“ကမ်းနီကျေးရွာ ဘုန်းကြီးကျောင်းကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့လို့ အရပ်သား‌တွေ ထိခိုက်သေဆုံး ခဲ့တယ်” ဆိုတဲ့ သတင်းမှား
Share:FacebookX

“ကမ်းနီကျေးရွာ ဘုန်းကြီးကျောင်းကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့လို့ အရပ်သား‌တွေ ထိခိုက်သေဆုံး ခဲ့တယ်” ဆိုတဲ့ သတင်းမှား

 

ဧပြီလ ၁၈ ရက်၊ ၂၀၂၅။

 

(Fact check) MPA, Lagon Eain, The Red Flag, ဟုတ်တယ် Vs မဟုတ်ဘူး

 

“သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက်နေ့ က ကရင် ပြည်နယ် ကျုံဒိုးမြို့၊ ကမ်းနီဘုန်းကြီးကျောင်း ကို အကြမ်းဖက်မှ ရှော့တိုက်ဒုံးများဖြင့် ပစ်အရပ်သား ၆ ဦး ထက်မနည်း သေဆုံးခဲ့ တယ်။ သံဃာ ၄ ပါး အပါအဝင် ၂၀ ‌ကျော် ဒဏ်ရာရခဲ့တယ်” ဆိုပြီး ဖော်ပြနေတာကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

 

အဆိုပါ အကြောင်းအရာကို သူရိန် အမည်ရှိဖေ့ဘွတ်ခ်အကောင့် မှာ ဖော်ပြထားတာဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့ထိ Reaction 243, Comment 31 နဲ့ Share 141 ခုထိ ရှိနေတာကို တွေ့ရပါတယ်။

မူရင်းပိုစ့် – https://shorturl.at/0aGCB

SS link –  https://shorturl.at/Xt0Je 

 

အဆိုပါ ဖော်ပြချက်တွေကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ MPA နဲ့ လဂွန်းအိမ် Fact-check Team က စိစစ်ကြည့်တဲ့ အခါမှာတော့ သတင်းအမှား ဖြစ်ကြောင်း တွေ့ရပါတယ်။

 

အဆိုပါဖေ့ဘွတ်အကောင့်က အသုံးပြုထားတဲ့ ဓာတ်ပုံကို Google  Reverse Image Search နဲ့ရှာဖွေကြည့်ရာ DVB သတင်းမီဒီယာမှာအသုံးပြုထားတဲ့ ဓာတ်ပုံနဲ့ ထပ်တူညီနေတာတွေ့ရပါတယ်၊ 

 

DVB သတင်းမီဒီယာမှာ မွန်-ကရင်နယ်စပ် ကမ်းနီကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်ဗုံးကြဲ၊ သင်္ကြန်တွင်း ဥပုသ်သီလယူရန် ရောက်နေသူများ သေဆုံးဒဏ်ရာရလို့ ရေးသားဖော်ပြထားပါတယ်။ 

 

မူရင်းသတင်းလင့်ခ် – https://www.dvb.no/post/701027

 

ပျံ့နှံ့နေတဲ့ သတင်းအကြောင်းအရာကို ထပ်မံအတည်ပြုနိုင်ဖို့ Google မှာ “ကမ်းနီကျေးရွာ, သင်္ကြန် အကြတ်နေ့” ဆိုတဲ့ စာသားနဲ့ ရှာဖွေကြည့်ရာ RFA, လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) နဲ့ KIC  စတဲ့ သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြ ထားတာကို တွေ့ရပါတယ်။ 

 

သတင်းမီဒီယာတွေမှာ “ သင်္ကြန်အကြတ်နေ့ မှာကမ်းနီရွာကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချမှုကြောင့် အရပ်သား ၆ ဦးသေဆုံးခဲ့ပြီးသံဃာ ၄ ပါးနှင့် ၃၀ ကျော် 

ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ တိုက်ပွဲမရှိဘဲ ဗုံးကြဲခဲ့ခြင်းကြောင့် ဥပုသ်‌စောင့်နေသူများထိမှန်ခဲ့ကြောင်’၊ သေဆုံးသူများထဲတွင်အသက် ၂နှစ်အရွယ်ကလေးလည်းပါဝင်ကြောင်း” ရေးသား‌ဖော်ပြထားကြသည်။ 

 

သတင်းမီဒီယာလင့်ခ်များ

 

RFA – https://shorturl.at/xj0Wc

IMNA – https://shorturl.at/LK1cv 

KIC – https://shorturl.at/Ims0K 

 

ဧပြီလ ၁၅ ရက်နေ့က ကမ်းနီကျေးရွာ ဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကမ်းနီးကျေးရွာ ဒေသခံတဦးကို လဂွန်းအိမ် စာစဉ်က ဆက်သွယ်မေးမြန်းခဲ့ရာ-

 

“သင်္ကြန်ရက်ဆိုတော့ ရွာသားတွေ ဘုန်းကြီးကျောင်းသွားတယ်၊ သီလယူတယ်၊ အဲဒီအချိန် လေယာဉ်နဲ့ ဗုံးကြဲသွားတာ၊ ရွာထဲ ဘယ်လက်နက်ကိုင်အဖွဲ့မှ မရှိနေဘူး၊ တိုက်ပွဲမဖြစ်နေဘူး” လို့ ကမ်းနီ ဒေသခံက ပြောပါတယ်။

 

လဂွန်းအိမ်ရဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို https://shorturl.at/00CH5 ဒီမှာ ကြည့်ပါ။

 

#သုံးသပ်ချက်

 

ကော့ကရိတ်မြို့နယ် ကမ်းနီစံပြကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး သံဃာများနဲ့ အခြား ပြည်သူများ ထိမှန်ဒဏ်ရာရခဲ့ပါတယ်။ 

 

ဒါကြောင့် ကမ်းနီကျေးရွာ ဘုန်းကြီးကျောင်းကို တော်လှန်ရေး တပ်တွေက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် ခဲ့တာကြောင့် အရပ်သားများ ထိခိုက်သေဆုံး ခဲ့တယ်ဆိုတာ စစ်တပ် ဝါဒဖြန့် သတင်းအမှား တခုသာ ဖြစ်ပါတယ်။ 

 

မိဘပြည်သူများ အနေနဲ့လည်း အွန်လိုင်းပေါ်မှာ တွေ့နေရတဲ့ သတင်းတွေကို အလွယ်တကူ မယုံသင့်ပဲ သတင်းအမှန် ဟုတ်/မဟုတ်ကို တိုက်ဆိုင်စစ်ဆေးပြီးမှ ယုံကြည်ကြဖို့ အကြံပြုလိုပါတယ်။

 

စာဖတ်သူတွေ အနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယ ရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ MPA နဲ့ လဂွန်းအိမ်စာစဉ် Fact-check Team တွေ အပါအဝင် Fact Checking ပြုလုပ်ပေးနေတဲ့ သတင်းဌာန / အဖွဲ့အစည်းတွေကို သွားရောက် မေးမြန်းကြဖို့ တိုက်တွန်း လိုပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#Mis_Disinformation #RedFlag #MFCN #MPA #LagonEain #FactCheck

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .