PDFတပ်ဖွဲ့တွေက လက်ပံတိုရေနံမှော်မှာ ရေနံတူးဖော်နေတာကြောင့် စစ်ကောင်စီဗုံးကြဲချဆိုတဲ့သတင်းမှား
Share:FacebookX

PDFတပ်ဖွဲ့တွေက လက်ပံတိုရေနံမှော်မှာ ရေနံတူးဖော်နေတာကြောင့် စစ်ကောင်စီဗုံးကြဲချဆိုတဲ့သတင်းမှား

၂၀၂၅ခုနှစ်၊ မတ်လ၊ ၄ရက်။

(Fact Check) DNA/ The Red Flag

မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်မှာရှိတဲ့ ရေနံမှော်တွေမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ (ပကဖ)နဲ့ ဒေသအုပ်ချုပ်ရေးတပ်ဖွဲ့တွေ(ပအဖ)တွေက ရေနံတူးဖော်လုပ်ကိုင်နေကြတာကြောင့် စစ်ကောင်စီက မနေ့က မတ်လ ၃ရက် မနက်အစောပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

အဲ့ဒီသတင်းမှားကို စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေနဲ့ လော်ဘီချန်နယ်တွေဖြစ်တဲ့ People Media Myanmar Mixed NewsKyaw Win MaungKyaw SwarSnow QueenKo Chit(MDY) အကောင့်တွေအပြင် အခြားလော်ဘီချန်နယ်တွေမှာလည်း ဆင့်ကဲဖြန့်ဝေနေကြတာကြောင့် လူစိတ်ဝင်စားမှုမြင့်တတ်နေတာဖြစ်ပါတယ်။

အဲဒီပျံ့နှံ့လာတဲ့သတင်းကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လက်ပံတိုရေနံမှော်မှာသေဆုံးသွားတဲ့သူတွေက ရေနံမှော်အလုပ်နဲ့ သက်မွေးဝမ်းကြောင်းပြုနေတဲ့ ရွာသားတွေဖြစ်တယ်ဆိုတာကိုတွေ့ရှိခဲ့ရပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

သတင်းစိစစ်ချက် ☑️

စစ်ကောင်စီက မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်ကြားမှာရှိတဲ့ ရေနံမှော်ရှိတဲ့ နေရာ ၉ခုကို  မနေ့က မတ်လ ၃ရက်နေ့မနက်အစောပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၂ဦးသေဆုံးပြီး ၁၅ဦးထက်မနည်း ဒဏ်ရာရှိခဲ့တယ်ဆိုတာကို BBC မြန်မာပိုင်းမှာလည်း  သတင်းတင်ဆက်ထားပါသေးတယ်။

မြိုင်မြို့နယ်ထဲမှာရှိတဲ့ Y-12 အမျိုးစားလေယာဥ်ကိုအသုံးပြုပြီး လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး 

ပေါက်မြို့နယ်ထဲက လက်ပံတိုအပါအဝင် သရက်ကန်ကျေးရွာအပြင် ရေနံမှာ်အနားမှာရှိတဲ့ကုံစုံဆိုင်ကိုတော့ ဂျက်ဖိုက်တာအသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုလေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတွေက ပြည်သူတွေသာဖြစ်ပြီး အရပ်သားပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်နေတာဖြစ်တယ်လို့ Mandalay Free Press ကရေးသားထားပါတယ်။

စစ်ကောင်စီက အဲ့ဒီရေနံမှော်တွေကို မနက်ခင်းမှောင်ရီဝိုးတဝါးအချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ ထွက်ပြေးတိမ်ရှောင်ရာမှာ အခက်ခဲတွေဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဒေသကနေစစ်ဘေးယာယီတိမ်ရှောင်းနေကြတယ်လို့ Mizzima ကသတင်းရေးသားထားပါတယ်။

“လေယာဥ်ဗုံးကြဲလို့ သေတာကတော့ ပြည်သူတွေပဲ၊ ရေနံမှော်ဆိုတော့ နယ်ပေါင်းစုံတယ်ဗျ၊ အဲ့မှာအလုပ်လာလုပ်ကြတာတော့ ဒီနယ်တဝိုက်တင်မကဘူး၊ ရေနံအလုပ်သမားတွေဆိုတာက တကယ့်ကိုနယ်ပေါင်းစုံက။ မုံရွာ၊ခြောက်ရနံချောင်း၊ မကွေးတိုင်းတကြော ၊ ဧရာဝတီမြစ်နောက်ဘက်ကကြောတွေကပေါ့၊ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရေနံမှော်ထဲက ရေနံလုပ်သားတွေလည်း ဒီဘက်ကိုရွေ့လာတာများတယ်။ ဒီပကဖ၊ ပအဖတွေအနေနဲ့ကိုယ်တိုင်ဦးစည်းပြီးတော့ ကျင်းတွေဖော်နေတာမျိုးတော့ မရှိပါဘူးဗျ” လို့ မြိုင် ဒေသခံတဦးက DNA Fact Checkကိုပြောပါတယ်။

သုံးသပ်ချက် ☑️

စစ်ကောင်စီက အရပ်သားတွေပဲအလုပ်လုပ်ကိုင်လေ့ရှိတဲ့ ရေနံမှော်လိုနေရာမျိုးကို ပစ်မှတ်ထားပြီး လေကြောင်းကနေတိုက်ခိုက်ခဲ့တာပါ။

အဲဒီလိုလေကြောင်းသုံးတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၂ဦးသေဆုံးခဲ့ရပြီး ၂၀ဝန်းကျင်ထိခိုက် ဒဏ်ရရှိခဲ့တာပါ။

အရပ်သားပစ်မှတ်တွေကိုဦးတည်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် လက်နက်ကိုင်အဖွဲ့ဝင်တွေက ရေနံတူးဖော်နေကြတာကြောင့် လေကြောင်းသုံးတိုက်ခိုက်ခဲ့တယ်လို့ လိမ်လည်ဝါဒဖြန့်ရေးသားနေကြတာဖြစ်တာကိုတွေ့ရှိခဲ့ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၃ရက်နေ့မှာလည်း စစ်ကောင်စီက မန်လည်ရွာမှာPDFတွေစုဖွဲ့နေလို့ လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ လိမ်လည်ရေးသားထားတဲ့သတင်းကိုလည်း DNA FactCheck က စစ်ဆေးခဲ့ပါသေးတယ်။ 

သတင်းလင့် – https://www.facebook.com/share/v/1Ay1SHzwSW/ 

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .