၂၀၂၅ မတ်လ ၁၀ ရက်
ဖယ်ဒရယ် FM၊ The Red Flag
ရေစကြိုမြိုနယ်၊ရေလည်ကျွန်းမြေစွန်းတော်တိုက်ပွဲမှာ အကြမ်းဖက် အမျာအပြားသေဆုံး ဆိုပြီး ဝါဒဖြန့်ချိနေပါသည်။
စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Truth Media ချန်နယ်က မတ်လ ၇ ရက်မှာ ဖြန့်ချိခဲ့ပြီး “ ရေစကြိုမြိုနယ်၊ ရေလည်ကျွန်းမြေစွန်းတော်အကြမ်းဖက်များအားသုတ်သင်ပြီး တောသီးအလောင်းတွေတွေ့ခဲ့ရတယ်လိုအကင်ရှာအဖွဲကဒီနေ့မနက်ပိုင်းသတင်းထုတ်ပြန်ထားပါတယ်” ဆိုပြီးတော့” ရေးသားဖြန့်ချိခဲ့ပါသည်။
Truth Media မှ ဖြန့်ချိခဲ့သော အဆိုပါဝါဒဖြန့်သတင်းကို ကြည့်ရှုသူပေါင်း ၁၂,၀၀၀ ခန့်ရှိပြီး Truth Media အပြင် စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များ ဖြစ်တဲ့ Snow Queen ချန်နယ်ကလည်း ထပ်ဆင့်ဖော်ပြထားသည်။
မူရင်းလင့်ခ် – https://t.me/Snowqueen1111233/35219
Snow Queen – https://t.me/snowqueen023/86774
စစ်ကောင်စီအားပေး ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြထားတဲ့ အကြောင်းအရာကို MFCN အဖွဲ့ဝင် ဖက်ဒရယ် FM က အချက်အလက်စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အကြောင်းအရာမှာ အသုံးပြုထားတဲ့ ပုံတွေဟာ ရေစကြိုမြို့နယ်၊ မြေစွန်းတော်ရွာကို စစ်တပ်က ၃ ရက်ဆက်တိုက် စီးနင်းခဲ့ပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့ပြီးတော့ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့တဲ့ ပုံတွေ အသုံးပြုထားတာကို တွေ့ရှိရပါတယ်။
သတင်းစစ်ဆေးတွေ့ရှိချက်
သတင်းဌာနဖြစ်တဲ့ မောင်း သတင်းဌာနမှာတော့ “ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က ထွက်မပြေးနိုင်တဲ့ သက်ကြီးပိုင်းအရပ်သား ၅ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မတ်လ ၂ရက်နေ့ မနက်အစောပိုင်းမှာ ပခုက္ကူ တပ်မ ၁၀၁ အပါအဝင် ရေစကြိုမြို့နယ်အခြေစိုက် ၂၅၆၊ ၂၅၇၊ ၂၅၈ စစ်ကောင်စီ တပ်ရင်းတွေက ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ရေစကြို ရေလယ်ကျွန်းဒေသကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်” ဆိုပြီးတော့ သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံဖတ်ရန် – https://www.facebook.com/share/p/1BFbTsNqj5/
yesagyo township info committee – https://www.facebook.com/share/p/16AR6TVtjf/
ပခုက္ကူအခြေစိုက် ခြေမြန်တပ်မဌာနချုပ် ၁၀၁ က အင်အား နှစ်ရာကျော်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ရေစကြိုမြို့နယ်၊ မြေစွန်းတော်ရွာကို မတ်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ စီးနင်း မီးရှို့ခဲ့ပြီးနောက် ထွက်မပြေးနိုင်တဲ့ အရပ်သားတချို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ် ဆိုပြီးတော့ RFA Burmese သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံဖတ်ရန် – https://www.facebook.com/share/v/16Dzk46aub/
ဒါ့အပြင် “ ဒေသခံတစ်ဦးက ” ဘုန်းတော်ကြီးတစ်ပါးရောဆို ခြောက်ယောက်ဖြစ်မယ်၊ မြေစွန်းတော်ရွာကတော့ငါးယောက်သတ်ခံရတယ်၊ တောင်ကျောင်းကဘုန်းကြီးတဲ့ မီးရှို့တာကို တားလို့ ဘုန်းကြီးကို သတ်သွားတာ၊ ကျန်တဲ့ပြည်သူတွေကတော့အသက်အရွယ်အရမပြေးနိုင်မလွှားနိုင်မိုကျန်နေခဲ့တာ၊ အဲဒါကို ပစ်သတ်တာ” ဆိုပြီးတော့ ဒေသခံတစ်ဦးရဲ့ စကားကို Red Peacock သတင်းဌာနက ဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံဖတ်ရန် – https://www.facebook.com/share/v/19v1Hqgkns/
သုံးသပ်ချက်
လွတ်လပ်သည့် သတင်းတွေရဲ့ သတင်းဖော်ပြချက်အရ စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားတာ မှန်ကန်ပေမဲ့ စစ်ကောင်စီဝါဒဖြန့်ချာနယ်က အသုံးပြုထားတဲ့ ပုံတွေဟာ တော်လှန်ရေးတပ်ဖွဲ့က သေဆုံးတဲ့ ပုံတွေ မဟုတ်ဘဲ စစ်ကောင်စီတပ်က မီးရှို့၊ သတ်ဖြတ်ခဲ့တဲ့ ရေစကြိုမြို့ရှိ သက်ကြီးပိုင်းအရပ်သား ၅ ပုံတွေ ဖြစ်ပါတယ်။
စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။
သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။
#ရေစကြို#အကြမ်းဖက်#FFM #Factcheck #MFCN #Redflag
Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork