ပျံံ့နှံ့လို့ရှိတဲ့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာမှာ ထိခိုက်သေဆုံးတဲ့သူတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာလို့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Development Media Group (DMG)မှာ မေလ ၁၃ ရက်နေ့ နံနက်ပိုင်း ၁၀နာရီကျော်မှာ စစ်ကောင်စီဖက်ကနေ လေကြောင်းနဲ့တိုက်ခိုက်လို့ အရပ်သားပြည်သူ တစ်ဆယ်ကျော် အစုအလိုက်အပြုံလိုက်သေဆုံးပြီး ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ရေးသားဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေနဲ့ သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်းပါဝင်ပြီးတော့ အမျိုးသမီးတွေပါ အပါအဝင်ဖြစ်တယ်လို့ DMG သတင်းဌာနကဖော်ပြပါတယ်။
🔗 DMG သတင်းဌာနရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8/owzwz.html?fbclid=IwY2xjawKT7JRleHRuA2FlbQIxMABicmlkETFjNnNhR25UMFEyNlZKSFJMAR7ikqSBSjOFUlMCNA7WHQI54J9cFKCsXEoDIWILTar9dPFT2tsUJK2_CzNI3Q_aem_2T34Hg8OcmmoC628p5IywA
ဒါ့အပြင် အခြားဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Border News Agency မှာလည်း မေလ ၁၃ ရက်နေ့ ရသေ့တောင်မြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးတဲ့ အမည်များကို ဖော်ပြထားပြီးတော့ ထိခိုက်သေဆုံးတဲ့သူတွေထဲမှာ အမျိုးသမီး ၈ဦးနဲ့ အသက်၂ နှစ်အရွယ် ကလေးတစ်ဦးလည်းပါဝင်တာကို တွေ့ရပါတယ်။
🔗 Border News Agency ၏ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/16J6z6sGEC/
ဒါ့အပြင် နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ BBC မှာလည်း ရသေ့တောင်မြို့နယ် ထွန်းရဝေလေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားပြည်သူ ၁၃ ဦး သေဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရရှိသူတွေ အများအပြားရှိတယ်လို့ ရေးသားဖော်ပြပါတယ်။
🔗 BBC ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/1Ee2L1cXQv/
အာရက္ခတပ်တော် အေအေဖက်ကနေလည်း ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်းမှာ အရပ်သားပြည်သူ ၁၃ ဦး သေဆုံးပြီးတော့ ထိခိုက်ဒဏ်ရာ ရရှိသူတွေရဲ့ နာမည်နဲ့ အပျက်အစီးစာရင်းတွေကို ထုတ်ပြန်ထားပါတယ်။
🔗 အေအေရဲဲ့ ထုတ်ပြန်ချက်အပြည့်အစုံ –
◾️ သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေအပါအဝင် အေအေထုတ်ပြန်ချက်တွေ အတည်ပြုချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့နေသလိုမျိုး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ရသေ့တောင်မြို့နယ် ထွန်းရဝေ ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သေဆုံးရတဲ့ သူတွေဟာ အေအေရဲ့ တပ်သားတွေမဟုတ်ပဲ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူတွေသာ ဖြစ်တာကို Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးတဲ့ အရပ်သားတွေကို အေအေတပ်သားတွေဆိုကာ လိုသလို ပုံဖော်ပြီး ရေးသားနေတဲ့ မှားယွင်းတင်ပြတဲ့ သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
https://www.facebook.com/theakyabpost/videos/579777185128004/
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #AkyabPost #FactCheck #Mis_Disinformation #AA