DNA/ MPA/ တွေးပြီးမှယုံ/ The Red Flag/ MFCN
လူမှုကွန်ယက်စာမျက်နှာ ပလက်ဖောင်းအသီးသီးမှာ အိန္ဒိယတိုက်လေယာဉ်တွေကို ပါကစ္စတန်က ပစ်ချ နေတယ်ဆိုတဲ့ ရုပ်သံဖိုင် အတိုပျံ့နှံ့နေတာကို တွေ့ရပါတယ်။
အဲဒီရုပ်သံဖိုင်ကို K Thu Ta အမည်ပေးထားတဲ့ Facebook အကောင့်ကနေ မေလ ၇ ရက်မှာ “ပါကစ္စတန် နိုင်ငံအတွင်း အိန္ဒိယစစ်လေယာဉ်များ ဝင်ရောက်တိုက်ခိုက် အိန္ဒိယတိုက်လေယာဉ်တစ်စင်းကို ပါကစ္စတန် ပစ်ချ” လို့ရေးသားကာ စတင်ဖြန့်ဝေခဲ့တာတွေ့ရပြီး Like and React 222, Comment 8, Share 212 နဲ့ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။
K Thu Ta – https://archive.ph/n7O03
မူရင်းရုပ်သံဖိုင်- https://www.facebook.com/share/v/1PK4jb3cw7/
အိန္ဒိယတိုက်လေယာဉ်တွေကို ပါကစ္စတန်က ပစ်ချခဲ့တယ်ဆိုပြီး ပါကစ္စတန်နဲ့အခြားနိုင်ငံများရဲ့ Youtube Channel တွေမှာပါ ပျံ့နှံ့နေတာ ကို တွေ့ရပါတယ်။
Maleque Ai Youtube- https://archive.ph/ge9IJ
မူရင်းရုပ်သံဖိုင် – https://www.youtube.com/watch?v=xgjUPOwq5Uo
Kyrzyn Editz Youtube- https://archive.ph/KtZuZ
မူရင်းရုပ်သံဖိုင်- https://youtu.be/jM-ywg4LIdc?si=NC7JXkobZHbqX2yk
အဲဒီရုပ်သံဖိုင်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency ၊ Myanmar Pressphoto Agency နဲ့ တွေးပြီးမှယုံ တို့က ပူးပေါင်းစစ်ဆေးကြည့်တဲ့အခါ အိန္ဒိယတိုက်လေယာဉ် တွေကို ပါကစ္စတန်ကပစ်ခတ်ခဲ့တဲ့ ရုပ်သံဖိုင်မဟုတ်ဘဲ ဗွီဒီယိုဂိမ်းရုပ်သံဖိုင်တခုသာဖြစ်လို့ သတင်းမှားဆို တာကို စိစစ်သိရှိရပါတယ်။
☑️ သတင်းစိစစ်ချက်
InVID Video Verification Tools အသုံးပြု၍ ရုပ်သံဖိုင်ကို ရှာဖွေကြည့်တဲ့အခါမှာ အိန္ဒိယတိုက် လေယာဉ်တွေကို ပါကစ္စတန်က ပစ်ချခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်ရဲ့မူရင်းဟာ Coffin Gaming အမည်နဲ့ Facebook ပေ့ချ်ကနေ ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၉ ရက်မှာ “S-401 Air Defense Targeted FPV Drone! Ep 115” အမည်နဲ့ Gaming Video ကို reels short video Files အဖြစ်တင်ထားတာ တွေ့ရပါတယ်။
Coffin Gaming FB- https://archive.ph/BWEVN
မူရင်းLink – https://www.facebook.com/share/v/1C7RBRPNZq/
ဒါအပြင် ၂၀၂၅ မေ ၃ ရက်က Daily Kandahar FB ကနေ အူရဒူဘာသာစကားနဲ့ “ دهندستان جکړه دپاکستان سره “ လို့ရေးသားပြီး အဲဒီဂိမ်းရုပ်သံဖိုင်ကို ဖြန့်ဝေခဲ့တာကိုလည်း တွေ့ရပါတယ်။
Daily Kandahar FB- https://archive.ph/5jL3N
မူရင်းရုပ်သံဖိုင် – https://www.facebook.com/share/r/14DbryjRjXR/
☑️သုံးသပ်ချက်
“ပါကစ္စတန်က အိန္ဒိယရဲ့ ရာဖဲလ် တိုက်လေယာဥ် ၃ စင်း၊ SU- 30 ၁ စင်း၊ MiG-29 ၁ စင်းနဲ့ ဟာရွန် ဒရုန်း ၁ စင်းတို့ကိုတိုက်ခိုက်နိုင်ခဲ့တယ်”လို့ ပါကစ္စတန် စစ်တပ်ပြောခွင့်ရကပြောကြောင်း Irrawaddy နဲ့ BBC တို့က ရေးသားထားတာကို တွေ့ရပါတယ်။
Irrawaddy- https://archive.ph/gTrHV
BBC- https://archive.ph/aADNh
ဒါကြောင့် မေလ ၆ ရက်မှာ အိန္ဒိယက ပါကစ္စတန်ရှိ ပစ်မှတ် ၉ နေရာကို တိုက်ခိုက်ခဲ့ပြီး ပါကစ္စတန်က ပြန်လည်တိုက်ခိုက်ရာမှာ တိုက်လေယာဉ်တွေကို ပစ်ချနိုင်ခဲ့တယ်ဆိုတာ မှန်ကန်နေပါတယ်။
သို့သော် ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ဟာ ပါကစ္စတန်က အိန္ဒိယတိုက်လေယာဉ်တွေကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်မဟုတ်ဘဲ ဗွီဒီယိုဂိမ်းရုပ်သံဖိုင် တခုကို အချိန်ကိုက်သတင်းမှားအနေနဲ့ ဖြန့်ဝေခဲ့တာပဲ ဖြစ်ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork