တရားသူကြီးတဦး CDM လုပ်ခဲ့လို့ လိင်ဖျော်ဖြေရေးအလုပ် လုပ်နေရတယ်ဆိုတဲ့ သတင်းမှား
Share:FacebookX

တရားသူကြီးတဦး CDM လုပ်ခဲ့လို့ လိင်ဖျော်ဖြေရေးအလုပ် လုပ်နေရတယ်ဆိုတဲ့ သတင်းမှား

တရားသူကြီးတဦး CDM လုပ်ခဲ့လို့ လိင်ဖျော်ဖြေရေးအလုပ် လုပ်နေရတယ်ဆိုတဲ့ သတင်းမှား

 

၂၀၂၅ ခုနှစ်၊ မေလ ၁၆   ရက်

(Fact Check) DNA/ The Red Flag

 

လက်ရှိ လူမှုကွန်ယက် စာမျက်နှာအသီးသီးမှာ CDM တရားသူကြီးအမျိုးသမီးတဦး လိင်ဖျော်ဖြေရေး လုပ် နေရတယ်ဆိုပြီး ဓါတ်ပုံ ၂ ပုံနဲ့ရေးသားဖြန့်ဝေခဲ့လို့ ပျံ့နှံ့နေတာကို တွေ့ရှိရပါတယ်။

 

မေလ ၈ ရက်မှာ KO CHIT(MDY) တယ်လီဂရန်ချန်နယ်ကနေ “ CDM တျားသူကြီး ဒေါ်နဒီဝင့်နိုင် ထိုင်းမှာ ချဲပေါက်တဲ့သူတွေ ခေါ်တီးနေကြဘီ” လို့ ရေးသားကာ စတင်ဖြန့်ဝေခဲ့တာကို တွေ့ရပြီး မေလ ၉ ရက်မှာ စွမ်းအားရှင် တယ်လီဂရန်ချန်နယ်ကနေ ထပ်မံဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

KO CHIT(MDY)- https://archive.ph/BN3AC 

စွမ်းအားရှင် – https://archive.ph/Nyijv  

 

ဒါ့အပြင် မေ ၁၃ ရက်မှာ ဘညွန့် တယ်လီဂရန်ချန်နယ်ကနေ “တောင်ငူခရိုင်တရားရုံးက ဒုဦးစီးလက်သုံး ချောင်းထောင် ယောင်ဝါးလုပ် CDM ဆိုတဲ့ နာမည်လမ်းကိုလျှောက်ခဲ့တဲ့ အမိုက်မ အခုတော့ KTV တွေမှာ ဟိုင်းမယ် အဖြစ်နဲ့ ဘဝကို ဖြတ်သန်းနေရတယ်လို သိရှိရပါတယ်” ဆိုပြီး ရေးသားဖြန့်ဝေခဲ့ပါတယ်။

ဘညွန့်- https://archive.ph/T9J42  

 

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှုသူ ၁၇,၄၂၃ ဦး၊ React ပေးသူ ၂၆၂ ကျော်၊ comment ၂၀,မျှဝေသူ ၆၂ ဦးရှိတာကို တွေ့ရပါတယ်။

 

အခြားလော်ဘီတွေဖြစ်တဲ့ Ye Yint Htet(#yyh), Snow Queen, Truth Media, ကိုလှရွှေ(သတင်းမှန်) တို့ ကနေ ထပ်ဆင့်မျှဝေရေးသားခဲ့တဲ့အပြင် လော်ဘီ tik tok အချို့မှာပါ  ရေးသားဖြန့်ဝေခဲ့လို့ ပျံ့နှံ့နေခဲ့တာ တွေ့ရှိရပါတယ်။

Ye Yint Htet(#yyh)- https://archive.ph/kXzGE 

Snow Queen- https://archive.ph/dbYgI 

ကိုလှရွှေ(သတင်းမှန်)- https://archive.ph/zf6L0 

Ounghtay Toktok- https://archive.ph/b7ce4  

 

အဲဒီပို့စ်နဲ့ဓါတ်ပုံ ၂ ပုံကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ်ဆေးကြည့်တဲ့အခါ တောင်ငူခရိုင်တရားရုံးက ဒုဦးစီးမှူး ဒေါ်နဒီဝင်းလဲ့ဟာ ၅.၃.၂၀၂၁ ရက်ကစလို့ CDM ပြုလုပ်ခဲ့သူတဦးဖြစ်ကာ လက်ရှိ ထိုင်း-မြန်မာနယ်စပ်မြို့မှာနေထိုင်ပြီး ၎င်းတို့လုပ်ကိုင်လျက်ရှိတဲ့ RTM gallery 3 studio အတွက် Photo Studio မော်ဒယ်အဖြစ် ကြော်ငြာရိုက်ကူးထားတဲ့ပုံထဲက ပုံတပုံနဲ့ CDM ပြုလုပ်ကြောင်း အသိပေးစဉ်က ဓါတ်ပုံတပုံတို့ကို ယှဉ်တွဲဖော်ပြကာ ပုံဖျက်လှည့်စားရေးသားထားတဲ့ သတင်းမှား ဖြစ်တာကို စိစစ်သိရှိရပါတယ်။ 

 

☑️ သတင်းစိစစ်ချက်

၅.၃.၂၀၂၁ ရက်မှာ “ကျွန်မဒေါ်နဒီဝင်းလဲ့သည် တောင်ငူခရိုင်တရားရုံးမှ ဒုတိယဦးစီးမှူးဖြစ်ပါသည်။ ကျွန်မ သည် ယနေ့(၅-၃-၂၀၂၁)ရက်နေ့မှစ၍ Civil Disobedience Movement(CDM)တွင် ပါဝင်သွားမည်ဖြစ် ပါသည်။ ကျွန်မယခုကဲ့သို့ပြုလုပ်ရခြင်းမှာ နိုင်ငံရေးပါတီစွဲဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲ စစ်အာဏာရှင်များ၏ ပြည်သူများအား ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်မှုများအပေါ် လွန်စွာစိတ်ထိခိုက်နာကျင်ရသဖြင့် မိမိတစ်ဦးတည်း၏သဘောဆန္ဒအရ ပြုလုပ်ခြင်းသာဖြစ်ပါသည်။ ကျွန်မသည်အလုပ်ထွက်ခြင်းလုံးဝမဟုတ် ပါ။ ပြည်သူ့ဆန္ဒဖြင့် တရားဝင်ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရ ပြန်တက်မှသာလျှင် အလုပ်ပြန်လုပ်မည်ဖြစ်ပါသည်။ ပြည်သူနှင့်အတူတရားမျှတသည့်ဘက်မှ ရပ်တည်သွားပါမည်”လို့ သူ့ရဲ့ ဓါတ်ပုံ ၁ ပုံနဲ့အတူ Facebook မှာ ရေးသားခဲ့တာကို တွေ့ရပါတယ်။

Nadi Winlei – https://archive.ph/SxtCc#selection-429.0-449.49 

 

၂၀၂၅ မေလ ၁၁ ရက်မှာ “ဒီပုံတွေကလေ ကျမတို့ Photo Studio လုပ်ငန်း အတွက်ကြော်ငြာရိုက်တာပါနော် trending နဲ့အညီ ပုံစံအစုံရိုက်လို့ရကြောင်း ကြော်ငြာတဲ့ပုံတွေပါ ဆေးလိပ်နဲ့ပုံမြင်တာနဲ့ ကြက်လို့ လိုက် ပြောရင် ဒီခေတ်ကြီးမှာ အမျိုးသမီးအားလုံးနီးပါးကို လိုက်ပြောနေရမှာပေါ့ နှမသားချင်းမစာမနာ မှိုချိုး မျှစ်ချိုး ပြောကြတဲ့သူတွေ ဘဝရဲ့အတုံ့အလှည့်မှာ အေးချမ်းကြပါစေ”လို့ ဓါတ်ပုံ ၄ ပုံနဲ့အတူ Nadi Winlei အကောင့်ကနေ ပို့စ်ရေးသားခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

Nadi Winlei- https://archive.ph/n8Fhs  

 

ဒီအပြင်  Nadi Winlei အကောင့်ကနေ ဧပြီလ ၂၉ ရက်မှာ “ God’s Favorite, smoking- who cares? #rtm gallery 3 လို့ရေးသားပြီး RTM လို့ အတိုကောက်ရေးသားတဲ့ Royal Traditional Musical Store နဲ့ RTM gallery 3 အတွက် ကြော်ငြာပုံရိုက်ကူးတင်ထားတာကို တွေ့ရပါတယ်။

Nadi Winlei facebook- https://archive.ph/tHgxw 

☑️သုံးသပ်ချက်  

KO CHIT(MDY) တယ်လီဂရန်ချန်နယ်က မေ ၈ ရက်မှာ CDM တရားသူကြီး ဒေါ်နဒီဝင့်နိုင် ထိုင်းမှာ လိင် ဖျော်ဖြေရေးလုပ်နေရတယ်လို့ ဓါတ်ပုံ ၂ ပုံနဲ့ ရေးသားခဲ့ပေမဲ့ အမည်အမှန်က ဒေါ်နဒီဝင်းလဲ့ ဖြစ်ပြီး အမည် မှားယွင်းရေးသားထားတာကို တွေ့ရပါတယ်။

 

ပထမအသုံးပြုဖြန့်ဝေခဲ့တဲ့ပုံဟာ ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်က ဒေါ်နဒီဝင်းလဲ့မှ Civil Disobedience Movement(CDM)မှာ ပါဝင်သွားမယ်လို့ Facebook အကောင့်မှ ရေးသားတင်ထားတဲ့ ဓါတ်ပုံကို အသုံးပြု ထားပြီးတော့ ဒုတိယပုံက ၎င်းတို့လုပ်ကိုင်လျက်ရှိတဲ့ RTM gallery 3 studio အတွက် Photo Studio မော်ဒယ်အဖြစ် ကြော်ငြာရိုက်ကူးထားတဲ့ပုံထဲက ပုံတပုံနဲ့ယှဉ်တွဲ ရေးသားထားတာဖြစ်ပါတယ်။

 

CDM တရားသူကြီး ဒေါ်နဒီဝင်းလဲ့ဟာ ထိုင်း-မြန်မာ နယ်စပ်မြို့တမြို့မှာ ခင်ပွန်းဖြစ်သူနဲ့အတူ နေထိုင်လျက် ရှိပြီး Royal Traditional Musical Store နဲ့ RTM Gallery 3 Studio လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိတာ ကို Nadi Winlei facebook, RTM Gallery 3, Royal Traditional Musical Store စတဲ့ အကောင့်တွေ ကနေ တွေ့ရှိသိရှိနိုင်ပြီး KTV မှာ ဟိုင်းမယ်အဖြစ်လုပ်ကိုင်လျက်ရှိတယ်ဆိုတာ ပုံဖျက်ဝါဒဖြန့်အပုတ်ချရေး သားထားတာ ဖြစ်တယ်ဆိုတာကို တွေ့ရှိနိုင်ပါတယ်။

Nadi Winlei facebook- https://www.facebook.com/nadi.winlei  

RTM Gallery 3 Studiohttps://www.facebook.com/profile.php?id=61572219544900 

Royal Traditional Musical Store –https://www.facebook.com/profile.php?id=61560200623581 

 

စစ်ကောင်စီဘက်က CDM ဆရာဝန်တွေ၊ CDM ဝန်ထမ်းအမျိုးသမီးတွေ CDM လုပ်ခဲ့လို့ လိင်ဖျော်ဖြေ ရေးလုပ်ငန်းတွေကို ထိုင်း၊ မလေးရှားစတဲ့ ပြည်ပနိုင်ငံတွေနဲ့ ပြည်တွင်း ရန်ကုန်၊ မန္တလေးနဲ့နယ်စပ်တွေမှာ လုပ်နေရတယ်ဆိုပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို စစ်ကောင်စီလော်ဘီတွေက မကြာခဏ ဇာတ်လမ်းဆင် ပုံဖျက်ဝါဒဖြန့်ချိလေ့ရှိကြတာကို တွေ့ရှိရပါတယ်။

မှိုင်းဝေ – https://archive.ph/kKZiV 

 

ညစ်ညမ်းရုပ်ရှင်ရိုက်ကူးထုတ်လုပ်ကာ ထောက်ပို့လုပ်နေတဲ့ CDM တဦးကို ထိုင်းမှာ ဖမ်းဆီးရမိတယ်ဆိုပြီး  စစ်ကောင်စီလော်ဘီတွေ ဝါဒဖြန့်ရေးသားဖြန့်ဝေခဲ့တာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်က သတင်း မှားဖြစ်တယ်လို့ စိစစ်ထားတာကို ဖတ်ရှုနိုင်ပါတယ်။

MFCN- https://archive.ph/sbBPM 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .