By Wadi/ Myanmar Pressphoto Agency- The RedFlag
စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံရမှုသည် NUG စေခိုင်းခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှားဖြန့်ဝေလျက်ရှိသည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မေလ ၆ ရက် နံနက် ၁၀ နာရီ ၅၈ မိနစ်တွင် မြင်းမူမြို့နယ်တွင် ရွှေကုန် သည်တစ်ဦး၏ ရွှေထည်များကို PDF များက ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဓားပြတိုက်မှုကို NUG က သတင်းပေးပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရရှိလာသည့် ရွှေထည်များကနေ ၇၀ ရာခိုင်နှုန်းကို တော်လှန်ရေး ရန်ပုံငွေအတွက်ဆိုပြီး NUG ထံသွင်းခိုင်းကြောင်း၊ သို့သော် PDF များက ၅၀ ရာခိုင်နှုန်းပဲ ပေးကြောင်း၊ ထို့ကြောင့် NUG က ဓားပြတိုက်လာသည့် PDF များကို ပြန်ဖမ်းခိုင်းခြင်းဖြစ်ကြောင်း ရေး သားဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို မေလ ၇ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၃၃,၀၀၀ ကျော်၊ Reaction ပေးသူ ၅၆၀ ကျော်ရှိသည်။
သတင်းအမှားလင့်ခ် >>> https://archive.ph/tNXIu
အဆိုပါအကြောင်းအရာကို “နောင်ရိုးဟစ်တိုင်၊ Min Din, Ka Ka Han” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
သတင်းအမှားလင့်ခ်များ >>>
နောင်ရိုးဟစ်တိုင် – https://archive.ph/Gm8IN
Min Din – https://archive.ph/EyMiF
Ka Ka Han – https://archive.ph/8mKKN
တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သက်သေပြစိစစ်ချက်
ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ မြင်းမူမြို့ ရွှေထည်ပစ္စည်းများ ဓားပြတိုက် ခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “Mizzima, DVB,BBC, People’s Spring” အပါအဝင် အခြားမီဒီယာများက သတင်းရေးသားထားသည်။
Mizzima, DVB, BBC မီဒီယာတို့၌ မေလ ၂ ရက်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်တွင် ငွေကျပ် ၂၆,၀၀၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံခဲ့ရကြောင်း၊ ဓားပြတိုက်သူများကို မုံရွာခရိုင် ပကဖ တပ်ရင်း များ၊ မြင်းမူ ပကဖ၊ ငါန်းဇွန် ပကဖ တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ကြောင်း၊ ရွှေထည်ပစ္စည်းများကို စာရင်းဇယား နှင့်တကွ ပိုင်ရှင်ဖြစ်သည့် ရွှေဧကရာဇ်ရွှေဆိုင်ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့ပြီး ဓားပြတိုက်သူများကို မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) ထံ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
Mizzima – https://bitly.cx/ZYeA9
DVB – https://bitly.cx/KyyfO
BBC – https://bitly.cx/Y1Nig
People’s Spring တွင် မေလ ၁ ရက်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ရွှေဆိုင်တစ်ဆိုင်က သိန်း ၂၆,၀၀၀ ကျော် တန်ဖိုးရှိ ရတနာပစ္စည်းများနှင့် ငွေသား သိန်း ၇၀၀ ခန့်အား ဓားပြတိုက်သွားသည့် လူကိုးဦးအား PDF တပ်ရင်းများနှင့် ပကဖ များက သုံးနာရီအတွင်း ရအောင် ပိတ်ဆို့ ဖမ်းဆီးပြီး ရွှေထည်များကို ပိုင်ရှင် ဆီ ပြန်လည်အပ်နှံခဲ့ကြောင်း၊ ဓားပြတိုက်သည့်အဖွဲ့မှာ မြင်းမူမြု့ CRF အဖွဲ့က ခွဲထွက်လာပြီး ရိန်းဂျား အ မည်ဖြင့် ဖွဲ့စည်းထားသော ဒေသကာကွယ်ရေးအမည်ခံထားသည့် အဖွဲ့ဟု သတင်းရရှိထားကြောင်း သတင်း ဓာတ်ပုံများနှင့်တကွ ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://bitly.cx/PNsP
အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသ ဗျူဟာ အမှတ်(၆၄) ၏ Blue Mark ရထားသော ဖေ့ဘွတ်ခ်တွင် အဆိုပါ ဓားပြတိုက်မှုဖြစ်စဉ်ကို ဖော်ပြထားပြီး ဖမ်းဆီးရ မိသော ဓားပြအဖွဲ့ဝင်များနှင့် တိုက်ရာပါ ပစ္စည်းများ ကို ရုပ်သံမှတ်တမ်းနှင့်တကွ သတင်းထုတ်ပြန်ထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/h2jYp
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မြင်းမူမြို့တွင် ကျပ်သိန်း နှစ်သောင်းကျော်ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအား ဓားပြတိုက်သွားသူများကို ဒေသခံ ပကဖ များက ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း၊ ရွှေထည်ပစ္စည်းများကိုလည်း ပိုင်ရှင်ဖြစ်သူထံ ပြန်လည်အပ်နှံခဲ့ကြောင်း၊ ဓားပြတိုက်သူများကိုလည်း မြင်းမူ ပလဖထံ လွှဲပြောင်းထား ကြောင်း ရေးသားထားသည်။
အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသ ဗျူတာ အမှတ်(၆၄)က ထုတ်ပြန်ထားမှုကို ကြည့်လျှင် NUG က ဓားပြတိုက်မှုအား စေခိုင်းဟုဆိုသော အကြောင်းအရာသည် လွှဲ မှားနေကြောင်း တွေ့ရသည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော “မြင်းမူမြို့ ရွှေထည် ပစ္စည်းများ ဓားပြတိုက်မှုမှာ NUG စေခိုင်းမှုဖြစ်သည်” ဟု ဆိုသော အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
အထက်ပါ သတင်းအချက်အလက် စစ်ဆေးမှုများသည် မေ ၇ ရက် မွန်းလွဲပိုင်းအထိ စစ်ဆေးတွေ့ရှိထား သော သက်သေပြအချက်အလက်များ ဖြစ်သည်။
ယနေ့ခေတ် ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိသည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork