PNO ကောက်ခံတဲ့ ထမင်းထုပ်ထဲကို အင်းသားတွေက အဆိပ်ပါထည့်ပို့ပေးနေ ဆိုတဲ့ လူမျိုးရေးအမုန်းတရား ဝါဒဖြန့်ချိမှု
Share:FacebookX

PNO ကောက်ခံတဲ့ ထမင်းထုပ်ထဲကို အင်းသားတွေက အဆိပ်ပါထည့်ပို့ပေးနေ ဆိုတဲ့ လူမျိုးရေးအမုန်းတရား ဝါဒဖြန့်ချိမှု

PNO ကောက်ခံတဲ့ ထမင်းထုပ်ထဲကို အင်းသားတွေက အဆိပ်ပါထည့်ပို့ပေးနေ ဆိုတဲ့ လူမျိုးရေးအမုန်းတရား ဝါဒဖြန့်ချိမှု
 
၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်
ခမ်းသားငေါဝ်း /MFCN/The Red Flag
Fact Check – အချက်လက်စစ်ဆေးခြင်း
စစ်ကောင်စီ (စဲ့မန်း) လက်အောက်ခံ PNO ပြည်သူ့စစ်က တပ်ဆွဲထားတဲ့ ညောင်ရွှမြို့နယ် အင်းလေးဒေသမှာ ဒေသခံတွေကို ရွာအလှည့်ကျ တစ်အိမ် ၁၃ ထုပ်နူန်းဖြင့် ထမင်းထုပ်တွေ ပို့ခိုင်းနေတာတွေ ရှိနေပါတယ်။
အဲတာနဲ့ပတ်သက်ပြီး PNO ပြည်သူ့စစ်မှ ဝါဒဖြန့်ဝေထားတာကတော့ “၂၀၂၃ ခုနှစ်တုန်းက အင်းသားတွေ စစ်ဘေးကင်းစေဖို့ စစ်ကောင်စီလက်အောက်ခံ PNO ပြည့်သူ့စစ်က တပ်စွဲပေးထားတယ်။ ၂၀၂၄ ရေဘေးတွေ ပအိုဝ်းပြည်သူတွေက တက်နိုင်သမျှ ကူညီပေးတယ်။ ၂၀၂၅ မှာလဲ ထပ်ကူညီပေးတယ်။ ဒါပေမဲ့ တပ်ဆွဲပေးထားတဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ကို အင်းသားလူမျိုးတွေက အဆိပ်ပါတဲ့ ထမင်းထုပ်တွေကို ပို့ပေးတာတွေကြုံရတယ်” ဆိုပြီး ပအိုဝ်းဘာသာဖြင့် ဧပြီလ ၇ ရက်နေ့ ဖေ့ဘွတ်စာမျက်နှာ ပေါ်မှာ ဖြန့်ဝေထားပါတယ်။
ဒါအပြင် ဖြန့်ဝေသည့်အကြောင်းအရာထဲမှာ “ပအိုဝ်းလူမျိုးတွေ နားလည်သင့်နေပြီး အင်းသားတွေက ငါတို့ ပအိုဝ်းတွေလို စေတနာမရှိဘူး” စတဲ့ လူမျိုးရေးခွဲခြားပြောဆိုထားတဲ့ အရေးအသားများလည်း ပါရှိပါတယ်။
အဲဒီအကြောင်းအရာကို စဲမန်း (စစ်ကောင်စီ) လက်အောက်ခံ PNO ပြည်သူ့စစ်ရဲ့ သတင်းပြန်ကြားရေး ခွန်ဆန်းအောင် ပိုင်ဆိုင်သည့် SAN AUNG အကောင့်နှင့် PA-O PAY အကောင့်တို့မှ (ပအိုဝ်းဘာသာဖြင့်) ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်မျှဝေသူများတာကြောင့် ပျံနှံမှုနှုန်းလည်း များနေပါတယ်။
သတင်းဖြန့ဝေသည့် လင့် -https://archive.ph/BAlW5
သတင်းဖြန့ဝေသည့် လင့် – https://archive.ph/M1RBC
အဲဒီပျံနှံတဲ့အကြောင်းအရာကို Myanmar Fact-Checking Network (MFCN) အဖွဲ့ဝင်ဖြစ်တဲ့ ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးရေးအဖွဲ့ကနေ စိစစ်ကြည့်တဲ့အခါမှာ စွပ်စွဲထားတဲ့ အကြောင်းအရာဖြစ်ပြီး အဲဒီဖြစ်စဥ်အပေါ်မှာ လူမျိုးရေး ပဋိပက္ခဖန်တီးရေးသားထားသော အကြောင်းအရာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။
သတင်းစိစစ်ချက်
ညောင်ရွှမြို့နယ် အင်းလေးဒေသဘက်မှာ ရှမ်း၊ ပအိုဝ်း၊ အင်းသား အပြင် ဗမာ စတဲ့ လူမျိုးစုတွေ နေထိုင်ကြတာဖြစ်ပေမယ့် PNO ပြည်သူ့စစ်ကို ထမင်းထုပ် နေ့စဥ် ပေးပို့ရတာဟာ ပအိုဝ်းလူမျိုးတွေသာ ပေးပို့ရကြောင်းကို စံကားဒေသခံ အမျိုးသားတစ်ဦးမှ ယခုလို ပြောကြားထားပါသည်။
“ထမင်းထုပ်ပို့ပေးတာတော့ မှော်ဘီတောင်ဘက်မှာရှိတဲ့ ပအိုဝ်းရွာတွေအကုန်ပို့ပေးရတယ် ၃ရက်တခါပို့ပေးရတယ် ရွာအလှည့်ကျနဲ့ အရင်လတွေက တစ်အိမ်(၉)ထုပ်၊ အခုကစ တစ်အိမ်(၁၃)ထုပ် ပို့ပို့ပေးရတယ်။ ထမင်းထုပ်မှမဟုတ်ပါဘူး ဆေးလိပ်ဖိုးတို့ အရက်ဘီယာဖိုးတို့လိုရင် ပို့ပေးရတယ်။ ထမင်းထုပ်ကို စပို့ရကတည်းက တခြားလူမျိုးဆိုသူတို့မပို့ခိုင်းဘူး ပအိုဝ်းထဲမှာတောင်မှ PNOကို မထောက်ခံတဲ့လူရှိသေးတာကော် အဲ့ကြောင့်မို့ တစ်ခြားလူမျိုးဆိုပိုဆိုးတယ်ဆိုပြီး ရှမ်းတွေ အင်းသားတွေဆို မပို့ပေးရဘူး ပအိုဝ်းတွေပဲ ပို့ပေးရတယ်” လို့ ခမ်းသားငေါဝ်းကို အတည်ပြု ပြောဆိုထားပါတယ်။
PNO ပြည်သူ့စစ်ဟာ သူတို့ တပ်ဆွဲထားသည့် နေရာတွင် ဒေသခံများကို အတင်းအဓမ္မ ထမင်းထုပ်များပို့ခိုင်းလေ့ရှိကြောင်းကို အောက်ပါ သတင်းလင့်တွေ ဖတ်ရှု့နိုင်ပါတယ်။
သတင်းလင့် -https://shorturl.at/4jHKb
DVB လင့် – https://www.dvb.no/post/678080
မဲခေါင်သတင်း လင့်- https://shorturl.at/kkXuG
PNO ပြည်သူ့စစ်မှ ဝါဒဖြန့်ပြောဆိုထားတဲ့ လူမျိုးရေးပဋိပက္ခနဲ့ ပတ်သက်ပြီး “အင်းသားတွေအနေနဲ ထမင်းထုပ်ပို့ပေးတာတွေမရှိဘူး ပို့ပေးရရင်လဲ အဲလိုမျိုးတွေ မလုပ်ဘူး။ ဒါက သတင်းအမှားဖြစ်တယ် သတင်းအမှားတွေကို မထုတ်လွင့်ပါနဲ ဒါက လူကျင့်ဝတ်နဲ မညီဘူးလို့ ပြောချင်တယ်။ ပအိုဝ်းနဲ အင်းသားတွေက ရှေ့ကတည်းက သမိုင်းအစဥ်အလာအရ အတူတူ နေထိုင်ခဲ့တယ် ပြဿနာတွေ ကြီးကြီးမှားမှားရှိခဲ့တာမဟုတ်ဘူး ယခုလို အခက်အခဲကာလမှာမှ ဒီလိုမျိုးသတင်းစကားကြောင့် တစ်ယောက်နှင့်တစ်ယောက် ပြဿနာတွေဖြစ်ကြတာ၊ မလိုမုန်းထားမှုတွေ ဖြစ်ကြတာက မဖြစ်သင့်တဲ့ကိစ္စ ဖြစ်တယ်။ အဲလိုလူမျိုးရေး ကိစ္စဖြစ်အောင်လဲ မဖန်တီးသင့်ဘူး ကျမတို့ အင်းသားတွေလည်း ဖန်တီးမှာ မဟုတ်ဘူး ပအိုဝ်းတွေလည်း ဖန်တီးလိမ့်မယ်လို့ ကျမတို့မထင်ဘူး ဒါက ကျင့်ဝတ်မရှိတဲ့လူက သတင်းအမှားလွင့်ပြီး လူမျိုးရေးပဋိပက္ခ ဖန်တီးတာ ဖြစ်တယ်” လို့ အင်းလေးဒေသတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးမှ ခမ်းသားငေါဝ်းကို ပြောဆိုထားပါတယ်။
၎င်းဖြန့်ဝေထားတဲ့ သတင်းနှင့် ပတ်သက်ပြီး “လူမျိုးရေး ပဋိပက္ခဖြစ်အောင် ဖန်တီးတယ်လို့ မြင်တယ်။ အခုလက်ရှိ ညောင်ရွှေဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ စစ်ရေးတင်မာနေတဲ့ အချိန်မှာ PNO တွေရဲ့လုပ်ရိုးလုပ်စဥ်တစ်ခုက လူမျိုးရေး ပြဿနာကို ဖန်တီးမယ် ပြည်သူတွေက တစ်ဖက်ရန်သူကို ပိုမိုမုန်းတီးအောင် ဖန်တီးတယ်။ ထမင်းကိစ္စမှာက ပြည်သူတွေက သူတို့ကို တုန်နေအောင် ကြောက်နေတာကို ဘယ်သူက သူတို့ကို အဆိပ်ခပ်မလဲပေါ့ ခပ်မယ်ဆိုရင် အဲဒီတစ်ရွာလုံးက အကုန်ခံရမယ်ဆိုတာ လူတိုင်းသိပြီးသား သူတို့လောက်ဆိုးတာ သူတို့ဘဲ ရှိတယ်။ အဲဒီဒေသတော်တော်များများလဲ ပအိုဝ်းတွေကိုဘဲ ထုပ်ပို့ခိုင်းတယ် အင်းသားတွေ ပို့ခိုင်းတာတွေ မကြားဖူးဘူး ဒါက သူတို့ တမင်သပ်သပ်လုပ်တယ်လိုဘဲ မြင်တယ် နောက်တခုမှာက ကြည့်လိုက်မယ် ဆိုရင် ဖက်ရွက်က ကြာနေပြီး ထမင်းကလဲ တိုးနေပြီး ဒီလောက်ပူတဲ့ ရာသီမှာ သုံးလေးရက်လောက် ထားရင် မှိုတက်ပြီး အရောင်ပြောင်းတာလို့ ကြည့်လိုက်တာနဲ သိတယ် ဒါက တမင်သပ်သပ်လူမျိုးရေးပြဿနာ ဖန်တီးတာပဲ” လို့ ပအိုဝ်းအမျိုးသမီးတစ်ဦးမှ ပြောထားပါတယ်။
လက်ရှိအင်းလေးဒေသမှာ ပအိုဝ်းပြည်သူတွေ အလှူလုပ်တာနဲ ပတ်သက်ပြီး နိုင်ငံရေးသမားတွေက ဝေဖန်တာတွေ ရှိတယ်။ အဓိက လူမျိုးရေး၊ နိုင်ငံရေးအမြင် စစ်ရေးအမြင်တွေနဲ့ ဝေဖန်ပြောဆိုတာတွေရှိတယ်။ သူတို့က အင်းလေးဘက်ကို မလှူစေချင်ဘူး။ ဘာလို့ဆို လူမျိုးမတူဘူးဆိုတာရယ် အင်းလေးဘက်က တချို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိတယ် တော်လှန်ရေးတပ်ဖွဲ့နဲ PNO ပြည်သူ့စစ်နဲ တိုက်နေလို့ ဆိုပြီး မလှူစေချင်တာတွေ ရှိတယ်လို့ လက်ရှိ ငလျင်ဘေးကူညီဆောင်ရွက်နေသူ ချယ်ရီမြေ အရှင် က ဖေ့ဘွတ်ပေါ်မှာ မျှဝေထားပါတယ်။
ဖတ်ရှု့ရန် လင့် – https://shorturl.at/XRngE
သတင်းအမှားမှာဖော်ပြထားတဲ့ ဖက်ရွက်ခြောက်သွားခြင်းနဲ့ ထမင်း အရောင်ပြောင်းသွားတဲ့ပုံကို google lens နဲ့ စစ်ဆေးကြည့်တဲ့အခါ လွန်ခဲ့တဲ့ လေးနှစ်က ပုံကို ပြန်အသုံးပြုထားကြောင်းစစ်ဆေးတွေ့ရှိရပါတယ်။
Google drive link – https://shorturl.at/T6pUL
 
 
သုံးသပ်ချက်
ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာရှိတဲ့ ပအိုဝ်းကျေးရွာတို့က စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ကို ထမင်းထုပ် မဖြစ်မနေ ပို့ပေးနေရတာဟာ သတင်းအမှန်ဖြစ်ပါတယ်။ ဒါပေမယ့် အင်းသားနှင့် အခြား ရှမ်း၊ ဗမာ တိုင်းရင်းသားတွေ အနေနဲ့ PNO ကို ပေးပို့ရတာ မရှိကြောင်းကို ဒေသခံထံ စစ်ဆေးတွေ့ရှိရပါတယ်။
ဝါဒဖြန့်သူတွေ ဖြန့်ထားသလို “အင်းသားတွေက PNO ပြည်သူ့စစ်ကို အဆိပ်ပါတဲ့ ထမင်းထုပ် ပေးပို့” တာဟာ စွပ်စွဲရေးသားထားတဲ့ သတင်းအမှား ဖြစ်ပါတယ်။ စစ်ကောင်စီဝါဒဖြန့်သူတွေ၊ ထောက်ခံသူတွေက သတင်းအမှား အကြောင်းအရာကိုအသုံးပြုပြီး လူမျိုးရေးအမုန်းတရားပိုမိုကြီးမားအောင် ရည်ရွယ်ချက်ရှိရှိဝါဒဖြန့်ချိနေကြောင်း တွေ့ရှိရပါတယ်။
 
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။
ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့လ်ဘွတ် (facebook page) နှင့် Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း
Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .