ဒီပဲယင်း အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲခဲ့တာမဟုတ်ဘဲ PDF တွေ လက်လုပ်ဗုံး လုပ်နေရင်း ပေါက်ကွဲခဲ့တာလို့ စစ်ကောင်စီ ဝါဒဖြန့်
Share:FacebookX

ဒီပဲယင်း အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲခဲ့တာမဟုတ်ဘဲ PDF တွေ လက်လုပ်ဗုံး လုပ်နေရင်း ပေါက်ကွဲခဲ့တာလို့ စစ်ကောင်စီ ဝါဒဖြန့်

ဒီပဲယင်း အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲခဲ့တာမဟုတ်ဘဲ PDF တွေ လက်လုပ်ဗုံး လုပ်နေရင်း ပေါက်ကွဲခဲ့တာလို့ စစ်ကောင်စီ ဝါဒဖြန့်

 

၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်။

(fact-check) MPA/ လဂွန်းအိမ်/ The Red Flag

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာက စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းမရှိဘဲ PDF တွေက စာသင်ကျောင်းမှာ လက်လုပ်ဗုံး လုပ်နေရင်း ပေါက်ကွဲခဲ့တာ ဖြစ်ကြောင်း စစ်ကောင်စီ လော်ဘီချန်နယ် တွေက ဖော်ပြနေကြပါတယ်။

 

စာသင်ကျောင်းထဲမှာ ဆန္ဒပြ ဓါတ်ပုံရိုက်ဖို့ ကလေးတွေ စုနေချိန်မှာ PDF တွေ ပြုလုပ်နေတဲ့ ဗုံးသီး ပေါက်ကွဲခဲ့ တာကြောင့် ကလေးတွေ သေဆုံးခဲ့ရတာလို့ ဖော်ပြထားတဲ့ စစ်တပ်လော်ဘီ ‘Ko Thet’ ရဲ့ မူရင်း ဖော်ပြချက်ကို ဒီမှာ (http://archive.today/oN3FZ) ကြည့်ပါ။

 

အခြားသော စစ်တပ်လော်ဘီ ချန်နယ်တခုဖြစ်တဲ့ ‘တိုက်ပွဲသတင်းစုံ’ ကလည်း (http://archive.today/tFsgL) လက်လုပ်ဗုံး လုပ်နေရင်း ထကွဲခဲ့တာ၊ ကလေးတွေကို ကျောင်းစိမ်းဝတ် သွေးတုဖြန်းပြီး အိပ်ခိုင်းထားတာလည်း ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ 

 

အခြားသော စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာလည်း အလားတူ ရေးသား ဖော်ပြထားတာ တွေ့ရပါ တယ်။

 

စစ်သတင်း – http://archive.today/zwHLz 

View of Sue –  http://archive.today/LSoDa 

 

တယ်လီဂရမ်ချန်နယ်မှာပျံ့နှံ့နေတဲ့ သတင်းအကြောင်းအရာကို Myanmar Fact Checking Network MFCN အဖွဲ့ဝင်ဖြစ်တဲ့ MPA နဲ့  လဂွန်းအိမ်တို့ ပူးပေါင်းပြီး အချက်လက် စစ်ဆေးနိုင်ခဲ့ပါတယ်။ 

 

စာသင်ကျောင်းမှာ လက်လုပ်ဗုံး လုပ်နေတယ်ဆိုတဲ့ ဗီဒီယိုဖိုင်ကလည်း စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်တွေဖြစ်တဲ့ People Media  နှင့် Snow Queen တို့က ၂၀၂၅ ဧပရယ် ၂၉ ရက်နေ့မှာ ဆောမြို့နယ်က စာသင်ကျောင်း ဆိုပြီး ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ 

 

Snow Queen – http://archive.today/Bofz2 

People Media – http://archive.today/TTcbg 

 

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက် 

 

တယ်လီဂရမ်ချန်နယ်မှာ ကလေးတွေကို ဆန္ဒပြဖို့ကျောင်းကိုခေါ်ထားတယ်ဆိုပြီးဖြန့်ဝေထားတဲ့ ဓာတ်ပုံကို  Googel Reverse Image Search နဲ့ ရှာဖွေကြည့်ရာ Khit Thit သတင်းမီဒီယာမှာဖော်ပြထားတဲ့ ဓာတ်ပုံနဲ့ ထပ်တူညီနေတာကိုတွေ့ရပါတယ်။ 

 

Khit Thit သတင်းမီဒီယာမှာ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အတွင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီက ဦး‌ဆောင်ပြီး မေ ၁၀ ရက် ညပိုင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း အဆိုပါ ဓာတ်ပုံကို အသုံးပြုပြီး ရေးသားဖော်ပြထားပါတယ်။

 

သတင်းမီဒီယာလင့်ခ် – https://www.facebook.com/share/p/14ErXE22rGC/

 

အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး Google မှာ “ အိုးထိမ်းကွင်းရွာ စာသင်ကျောင်းကို ဗုံးကြဲ” ဆိုတဲ့ စာသားနဲ့ရှာဖွေကြည့်ရာ “ BBC, MIZZIMA, DVB” စတဲ့ သတင်း မီဒီယာတွေမှာ ရေးသားဖော်ပြ ထားတာကို တွေ့ရပါတယ်။ 

 

BBC သတင်းမီဒီယာမှာ မေလ ၁၂ ရက်မှာ စစ်တပ်က ဒီပဲယင်းမြို့နယ်ထဲက အိုးထိမ်းကွင်းရွာ စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကျောင်းသားကျောင်းသူ ၁၁ ဦးအပါအဝင် ဆရာနဲ့ ကျောင်းသား ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ပါတယ် လို့ရေးသားဖော်ပြထားပါတယ်။ 

သတင်းလင့်ခ် 

BBC – https://www.bbc.com/burmese/live/cdxkvk5zp9wt 

 

MIZZIMA သတင်းမီဒီယာမှာလည်း အိုးထိမ်းကွင်းကျေးရွာ အလယ်တန်းစာသင်ကျောင်းအတွင်းမှာ ကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲဖြေနေချိန်  စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေနဲ့ဆရာမ တွေအများအပြား ထိခိုက်၊သေဆုံးတယ်လို့ သိရပါတယ်။ မျက်လုံးတွေပါကျွတ်ထွက်တာတွေရော၊ အခြေအနေ တော်တော်ဆိုးတယ် လို့ ရေးသားဖော်ပြထားပါတယ်။

သတင်းလင့်ခ် 

Mizzima – https://bur.mizzima.com/2025/05/12/55565 

 

DVB သတင်းမီဒီယာမှာ “ အိုးထိမ်းကွင်းရွာ စာသင်ကျောင်းက NUG လက်အောက်ခံစာသင်ကျောင်းဖြစ်ပြီး မြေပြင်မှာ တိုက်ပွဲမရှိဘဲ ကျောင်းသားကျောင်းသူများ စာသင်နေတဲ့ ကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးကြဲချ ခဲ့ခြင်းဖြစ်တယ်” လို့ရေးသားဖော်ပြထားပါတယ်။ 

သတင်းလင့်ခ် 

DVB – https://burmese.dvb.no/post/704826

 

သုံးသပ်ချက်

 

ယခု လေကြောင်းဗုံးကြဲ ခံရတဲ့ အိုးထိမ်းကွင်းရွာ စာသင်ကျောင်း မှာလက်နက် ထုတ်လုပ်ခြင်း မရှိဘဲ ကလေးငယ်များ စာသင်နေတဲ့ စာသင်ကျောင်း ဖြစ်တယ်ဆိုတာကို   လွတ်လပ်တဲ့ သတင်းမီဒီယာမှာ ဖော်ပြထားတဲ့ သတင်းဓာတ်ပုံတွေမှာ ထင်ရှားစွာတွေ့ရပါတယ်။  

 

စာသင်ကျောင်းမှာ  PDF များ လက်လုပ်ဗုံး ပြုလုပ်နေတယ်ဆိုတဲ့ ဗီဒီယိုဖိုင်တွေ စစ်ကောင်စီတပ် ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ ပျံ့နှံ့ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ‌မေ ၁ ရက်နေ့မှာ ဆောမြို့နယ် အညာကတင်းရွာက စာသင်‌ကျောင်းကို လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးအပါဝင်အမျိုးသမီး ၄ ဦးသေဆုံးခဲ့ပါတယ်။ 

 

Myanmar Now သတင်းလင့်ခ် – https://shorturl.at/6dAPA

Chindwin News Agency သတင်းလင့်ခ် – https://tinyurl.com/39zrarcf

 

ကလေးတွေကို ဆန္ဒပြဖို့ ကျောင်းကို ခေါ်ထားတယ်ဆိုပြီး ဖော်ပြထားတဲ့ ဓာတ်ပုံကလည်း လောင်းလုံမြို့နယ်က ဆန္ဒပြ ဓာတ်ပုံဖြစ်ပြီး အိုးထိမ်းကွင်းရွာက ဓာတ်ပုံ မဟုတ်ဘူးဆိုတာကို စိစစ်နိုင်ခဲ့ပါတယ်။ 

 

စစ်ကောင်စီတပ်က အိုးထိန်းကွင်းရွာ စာသင်ကျောင်းကို မေ၁၂ ရက် မနက်ပိုင်းမှာဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချ ခဲ့တာကြောင့် ဆရာ/မ ၂ ဦးနဲ့ ကျောင်းသူ ကျောင်းသား ၁၁ ဦး သေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ 

 

ဒါ့ကြောင့် စစ်ကောင်စီတပ် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ အိုးထိမ်းကွင်းရွာ စာသင်ကျောင်းကို ဗုံးကြဲခဲ့ခြင်း မရှိဘဲ PDF တွေ လက်လုပ်ဗုံး လုပ်နေရင်း ပေါက်ကွဲခဲ့တာ ဆိုတာ သတင်းအမှား အကြောင်းအရာ ဖြစ်ပါတယ်။ 

 

Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များ အနေနဲ့ အွန်လိုင်း လူမှုကွန်ယက်ပေါ်က သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူ မယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်း တဲ့ သတင်းမီဒီယာ ဌာနတွေက သတင်းတို့ကို ဝင်ရောက်ဖတ်ရှုဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။

 

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) နဲ့ MPA, Lagon Eain စတဲ့ အချက်အလက် စစ်ဆေးပေးတဲ့ အဖွဲ့တွေရဲ့ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာတွေမှာ ဝင်ရောက်ဖတ်ရှု နိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .