ဖိလစ်ပိုင်က ဗီဒီယိုဖိုင်အဟောင်းကို ပြုပြင်၍ ဗန်းမော်မြို့ တိုက်ပွဲအခြေအနေဟု သတင်းအမှားများ ပျံ့နှံ့နေ
Share:FacebookX

ဖိလစ်ပိုင်က ဗီဒီယိုဖိုင်အဟောင်းကို ပြုပြင်၍ ဗန်းမော်မြို့ တိုက်ပွဲအခြေအနေဟု သတင်းအမှားများ ပျံ့နှံ့နေ

Myitkyina News Journal +Myanmar Pressphoto Agency-The Red Flag ( MFCN)

ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၇ ခုနှစ်တိုက်ပွဲ ဖြစ်ပွားခဲ့သည့်ဗီဒီယိုဖိုင် အဟောင်းကိုအသုံးပြုပြီး ဗန်းမော်မြို့တိုက် ပွဲ အခြေနေဆိုသည့် သတင်းအမှားများ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။

David Kap Thang ဆိုသည့် ဖေ့ဘွတ်ခ်အကောင့်က ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းတွင် နေအိမ်ပေါ် လက်နက်ကျပြီး ပေါက်ကွဲနေသည့် တစ်မိနစ်နီးပါးကြာမြင့်သော ဗီဒီယိုဖိုင်ကိုအသုံးပြုကာ “ဗန်းမော်မြို့တိုက်ပွဲအခြေနေ” ဟု ရေးသားဖြန့်ဝေထားသည်။

အဆိုပါရေးသားဖြန့်ဝေချက်ကို ဧပြီ ၂၈ ရက် ညနေပိုင်းထိ like and react ပေးသူ ၂,၉၀၀ ကျော်၊ မှတ်ချက် ရေးသူ ၁၁၀ကျော်ရှိပြီး အခြားဆိုရှယ်မီဒီယာများက မျှဝေထားသည့်အတွက် ပျံ့နှံ့မှုနှုန်းများနေသည်။

သတင်းအမှားလင့်ခ် – https://archive.ph/MYd42

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာများ နှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MNJ နှင့် MPA တို့ ပူးပေါင်း၍ အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်

ဆိုရှယ်မီဒီယာတွင်ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်ကို InVID Verification Tools ကို အသုံးပြုပြီး ရရှိလာသည့် Keyframe ကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ Philippine Armed Forces Unofficial II ဖေ့ဘွတ်ခ်နှင့် တစ်တော့ခ်အကောင့်အချို့တွင် ဖော်ပြထားသော ဗီဒီယိုဖိုင် နှင့်ထပ်တူညီနေသည်

အဆိုပါ ဖေ့ဘွတ်ခ်နှင့် တစ်တော့ခ်အကောင့်အချို့တွင် Battle Of Marawi 2017 ဟုရေးသားဖော်ပြထားသည် ။

မူရင်းရုပ်သံလင့်ခ်များ https://shorturl.at/YjpYe
https://shorturl.at/w2JDY

ထပ်မံအတည်ပြုနိုင်ရန် Google တွင် ဗန်းမော်တိုက်ပွဲ ဆိုသည့်စာသားဖြင့်ရှာဖွေကြည့်ရာ Myanmar Now ,Mizzima , People’s Spring သတင်းမီဒီယာများက သတင်းရေးသား‌ဖော်ပြထားသည်။

သတင်းမီဒီယာများတွင် “ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဧပြီ ၂၅ မှစတင်ကာ တကြော့ပြန်ပြင်းထန်လာကြောင်း၊ ဗန်း မော်မြို့၌ ကျန်ရှိနေသည့် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ (၂၁) အနီး၌ တိုက်ပွဲများ ပြင်းထန် နေခြင်းဖြစ်ကြောင်း၊ ဗန်းမော်မြို့ ၄ လကြာ တိုက်ပွဲများအတွင်း KIA က စစ်ကောင်စီတပ်ရင်းအချို့၊ လေယာဉ် ကွင်း၊ မြို့ပေါ်ရပ်ကွက်အချို့ကို ထိန်းချုပ်ထားနိုင်ပြီး တိုက်ပွဲများ အရှိန်လျော့ကျနေသည်မှာ သီတင်းနှစ်ပတ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း၊ ဗန်းမော်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်(စကခ-၂၁) ကာကင်းစခန်းများကို ဧပြီ ၂၆ရက် နံနက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် မဟာမိတ် ပူးပေါင်းတပ်များက ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း” ရေးသားဖော်ပြထားကြသည်။

သတင်းမီဒီယာလင့်ခ်များ

Myanmar Now – https://shorturl.at/yQosX

Mizzima – https://shorturl.at/h5mND

People’s Spring – https://shorturl.at/NWJSW

သုံးသပ်ချက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဧပြီ ၂၅ ရက်မနက်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် KIA တပ်တို့ကြား တကျော့ပြန် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းအချို့ကို KIA တပ်က သိမ်းပိုက်ရရှိထားသည် ။

ဆိုရှယ်မီဒီယာတွင်ပျံ့နှံ့နေသည့် ရုပ်သံဖိုင်မှာ ၂၀၁၇ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ ‌မော်ရဝီမြို့တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲ ရုပ်သံဖိုင်ဖြစ်သည်၊

အဆိုပါ ရုပ်သံဖိုင်ကို ကချင်ဘာသာစကားနှင့် ပြောဆိုထားသည့် နောက်ခံအသံ(ပစ်ကြ…ကျဉ်ပေါက်ကွဲကုန်ပြီ…. အားလုံးသတိထား…နေရာယူကြ… ငါတို့အဖွဲ့တွေအားလုံးကောင်းကောင်းနေကြ)ဟု ထည့်သွင်းပြင်ဆင်၍ သတင်းအမှားဖြန့်ဝေနေခြင်းဖြစ် သည်။

ဗန်းမော်မြို့တွင် အာဏာသိမ်းစစ်ကာင်စီ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ် သည်။ တိုက်ပွဲများကြောင့် ဒေသခံပြည်သူတွေများ နေရပ်စွန့်ခွာပြီးထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

ဒါ့ကြောင့် ဆိုရှယ်မီဒီယာများတွင် ဖြန့်ဝေထားသော ဗန်းမော်မြို့တိုက်ပွဲပြင်းထန်နေသည်ဟုဖော်ပြထားသော ဗီဒီယိုဖိုင်သည် ဗန်းမော်မြို့မှ မဟုတ်ဘဲ ဖိလစ်ပိုင်နိုင်ငံ မော်ရဝိမြို့က ရုပ်သံဖိုင်အား ပြုပြင်၍ သတင်းအမှား ဖြန့် ဝေထားခြင်းဖြစ်သည်။

အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများစွာ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .