မုံစီးရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA များ ပစ်သတ်ခံရ ဆိုသည့် သတင်းအမှား
Share:FacebookX

မုံစီးရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA များ ပစ်သတ်ခံရ ဆိုသည့် သတင်းအမှား

Wadi / Myanmar Pressphoto Agency – The Red Flag

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ် ၊ မုံစီးရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA တပ်ဖွဲ့ဝင်များ ပစ်သတ်ခံရ ဆိုသည့် အကြောင်းအရာသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။

“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က မတ်လ ၇ ရက် နံနက် ၉ နာရီ ၇ မိနစ်တွင် ပြီးခဲ့သည့် ရက်ပိုင်းက မုံစီးဘက်တွင် MNDAA နှင့် KIA တို့ တိုက်ပွဲဖြစ် ပွားခဲ့ပြီး KIA တပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း၊ သေဆုံးမှုကို မကျေနပ်သည့်အတွက် KIA UG များက MNDAA ကို ဆန္ဒပြခဲ့ကြောင်း၊ ဆန္ဒပြသူ များကို MNDAA က ပစ်ခတ်ခဲ့သည့် အတွက် KIA တပ်ဖွဲ့ဝင် တစ်ဦး နှင့် KIA UG ငါးဦး ထပ်မံ သေဆုံးခဲ့ကြောင်း၊ ထို့ကြောင့် KIA များက MNDAA ကို ဆန္ဒမပြရဲတော့ကြောင်း ရေးသားဖြန့်ဝေခဲ့သည်။

အဆိုပါအကြောင်းအရာကို မတ်လ ၁၀ ရက် ၊ မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၄၀,၀၀၀ ကျော်၊ Reaction ပေးသူ ၈၄၀ ကျော် ရှိသည်။

မူရင်းသတင်းအမှား ရေးသားထားသောလင့်ခ် >>> https://archive.ph/j1X1T

အဆိုပါအကြောင်းအရာကို “နောင်ရိုးဟစ်တိုင်၊ Lashio Thar ၊ Min Din” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ က ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများခဲ့သည်။

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
နောင်ရိုးဟစ်တိုင် – https://archive.ph/6rBpM
Lashio Thar – https://archive.ph/YQfgz
Min Din – https://archive.ph/8ecmO

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။

သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ မုံစီးရွာ MNDAA ပစ်ခတ်မှု” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Mizzima, Tachileik News Agency, Miytkyina News Journal” အပါအဝင် အခြား မီဒီယာများတွင် သတင်းရေးထားသည်။

သတင်းမီဒီယာများတွင် မတ်လ ၅ ရက် ညနေ ပို င်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မုံစီးရွာတွင် MNDAA ပစ်ခတ်မှုကြောင့် KIA အဖွဲ့ဝင် တစ်ဦးနှင့် ဒေသခံ ခြောက်ဦး သေဆုံးခဲ့ ကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းမှာ မုံးစီးရွာ အနီးရှိ ရွှေလုပ်ကွက်တွင် ရွှေတူးဖော်နေ သည့် MNDAA အဖွဲ့ကို KIA ဝန်ထမ်းအချို့နှင့် ဒေသခံအရပ်သားများက သွားရောက်တားဆီး ရာမှ စတင်ကာ စကားများ ရန်ဖြစ်ခဲ့ပြီး MNDAA က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးခဲ့သူများ အ တွက် နစ်နာကြေးပေးရန်၊ လက် နက်အားကိုး၍ ပြည်သူအား အနိုင်မကျင့်ရန် နှင့် ရွှေမတူးရန် မုံစီး ဒေသခံများက MNDAA ကို တောင်းဆို ထား သော်လည်း အကြောင်းမပြန် သေးကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာ သည် KIA က ရွှေမတူး ဖော်ရန် တားမြစ်ထားသော နမ့်လင်း ချောင်းအနီးတွင် ဖြစ်ပြီး ၊ယင်းချောင်းသည် မုံစီး ဒေသ စိုက်ပျိုးရေး အတွက် အရေးပါသော နေရာ ဖြစ်ကြောင်းကို ဒေသခံ အသံများနှင့်တကွ ရေး သားထားသည်။

သေဆုံးခဲ့သည့် KIA တပ်ဖွဲ့ဝင်တစ်ဦး မှာ တာဝန် ချိန်မဟုတ်ဘဲ ခွင့်ယူပြီး အိမ်ပြန်နေသူတစ်ဦး ဖြစ်ကြောင်း၊ ထို့ကြောင့် အခင်းဖြစ်ပွားရာနေရာ သို့ တာဝန်နှင့် သွားရောက်ခြင်း မဟုတ်သလို၊ ယူနီဖောင်းဝတ်ထားခြင်း လည်းမရှိ၊ လက်နက် လည်း မပါကြောင်းကို KIA သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မီဒီယာများ အား ဖြေကြားထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>
Mizzima – https://bitly.cx/AFae7
Tachileik News Agency – https://bitly.cx/kcwO
Myitkyina News Journal – https://bitly.cx/eGsr

သုံးသပ်ချက်

သတင်းမီဒီယာများတွင် မတ်လ ၅ ရက်က မုံစီး ရွာအနီး တွင် ရွှေတူးဖော်နေသည့် MNDAA ကို ဒေသခံများက သွားရောက်တားဆီးရာမှ စကား များရန်ဖြစ်ပြီး MNDAA က ပစ်ခတ်ခဲ့တာကြောင့် KIA အဖွဲ့ဝင် တစ်ဦး နှင့် ဒေသခံ အရပ်သား ခြောက်ဦး သေဆုံးခဲ့ကြောင်း ရေးသားထား သည်။

သေဆုံးသွားသူများတွင် တာဝန်ချိန်ပြင်ပရောက် KIA တပ်ဖွဲ့ဝင် တစ်ဦး ပါဝင်သော်လည်း ကျန် ခြောက်ဦးမှာ ဒေသခံ ပြည်သူများ ဖြစ်သည်ကို တွေ့ရသည်။ KIA UG များဟု ဖော်ပြထားခြင်း မတွေ့ရပါ။

ပစ်ခတ်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းမှာလည်း MNDAA ကို ဆန္ဒပြခြင်းမဟုတ်ဘဲ ရွှေတူးဖော်မှုပြုလုပ်မှုအား သွားရောက်တားဆီးခြင်း ဖြစ်‌ေကြာင်း သတင်းများအရ သိရသည်။

ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “မုံစီး ရွာတွင် MNDAA ကို ဆန္ဒပြခဲ့သည့် KIA များ ပစ်သတ်ခံရ” ဆိုသည့် အကြောင်းအရာသည် တစ်စိတ်တစ်ပိုင်း မှားယွင်းနေသော သတင်းအမှား ဖြစ်ကြောင်း သိနိုင်ပါသည်။

အထက်ပါ သတင်းအချက်အလက် စစ်ဆေးမှု များသည် မတ်လ ၁၀ ရက် မွန်းလွဲပိုင်းအထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အ လက်များ ဖြစ်သည်။

ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်သည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများ တွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .