တိုက်ပွဲရှောင် ဖယ်ခုံမြို့ ပြည်သူတွေ မြို့ထဲပြန်လည်ဝင်ရောက်လာတာကြောင့် ဖယ်ခုံမြို့မစျေး ပြန်လည်ဖွင့်လှစ်သွားမည် ဆိုတဲ့ သတင်းအမှား
Share:FacebookX

တိုက်ပွဲရှောင် ဖယ်ခုံမြို့ ပြည်သူတွေ မြို့ထဲပြန်လည်ဝင်ရောက်လာတာကြောင့် ဖယ်ခုံမြို့မစျေး ပြန်လည်ဖွင့်လှစ်သွားမည် ဆိုတဲ့ သတင်းအမှား

၂၀၂၅ ဧပြီလ ၂၄ ရက် ( ဖက်ဒရယ် FM၊ The Red Flag)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ တိုက်ပွဲရှောင် မြို့နေပြည်သူအများအပြား ပြန်လည်ဝင်ရောက်လာပြီဖြစ်တာကြောင့် ဒီရက်ပိုင်းမှာ ဖယ်ခုံမြို့မစျေး ပြန်လည်ဖွင့်လှစ်သွားမည် ဆိုပြီးတော့ စစ်ကောင်စီလော်ဘီချန်နယ်က သတင်းအမှားဖြန့်နေတာကို တွေ့ရှိရပါတယ်။

 

တိုက်ပွဲရှောင် ဖယ်ခုံမြို့ ပြည်သူတွေ  မြို့ထဲပြန်လည်ဝင်ရောက်လာတာကြောင့် ဖယ်ခုံမြို့မစျေး ပြန်လည်ဖွင့်လှစ်သွားမည် ဆိုတဲ့ သတင်းအမှားဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က  ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူ တစ်သောင်းသုံးထောင်ကျော်ရှိနေတာကို တွေ့ရှိရပါတယ်။

 

သတင်းအမှားအကြောင်းအရာ အပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

မူရင်းသတင်းအမှားလင့်ခ် – https://t.me/shwenaykyar/96497

 

 

အဆိုပါ ထုတ်ပြန်ချက် အကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Federal FM က အချက်အလက်စစ်ဆေးခဲ့ရာ တစ်စိတ်တစ်ပိုင်း သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

 

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

 

လွတ်လပ်တဲ့ ဒေသတွင်း မီဒီယာသတင်းဌာနဖြစ်တဲ့ သတင်းဌာနမှာတော့  လက်ရှိ ဖယ်ခုံမြို့နယ်က အခြေအနေကို သတင်းမှာ ဖော်ပြထားပါတယ်။

“ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲ မြို့ကို ဧပြီလ (၁၉)ရက်နေ့တွင် အင်အား (၁၀၀)ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့တဲ့ အကြောင်း၊

စစ်ကောင်စီ စစ်ကြောင်းနှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့အကြား (၂)နာရီကျော်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ​ရှမ်းတောင် ဗျူဟာ (၁)ဒရုန်းအဖွဲ့နှင့် ဖယ်ခုံ PDF တပ်ရင်း(၁) အမှတ် (၁၀၀၂)တပ်ရင်းတို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီ တပ်သား (၁၅)ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း” စတာတွေကို သတင်းမှာ ဖော်ပြထားပါတယ်။

 

သတင်းအပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သတင်းအပြည့်အစုံ လင့် – https://www.facebook.com/share/v/169kbLt9St/

 

နောက်ထပ်သတင်းဌာနဖြစ်တဲ့ သျှမ်းသံတော်ဆင့် သတင်းဌာနမှာတော့ “သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် စစ်‌ဘေးရှောင် ကလေး ၃ ဦး အပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“မနေ့က ဖယ်ခုံမြို့က စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်လို့ ကလေး ၃ ယောက် ထိတာတော့ သိရတယ်။ လွိုင်ကော်အနီးတစ်ဝိုက်မှာလည်း လက်နက်ကြီးတွေ ပစ်ပြီး သေနတ်သံတွေ ကြားနေရတယ်။ ဖယ်ခုံနဲ့ မိုးဗြဲဘက်မှာ‌တော့ ငြိမ်နေတာ ၃ ရက်လောက်တော့ ရှိပြီ”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်” ဆိုပြီးတော့ သတင်းမှာ ဖော်ပြထားပါတယ်။

သတင်းအပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သတင်းအပြည့်အစုံ လင့် – https://www.facebook.com/share/p/16MT2aFsNm/

 

နောက်ထပ် သတင်းဌာနဖြစ်တဲ့ မဲခေါင်သတင်းဌာနမှာတော့ “ “အမှန်တော့ ဒီကောင်တွေက ရမ်းသန်းပစ်တာ မဟုတ်ဘူးဗျ၊ ပြည်သူတွေရှိမှန်းသိတာကို ယုတ်မာပြီး ပစ်နေတာပါ။ ပြည်သူများအနေနဲ့ သတိဝိရိယနဲ့ နေထိုင်သွားလာကြရန် သတိပေးတိုက်တွန်းအပ်ပါတယ်” ဟု ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ်(၁)ဗျူဟာ သတင်းပြန်ကြားရေးတာဝန်ရှိသူက မဲခေါင်ကို ပြောသည် “ ဆိုပြီးတော့  ဖယ်ခုံအကြောင်းကို သတင်းမှာ ဖော်ပြထားပါတယ်၊

 

အဆိုပါတဲ့ ကိစ္စနဲ့  ပတ်သက်ပြီး ဖယ်ခုံစစ်ဘေးရှောင်အမျိုးသားတစ်ဦးကို ဖက်ဒရယ် FM က ဆက်သွယ်မေးမြန်းကြည့်လိုက်တဲ့ အခါမှာတော့ “ ဖယ်ခုံမာရှိတဲ့ သူတွေက စစ်တပ်ထောက်ခံတဲ့ သူတွေဖြစ်တယ်။ တချိုကြတော့ စစ်တပ်ကို ယုံကြည်လို ပြန်နေကြတဲ့ သူတချို့ရှိတယ်။ ရပ်ကွက်တိုင်း ပြန်နေကြတာ မရှိပါဘူး။ အခု သူတို့က စျေးကို ပြန်ဖွင့်မယ်ဆိုရင်တောင် လူတွေက ဆယ်ပုံမှာ တစ်ပုံလောက်ပဲ ရှိနေတယ်။ ကျန်တဲ့ ကိုးပုံလောက်က အကုန်စစ်ရှောင်နေဆဲဖြစ်တယ်။ စျေးဖွင့်တာဖြစ်ဖြစ်၊ ရွေးကောက်ပွဲ လုပ်တာတွေဖြစ်ဖြစ် ဖယ်ခုံက မဖြစ်နိုင်သေးဘူးလို့ ကျွန်တော် ထင်တယ်” ဆိုပြီးတော့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

 သုံးသပ်ချက်

 

သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဖယ်ခုံမြို့နယ်မာ ဒေသခံပြည်သူအချို့ ရှိနေတာမှန်နေပြီး အဆိုပါ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီထောက်ခံသူတွေ အများစုဖြစ်ကြောင်း သေခံပြောကြာချက်အရသိရပါတယ်။

 

ဒါ့အပြင် လက်ရှိအချိန်မှာ တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်၊ ပြည်သူတွေ မြို့ထဲပြန်ဝင်အောင်၊ တိုက်ပွဲအတွင်း ပြည်သူတွေကို လူသားဒိုင်းကာအဖြစ် အသုံးပြုချင်တာကြောင့် သတင်းအချက်အလက်အမှန်တချို့ကို အသုံးချပြီး ပြည်သူတွေကို ဝေဝါးအောင်ဝါဒဖြန်ချိနေပါတယ်။

 စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က ဖော်ပြနေတဲ့ သတင်းတွေကို အလွယ်တကူမယုံကြဖို့နဲ့ စိတ်ချပြီးယုံကြည်ရတဲ့  သတင်းမီဒီယာတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းချင်ပါတယ်။

ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .