ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို KNU နှင့် PDF များက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရ ဆိုသည့် သတင်းအမှား
Share:FacebookX

ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို KNU နှင့် PDF များက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရ ဆိုသည့် သတင်းအမှား

By Wadi/ Myanmar Pressphoto Agency- The Red Flag

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို KNU နှင့် PDF များက လက်နက်ကြီးများဖြင့် ပစ် ခတ်သောကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရဆိုသော အကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီ ဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“MT News-Myanmar Transparency” တယ်လီဂရမ်ချန်နယ်က ဧပြီ ၂၂ ရက် နေ့လည် ၃ နာရီ ၂၅ မိနစ် တွင် “ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲရှိ ကျေးရွာများကို KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ ရှော့တိုက်ဒုံး နှင့် Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ တိုက်ခိုက်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး သံဃာတော် ၁၀ ပါး နှင့် ကလေးငယ် သုံးဦး အပါအဝင် လူ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေးသားဖြန့်ဝေထားသည်။

အဆိုပါ အကြောင်းအရာကို ဧပြီ ၂၃ ရက် ညနေပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၂,၀၀၀ ကျော်၊ Reaction ပေးသူ ၃၀ ကျော် ရှိနေသည်။

သတင်းအမှားလင့်ခ် >>> https://archive.ph/adQQM

အဆိုပါအကြောင်းအရာကို “Snow Queen, Ye Yint Htet(#yyh)” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများခဲ့သည်။

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Snow Queen – https://archive.ph/RZRQO
Ye Yint Htet(#yyh) – https://archive.ph/dsydo

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော် ထုတ်နိုင်ခဲ့သည်။

သက်သေပြစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့်ပတ်သက်၍ Google တွင် “ကော့ကရိတ်မြို့နယ်၊ ကျေးရွာများ လေကြောင်းတိုက်ခိုက်ခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “Myanmar Now, BBC, DVB” အပါအဝင် အခြားမီဒီယာများက သတင်းရေးထားသည်။

သတင်းမီဒီယာများတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့နယ်ကြားတွင် KNU ပူးပေါင်း တပ်များနှင့် စစ်ကောင်စီကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ စစ်ကောင်စီဘက်က လေကြာင်းတိုက်ခိုက် မှုများကို ဆက်တိုက်လုပ်ဆောင်လာကြောင်း၊ ဧပြီ ၁၅ ရက်က စတင်ကာ ရွာအချို့ကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဧပြီ ၁၅ ရက်တွင် ကျုံဒိုးမြို့ ကမ်းနီစံပြကျေးရွာက ခြောက်ဦး၊ ဧပြီ ၁၆ ရက်တွင် နွားခြံကုန်းရွာက ခုနစ်ဦး၊ ကော့ကရိတ်မြို့နယ် မြောက်ကမ္မရိုက်ရွာက ကိုယ်ဝန်ဆောင် တစ်ဦး၊ ဧပြီ ၁၈ ရက် တွင် ကော့ကရိတ်မြို့နယ် သလွဲထောရွဦက တစ်ဦး သေဆုံးခဲ့ကြောင်း၊ ကော့ကရိတ်မြို့နယ်ထဲရှိ ဒေသခံ များမှာလည်း တိမ်းရှောင်ဖို့ကြိုးစားသော်လည်း တိုက်ပွဲထဲပိတ်မိနေ၍ ထွက်ခွင့်မရသေးကြောင်း ရေးသား ထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>
Myanmar Now – https://bitly.cx/S37t
BBC – https://bitly.cx/outy1
DVB – https://bitly.cx/13f5n

မွန်ပြည်လွတ်မြောက်ရေးတပ်တော်-MLA ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်လည်း လေကြောင်း တိုက်ခိုက်မှုများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ထားသည်။ ဧပြီ ၁၅ ရက်က ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး မြို့၊ ကမ်းနီကျေးရွာတွင် အရပ်သား ခြောက်ဦး သေဆုံးပြီး ကိုရင် ရှစ်ပါး၊ ဦးဇင်း နှစ်ပါးနှင့် အရပ်သား ခုနှစ် ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း၊ ဧပြီ ၁၆ ရက်က ကော့ကရိတ်မြို့ မြောက်ကမ္မရိုက်ရွာတွင် ကိုယ်ဝန်ဆောင် တစ်ဦး သေဆုံးပြီး ကလေးများအပါအဝင် အရပ်သား လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧပြီ ၁၈ ရက်က ကော့ကရိတ်မြို့နယ် သလွှဲထောကျေးရွာတွင် အရပ်သား တစ်ဦး သေဆုံးခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်း လည်း ပျက်စီးခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်များ အပြည့်အစုံကြည့်ရန် >>>
ဧပြီ ၁၅ ရက် – https://bitly.cx/YBhg
ဧပြီ ၁၆ ရက် – https://bitly.cx/AR4TG
ဧပြီ ၁၈ ရက် – https://bitly.cx/ynnf

သုံးသပ်ချက်

သတင်းမီဒီယာများတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများကို (သင်္ကြန်အကြတ်နေ့) ဧပြီ ၁၅ ရက် က စ၍ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အပါအဝင် အရပ် သား ရှစ်ဦး သေဆုံးခဲ့ပြီး သံဃာနှင့်ကလေးငယ်များအပါအဝင် အရပ်သား ၁၀ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း ရေးထားသည်။

တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

KNU နှင့် ပူးပေါင်းတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားခြင်း မတွေ့ရပါ။

ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို KNU နှင့် PDF များက လက်နက်ကြီးများ၊ ဒရော့ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .