Myanmar Fact-checking Network (MFCN)
  • Home
  • Article
    • Dawei Watch
    • Delta News Agency
    • Federal FM
    • Kantharyawaddy Times
    • Myanmar Pressphoto Agency
    • People’s Spring
    • Shan Herald Agency for News
    • The Arakan Express News
    • Myitkyina News Journal
    • The Akyab Post
  • About Us
  • Members
  • Membership
  • Publication
    • The Red Flag
  • Investigation
    • The Red Flag
  • Earthquake – March 2025
  • Menu
Myanmar Fact-checking Network (MFCN)
  • Menu
Myanmar Fact-checking Network (MFCN)
  • Home
  • Article
    • Dawei Watch
    • Delta News Agency
    • Federal FM
    • Kantharyawaddy Times
    • Myanmar Pressphoto Agency
    • People’s Spring
    • Shan Herald Agency for News
    • The Arakan Express News
    • Myitkyina News Journal
    • The Akyab Post
  • About Us
  • Members
  • Membership
  • Publication
    • The Red Flag
  • Investigation
    • The Red Flag
  • Earthquake – March 2025
  • Menu
မော်ချီးဒေသရှိ နေရာ (၃) နေရာကို ကြဲချသွားခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့က (၂)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၃) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချိ
Share:FacebookX
  • Menu
ArticleFederal FM

မော်ချီးဒေသရှိ နေရာ (၃) နေရာကို ကြဲချသွားခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့က (၂)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၃) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချိ

May 14, 20252 min read
Written by fone

၂၀၂၅ မေလ ၁၄ ရက် ( ဖက်ဒရယ် FM၊ The Red Flag)

မော်ချီးဒေသရှိ နေရာ (၃) နေရာကို ကြဲချသွားခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့က (၂)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၃) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုပြီးတော့ စစ်ကောင်စီလော်ဘီချန်နယ်က သတင်းအမှားဖြန့်နေတာကို တွေ့ရှိရပါတယ်။

မော်ချီးဒေသရှိ နေရာ (၃) နေရာကို ကြဲချသွားခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့က (၂)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၃) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းအမှားဟာ ပြီးခဲ့တဲ့ မေလ‌ေ၁၃ ရက်နေ့က  ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူ တစ်ထောင်ကျော်ရှိနေတာကို တွေ့ရှိရပါတယ်။

သတင်းအမှားအကြောင်းအရာ အပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

မူရင်းသတင်းအမှားလင့်ခ် – https://t.me/shwenaykyar/98142

အဆိုပါ ထုတ်ပြန်ချက် အကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Federal FM က အချက်အလက်စစ်ဆေးခဲ့ရာ တစ်စိတ်တစ်ပိုင်း သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

လွတ်လပ်တဲ့ ဒေသတွင်း မီဒီယာသတင်းဌာနဖြစ်တဲ့ Karenni People’s Voice  သတင်းဌာနမှာတော့  မော်ချီးလေကြာင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC) ၊ အတွင်းရေးမှူး – ၂ ဦးဗညားက အတည်ပြု ပြောကြားထားတာကို သတင်းမှာ ဖော်ပြထားပါတယ်။

” အကြမ်းဖျင်းအားဖြင့် သိရတာကတော့ လူ (၂) ဦးထက် မနည်း သေဆုံးတယ်၊ (၃) ဦး ထိခိုက်တယ် ” ဟု ဦးဗညားကပြောသည်။ ယနေ့ (မေလ ၁၀ ရက်နေ့) နေလယ် (၁၂) နာရီ (၃၀)မိနစ် အချိန်တွင် မော်ချီးဒေသရှိ နေရာ (၃) နေရာကို ကြဲချ သွားခဲ့ကြောင်း ၎င်းကဆိုသည်” ဆိုပြီးတော့ သတင်းမှာ ဖော်ပြထားပါတယ်။

သတင်းအပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သတင်းအပြည့်အစုံ လင့် – https://www.facebook.com/share/p/14mqyeyVi6/

နောက်ထပ်ဒေသတွင်းသတင်းဌာနဖြစ်တဲ့ ကန္တာရဝတီတိုင်း ( မ် ) သတင်းဌာနမှာတော့ “ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးတယ်လို့ သိရှိရပါတယ်။ တခြားသေဆုံးထိခိုက်မှု အခြေအနေ နဲ့ လူဦးရေစာရင်းကိုတော့ ကန္တာရဝတီတိုင်း (မ်) အနေနဲ့ မေးမြန်းနေဆဲဖြစ်ပါတယ်။

” လေယာဉ်လာကြဲသွားတာ လာတာအသံက မကြားလိုက်ဘူး ကြဲတာ အသံ ကအကျယ်ကြီးပဲ ပြန်တက်မှ လေယာဉ်အသံကြားတော့ ကြဲတဲ့နေရာလှမ်းမြင်တယ်။ လေယာဉ်လာကြဲတော့ အသံက ကျယ်ကြီးဘဲ။ အဲ့တော့ လန့်တာပေါ့ ကြောက်လည်း ကြောက်တယ်” လို့ လေကြောင်းဗုံးကြဲမှုကို ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်” ဆိုပြီးတော့ သတင်းမှာ ဖော်ပြထားပါတယ်။

သတင်းအပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သတင်းအပြည့်အစုံ လင့် – https://www.facebook.com/share/p/1Ev5GHhkL6/

 

နောက်ထပ် သတင်းဌာနဖြစ်တဲ့ ဧရာဝတီတိုင်းမ်သတင်းဌာနမှာတော့ “ ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ယမန်နေ့ ဧပြီ ၁၀ ရက်၊ နေ့လယ် ပိုင်းအချိန်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) ထံမှ သိရသည်။စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မော်ချီးဒေသရှိ အရပ်သား နှစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည် “ ဆိုပြီးတော့  သတင်းမှာ ဖော်ပြထားပါတယ်။

သတင်းအပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သတင်းအပြည့်အစုံ လင့် –

 သုံးသပ်ချက်

 သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ကရင်နီပြည်ရှိ မော်ချီးဒေသကို စစ်ကောင်စီက ဗုံးကြဲချမှုဖြစ်စဉ်မှာ အမှန်ဖြစ်နေပါတယ်။ သို့သော် စစ်ကောင်စီ ဝါဒဖြန့်ထားသလိုမျိုး တော်လှန်ရေးတပ်ဖွဲ့က ထိခိုက်သေဆုံးတာမျိုး မဟုတ်ဘဲ အရပ်သားပြည်သူထိခိုက် သေဆုံးသွားတာ ဖြစ်ပါတယ်။  အဆိုပါဖြစ်စဉ်တွင် ထိခိုက်သေဆုံးသူတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ဆိုတဲ့အချက်အလက် အကြောင်းအရာက ကမှားယွင်းနေပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်၊ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွင်ကို သတင်းဖုံးကွယ်အောင်နဲ့ ဝါဒဖြန့်ချိနေတာကို တွေ့ရပါတယ်။

 စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က ဖော်ပြနေတဲ့ သတင်းတွေကို အလွယ်တကူမယုံကြဖို့နဲ့ စိတ်ချပြီးယုံကြည်ရတဲ့  သတင်းမီဒီယာတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းချင်ပါတယ်။

ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Tagged as#FactCheck #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists
Share:FacebookX
Further reading
ArticleDawei Watch

မင်းကွန်း မြသိန်းတန်စေတီ ပြိုကျနေတဲ့ပုံနဲ့ ဆက်စပ်တဲ့ သတင်းအမှားတွေကို စိစစ်ချက်

February 25, 2026
ArticleDawei Watch

ထိုင်းမှာ အမေရိကန်နိုင်ငံသားကို PDF တွေက ပြန်ပေးဆွဲ သတ်ဖြတ်တယ်ဆိုပြီး ပုံဖျက်သတင်းအမှားဖြန့်

February 20, 2026
ArticleThe Akyab Post

ကျောက်တော်နဲ့ မြောက်ဦးမှာရှိတဲ့ အေအေထောက်ပို့်စခန်းများကို လေကြောင်းကနေတိုက်ခိုက်ဆိုကာ သတင်းမှားဖြန့် 

February 17, 2026
ArticleFederal FM

ဘိန်းခင်း ၁ဧကကို သိန်း ၁၀၀ တောင်းနေပြီး‌တော့ ငွေမပေးနိုင်တဲ့ ဘိန်းခင်းတွေကို KNDFက ဖျက်ဆီး ဆိုတဲ့ သတင်းအမှား

February 16, 2026
ArticleThe Akyab Post

အေအေအဖွဲ့မှ အတင်းအဓမ္မလူသစ်စုဆောင်းတာကြောင့် ရခိုင်အမျိုးသားတွေ မိန်းမလျာအဖြစ် ဟန်ဆောင်လာကြဆိုပြီး သတင်းမှားဖြန့်

February 9, 2026
ArticleDawei Watch

ပလမြို့မှာ စစ်အာဏာရှင်တပ်က အိမ်တွေမီးရှို့ပြီး PDF လက်ချက်လို့ ပုံဖော်သတင်းအမှားဖြန့်

February 1, 2026

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .

Copyright 2026 · All rights reserved

Myanmar Fact-checking Network (MFCN)

Menu

  • Home
  • Article
    • Dawei Watch
    • Delta News Agency
    • Federal FM
    • Kantharyawaddy Times
    • Myanmar Pressphoto Agency
    • People’s Spring
    • Shan Herald Agency for News
    • The Arakan Express News
    • Myitkyina News Journal
    • The Akyab Post
  • About Us
  • Members
  • Membership
  • Publication
    • The Red Flag
  • Investigation
    • The Red Flag
  • Earthquake – March 2025