လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာ အချက်အလက် အမှား များဖြင့် NUG ကျန်းမာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး အား  ပုဂ္ဂိုလ်ရေး တိုက်ခိုက် 
Share:FacebookX

လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာ အချက်အလက် အမှား များဖြင့် NUG ကျန်းမာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး အား  ပုဂ္ဂိုလ်ရေး တိုက်ခိုက် 

 

ဧပြီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ 

 

Lagon Eain, The Red Flag, MFCN

 

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ အကြမ်းဖက်မှုကျူးလွန်၍ မောင်းထုတ်ခံရခြင်းကြောင့် မြန်မာနိုင်ငံကို ပြန်ရောက်လာကြောင်း လုပ်ကြံဖန်တီးထားတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကို စစ်တပ် ထောက်ခံသူတွေက လူမှုကွန်ယက် စာမျက်နှာတွေမှာ ဖော်ပြနေကြတာကို တွေ့ရပါတယ်။

 

စစ်တပ်လော်ဘီ တဦးဖြစ်တဲ့ “မှိုင်းဝေ” ရဲ့ ချန်နယ်မှာ မူရင်းရေးသားချက် “တတိယနိုင်ငံမှာ နေထိုင်ပြီး မြန်မာပြည် အတွင်းမှာ အကြမ်းဖက်မှုတွေ လုပ်ဆောင်ရန် ညွှန်ကြားနေတဲ့ အကြမ်းဖက် လူသတ်သမား ဇော်ဝေစိုးကို ၎င်းနေထိုင်ရာ နိုင်ငံမှ မောင်းထုတ်လိုက်သည့်အတွက် ထိုင်း – မြန်မာ နယ်စပ်တွင် ကုတ်ချောင်းချောင်းနဲ့ ပြန်ရောက်လာသည်” လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

 

“မှိုင်းဝေ” တယ်လီဂရမ် ချန်နယ်ကနေ ဖော်ပြထားတဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက် နေ့လည် ၃ နာရီအထိ ကြည့်ရှုသူ 36,000 ကျော် နဲ့ Reaction 600 နီးပါးရှိတဲ့ မူရင်းပိုစ့်ကို (http://archive.today/58O63) ဒီမှာကြည့်ပါ။

 

အဆိုပါ အကြောင်းအရာကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ လဂွန်းအိမ် စာစဉ် Fact-check Team က စီစစ်ကြည့်ရာ လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာ ဖြစ်ကြောင်း တွေ့ရှိရ ပါတယ်။

 

#စီစစ်တွေ့ရှိချက်

 

မူရင်းပိုစ့်မှာ ဖော်ပြထားတဲ့ ဓါတ်ပုံကို reverse Image search tools ဖြင့် ရှာဖွေကြည့်ရာ PVTV က ဧပြီလ ၂၅ ရက်၊ နေ့လည် ၁၁ နာရီ ၂၅ မိနစ်မှာ ဖော်ပြထားတဲ့ “ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်ဖို့အတွက် ပြန်ရောက်လာပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောကြား” ဆိုတဲ့သတင်းက ဓါတ်ပုံကို ယူသုံးထားတာ တွေ့ရပါတယ်။

 

(Public Voice TV – https://www.facebook.com/share/p/1AJmsW6C5x/)

 

လက်တလောမှာ စိုးမိုးနယ်မြေ အတွင်းက PDF တွေနဲ့ သွားရောက်တွေ့ဆုံတာ၊ ဒါဏ်ရာရ ရဲဘော်တွေ ကို ကြည့်ရှုစောင့်ရှောက် ပေးတာတွေ လုပ်ဆောင်နေပြီး အရိုး၊ ဦးနှောက် နဲ့ အာရုံကြော ခွဲစိတ်မှုပညာ၊ အခြေခံနဲ့ အထူးကု ဆေးပညာတွေကိုပါ စတင်သင်ကြား ပေးနေပြီဖြစ်ကြောင်း ဒေါက်တာ ဇော်ဝေစိုး က Public Voice TV မှတဆင့် အသိပေး ပြောကြားထားပါတယ်။

 

အဆိုပါ အကြောင်းအရာကို The Irrawaddy သတင်းဌာန နဲ့ People’s Spring သတင်းဌာန မှာလည်း ဖော်ပြထားကြတာကို အောက်ပါလင့်များမှတဆင့် ကြည့်ရှုနိုင်ပါတယ်။

 

The Irrawaddy – https://www.facebook.com/share/p/1KFGyK4ftg/ 

People’s Spring – https://www.facebook.com/share/p/19B6hjncdE/ 

 

ပြည်ပရောက်နေတဲ့ NUG ဝန်ကြီးတွေ မြန်မာနိုင်ငံအတွင်း ပြန်လာကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ တိုက်တွန်း ပြောကြားခဲ့ပြီးနောက် ဒေါက်တာ ဇော်ဝေစိုး ဟာ ပြည်တွင်းကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။

 

ဒေါက်တာ ဇော်ဝေစိုး ဟာ အကြမ်းဖက်မှုတွေကို လုပ်ဆောင်ရန် ညွန်ကြားခဲ့တာကြောင့် ၎င်းနေထိုင်ရာ နိုင်ငံကနေ မောင်းထုတ်ခဲ့တယ် ဆိုတဲ့ အချက်ကိုတော့ လွတ်လပ်ပြီး သတင်းမီဒီယာ ကျင့်ဝတ်အတိုင်း လုပ်ဆောင်နေတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာကို မတွေ့ရပါဘူး။

 

#သုံးသပ်ချက်

 

NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ဟာ မြန်မာနိုင်ငံ အတွင်းက လွတ်မြောက်နယ်မြေကို ပြန်လာပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးတာ၊ ကာကွယ်ရေး ရဲဘော်များ၊ ကျန်းမာရေး ဝန်ထမ်းများ နဲ့ တွေ့ဆုံတာ တွေကို လုပ်ဆောင်နေကြောင်း ဧပြီလ ၂၅ ရက်နေ့မှာ PVTV ကနေ အသိပေးခဲ့ပါတယ်။

 

လွတ်လပ်ပြီး သတင်းမီဒီယာ ကျင့်ဝတ်အတိုင်း လုပ်ဆောင်နေတဲ့ မီဒီတွေရဲ့ ဖော်ပြချက်အရ “မိုင်းဝေ” ချန်နယ်က ဖော်ပြထားတဲ့ အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် မောင်းထုတ်ခံခဲ့ရတယ် ဆိုတာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဖို့ လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာ အမှားသာဖြစ်ကြောင်း တွေ့ရပါတယ်။

 

Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များ အနေနဲ့ အွန်လိုင်း လူမှုကွန်ယက်ပေါ်က သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူ မယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်း တဲ့ သတင်းမီဒီယာ ဌာနတွေက သတင်းတို့ကို ဝင်ရောက်ဖတ်ရှုဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။

 

ထို့အပြင် နောက်ပိုင်းမှာ မီဒီယာ အယောင်ဆောင်လာကြတဲ့ ဝါဒဖြန့်ချိ သူများကိုလည်း သတိထားကြဖို့ ထပ်မံ တိုက်တွန်းလိုပါတယ်။

 

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) နဲ့ Lagon Eain မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာတွေမှာ ဝင်ရောက်ဖတ်ရှု နိုင်ပါတယ်။

 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .