၂၀၂၅ ဧပြီလ ၃၀ ရက် ( သျှမ်းသံတော်ဆင့်၊ ဖက်ဒရယ် FM၊ The Red Flag)
ရှမ်း-ကရင်နီ (ကယားပြည်) နယ်စပ်ဒေသ မိုးဗြဲမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူသေဆုံးတာမဟုတ်ဘဲ တော်လှန်ရေးတပ်ဖွဲ့သေဆုံးတယ်ဆိုပြီးတော့ ရွှေဖီမြေသတင်းဌာနက ရေးသားတင်ထားတဲ့ သတင်းတွေကို စခရင်ရှော့ယူပြီး စစ်ကောင်စီလော်ဘီချန်နယ်က သတင်းအမှားဖြန့်နေတာကို တွေ့ရှိရပါတယ်။
မိုးဗြဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင် ဆိုတဲ့ သတင်းအမှားဟာ ပြီးခဲ့တဲ့ ဧပြီလ ( ၂၈ ) ရက်နေ့က ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူ တစ်ထောင်နှစ်ရာကျော်ရှိနေတာကို တွေ့ရှိရပါတယ်။
သတင်းအမှားအကြောင်းအရာ အပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
မူရင်းသတင်းအမှားလင့်ခ် – https://t.me/shwenaykyar/96928
အဲ့ဒီ ထုတ်ပြန်ချက် အကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Federal FMနဲ့ သျှမ်းသံတော်ဆင့်တို့ရဲ့ အချက်အလက်စစ်ဆေးသူတွေက ပူးပေါင်း စစ်ဆေးကြည်တဲ့အခါ တစ်စိတ်တစ်ပိုင်း သတင်းအမှားဖြစ်နေကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
လွတ်လပ်တဲ့ ဒေသတွင်း မီဒီယာသတင်းဌာနဖြစ်တဲ့ Karenni People’s Voice သတင်းဌာနမှာတော့ “ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် အသက် (၃၆)နှစ်အရွယ် အမျိုးသား (၁)ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောကြားတဲ့ အကြောင်း၊ ဧပြီလ (၂၇)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်အချိန်တွင် မိုးဗြဲအခြေစိုက် စစ်ကောင်စီ ခမရ (၄၂၂)တပ်ကနေ မိုးဗြဲမြို့အနီးသို့ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဝါရီကောခူကျေးရွာနေ ဦးလိ သေဆုံးခဲ့ကြောင်း ဒေသခံ တစ်ဦးကပြောတဲ့ အကြောင်း၊ စစ်ကောင်စီက ဧပြီလ (၂၇)ရက်နေ့တွင် မိုးဗြဲအနီးကို လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများက တူညီစွာ ပြောဆိုတဲ့ အကြောင်း”စတာတွေကို သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
သတင်းအပြည့်အစုံ လင့် – https://www.facebook.com/share/p/1LgvkUbxru/
နောက်ထပ်ဒေသတွင်းသတင်းဌာနဖြစ်တဲ့ ကန္တရဝတီတိုင်း(မ်) သတင်းဌာနမှာတော့ “
ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့က ကျေးရွာတစ်ရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တဲ့ အကြောင်း၊ သေဆုံးခဲ့သူမှာ အသက် ၄၀ ဝန်းကျင် အရွယ် အမျိုးသားဖြစ်ပြီး စစ်ကောင်စီရဲ့ မိုးဗြဲ အခြေစိုက် ခမရ ၄၂၂ တပ်ကနေ ပစ်ခတ်ခဲ့တဲ့အကြောင်း၊ လတ်တလောမှာလည်း မိုးဗြဲမြို့အတွင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားရှိရာအရပ်ကို စစ်ကောင်စီ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တဲ့ အကြောင်း” တွေကိုသတင်းမှာ ဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
သတင်းအပြည့်အစုံ လင့် – https://www.facebook.com/share/p/1CHnaHE4CL/
နောက်ထပ် သတင်းဌာနဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနမှာတော့ လက်ရှိမိုးဗြဲမြိုဲ့ရဲ့ အခြေအနေကို သတင်းမှာ ဖော်ပြထားပါတယ်။
“ ရှမ်းတောင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် စစ်တပ်နဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတို့အကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။မနေ့ ဧပြီ ၂၇ ရက်ကစပြီး မိုးဗြဲအခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၄၂၂ တပ်ကနေ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်းဟာ မိုးဗြဲမြို့ကို ထိုးစစ် ဆင်လာပြီး ဒီနေ့ ဧပြီ ၂၈ ရက်အထိ တိုက်ပွဲ ပြင်းထန်နေတယ်” လို့ မိုးဗြဲရဲ့ လက်ရှိအခြေအနေကို သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
သတင်းအပြည့်အစုံ လင့် – https://www.facebook.com/share/p/16RwU4EaNY/
မိုးဗြဲတိုက်ပွဲ ကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ် (၁) ဗျူဟာရဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံတစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်လိုက်တဲ့ အခါမှာတော့ “ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့မှာ စစ်ကောင်စီအင်အား အလုံးအရင်းထိုးလာတော့ စစ်ကောင်စီ အများကြီး ထိခိုက်ထားတယ်လို့ သိရတယ်။ အတိအကျ မသိတဲ့အပြင် နယ်မြေရှင်းလင်းရေးလည်း လုပ်လို့မရဘူး။ စစ်ကောင်စီဘက်က ခန့်မှန်းအရတော့ ထိခိုက်သေဆုံးသူ ၁၅ ဦးနဲ့ အထက်မှာရှိမယ်” ဆိုပြီးတော့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
သုံးသပ်ချက်
သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မိုးဗြဲမြို့မှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ဒေသခံအမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဖုံးကွယ်ဖို့အတွက်၊ သတင်းမီဒီယာဌာနက တင်ပြထားတဲ့သတင်းတွေကို သတင်းအမှားဖြစ်ကြောင်း ရေးသားထားသည့်အကြောင်းက ပြည်သူတွေ သတင်းမီဒီယာအပေါ် ထင်ယောင်ထင်မှားဖြစ်အောင် အချက်အလက်အကြောင်းအရာမှားများနဲ့ တန်ပြန်ဝါဒဖြန့်ချိနေတာကိုတွေ့ရပါတယ်။
စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က ဖော်ပြနေတဲ့ သတင်းတွေကို အလွယ်တကူမယုံကြဖို့နဲ့ စိတ်ချပြီးယုံကြည်ရတဲ့ သတင်းမီဒီယာတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းချင်ပါတယ်။
ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork