Share:FacebookX

“NUG ထိန်းချုပ်နယ်မြေမှာ ငလျင်ဒါဏ် ခံရသူတွေကို ကူညီကယ်ဆယ်ရေး မလုပ်ပေးဘူး” ဆိုတဲ့ သတင်းမှား

 

ဧပြီလ ၉ ရက်၊ ၂၀၂၅။

 

(Fact check) Lagon Eain, The Red Flag

 

“NUG ထိန်းချုပ်နယ်မြေမှာ  ငလျင်ဒါဏ် ခံရသူတွေကို ကူညီကယ်ဆယ်ရေး မလုပ်ပေးဘဲ ဆက်ကြေး ကောက်နေတယ်” ဆိုပြီး ဖော်ပြနေတာကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

 

အဆိုပါ အကြောင်းအရာကို Freedom News Group အမည်ရှိ Facebook Page က ဖော်ပြထားတာ ဖြစ်ပြီး ဧပြီလ ၇ ရက်နေ့ထိ Reaction 107, Comment 19 နဲ့ Share 29 ခု ရှိနေပါတယ်။

(မူရင်း ပိုစ့်ကို http://archive.today/qrwzf ဒီမှာကြည့်ပါ။)

 

အလားတူ စစ်တပ်လော်ဘီ မှိုင်းဝေ ရဲ့ Telegram Channel မှာလည်း တဆင့်ပြန်လည် ဖော်ပြထားပြီး Reaction 550 ကျော်နဲ့ ကြည့်ရှုသူ 33.9k ကျော်ထိ ရှိနေတာ ဖြစ်ပါတယ်။

(မူရင်း ပိုစ့်ကို http://archive.today/4sBfM ဒီမှာကြည့်ပါ။)

 

အဆိုပါ ဖော်ပြချက်တွေကို Myanmar Fact-checking Network အဖွဲ့ဝင် လဂွန်းအိမ် Fact-check Team က စိစစ်ကြည့်တဲ့ အခါမှာတော့ သတင်းအမှား ဖြစ်ကြောင်း တွေ့ရပါတယ်။

 

#စိစစ်တွေ့ရှိချက်

 

NUG က နှစ်ပတ်တာ အပစ်ရပ်ကာ ထိန်းချုပ်နယ်မြေအတွင်း ငလျင်ကယ်ဆယ်ရေး ဆောင်ရွက်နေပြီး လုံခြုံရေး အာမခံပါက စစ်ကောင်စီ ထိန်းချုပ်နယ်မြေမှာပါ ကူညီပေးသွားမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း Mandalay Free Press သတင်းဌာနက ဖော်ပြထားပါတယ်။

MFP – https://www.facebook.com/share/1EKsbLdZvm/ 

 

ငလျင်ဘေး ကူညီရန် ကျပ်သန်းပေါင်း ၁,၈၀၀ ကျော် ရရှိထားပြီး NUG က မြို့နယ် ၂၄ မြို့နယ်မှာ ကူညီ ထောက်ပံမှုတွေ လုပ်ဆောင်နေတယ်လို့ DVB သတင်းဌာနက တင်ဆက်ထားပါတယ်။

DVB – https://www.youtube.com/watch?v=0sv7WEBxrpk

 

ထိန်းချုပ်နယ်မြေအတွင်း စက်ယန္တယားများ အသုံးပြုကာ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီထောက်ပံရေး လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း ရွှေဘိုခရိုင်၊ တပ်ရင်း အမှတ် (၁၇) က ဖော်ပြထားပါတယ်။

အပြည့်အစုံကို ဒီမှာ https://www.facebook.com/share/p/1EfgQ61DXK/ ကြည့်ပါ။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ TRI ဗျူဟာ၊ တပ်ရင်း ၁၂၂၂ ကလည်း ငလျင်ဘေးကြောင့် ဒဏ်ရာရ ပြည်သူများအား အရေးပေါ် ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်တဲ့ အကူအညီများကို အစွမ်းကုန် ကြိုးစား လုပ်ကိုင်ပေးနေကြောင်း ဖော်ပြထားပါတယ်။

အပြည့်အစုံကို ဒီမှာ https://www.facebook.com/share/p/1YCetLfLbS/ ကြည့်ပါ။

 

ထိန်းချုပ်နယ်မြေအတွင်း ကယ်ဆယ်ရေးနဲ့ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများကို ရပ်ရွာလူထု နဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် – မန္တလေး (MDY PDF) က ဖော်ပြ ထားပါတယ်။

အပြည့်အစုံကို ဒီမှာ https://www.facebook.com/share/p/18v7rGyqEp/ ကြည့်ပါ။

 

NUG လှုပ်ရှားနယ်မြေဖြစ်တဲ့ စဉ့်ကူးမှာ ငလျင်ကြောင့် အင်းတော (ရွှေလုပ်ကွက်) ပြိုကျခဲ့ရာ ပိတ်မိနေသူ ၅ ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း Mandalay Free Press က တင်ဆက်ထားပါတယ်။

MFP – https://www.facebook.com/share/p/1BsqAC3zuC/

 

#သုံးသပ်ချက် 

 

လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းဌာနတွေရဲ့ အတည်ပြု ဖော်ပြချက်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း တွေရဲ့ ထုတ်ပြန်ချက်တွေအရ NUG ထိန်းချုပ်နယ်မြေအတွင်း ငလျင်ဒဏ် ကူညီကယ်ရေး ဆောင်ရွက် နေတာ မရှိဘူးဆိုတဲ့ ဖော်ပြချက်က မှားယွင်းနေတာကို တွေ့ရပါတယ်။

 

ထို့ကြောင့် “NUG ထိန်းချုပ်နယ်မြေမှာ  ငလျင်ဒါဏ် ခံရသူတွေကို ကူညီကယ်ဆယ်ရေး မလုပ်ပေးဘဲ ဆက်ကြေး ကောက်နေတယ်” ဆိုတာက စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းမှားတခုသာ ဖြစ်ကြောင်း စိစစ် ဖော်ပြလိုက်ရပါတယ်။

 

စစ်ကောင်စီ လော်ဘီတွေ အနေနဲ့ ငလျင်ဘေးသင့်ချိန်မှာ ပြည်သူတွေရဲ့ စိတ်ခံစားချက်ကို အသုံးချပြီး သတင်းအမှားတွေနဲ့ အမုန်းစကားတွေကို ဖြန့်ဝေလှုံ့ဆော်တာတွေ ပြုလုပ်နေပါတယ်။

 

မိဘပြည်သူများ အနေနဲ့လည်း အွန်လိုင်းပေါ်မှာ တွေ့နေရတဲ့ သတင်းတွေကို အလွယ်တကူ မယုံသင့်ပဲ သတင်းအမှန် ဟုတ်/မဟုတ်ကို တိုက်ဆိုင်စစ်ဆေးပြီးမှ ယုံကြည်ကြဖို့ အကြံပြုလိုပါတယ်။

 

စာဖတ်သူတွေ အနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယ ရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ လဂွန်းအိမ် Fact-check Team အပါအဝင် Fact Checking ပြုလုပ်ပေးနေတဲ့ သတင်းဌာန / အဖွဲ့အစည်းတွေကို သွားရောက် မေးမြန်းကြဖို့ တိုက်တွန်း လိုပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

 

#Mis_Disinformation #RedFlag #MFCN #LagonEain #FactCheck

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .