၂၀၂၅ မတ်လ ၃ ရက် , သျှမ်းသံတော်ဆင့်၊ MPA ၊ The Red Flag
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ Lotus ဈေးဝယ်စင်တာရှိ သြရွဇာ ရွှေဆိုင်အား တော်လှန်ရေးထောက်ခံသူ ဝရမ်းအထုတ်ခံထားရသည့် မြန်မာအမျိုးသားတစ်ဦးက ဓားပြတိုက်သွားကြောင်း ဝါဒဖြန့်ချိနေပါသည်။
စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ဖြစ်သည့် Truth Media ချန်နယ်က မတ်လ ၂ ရက်တွင် ဖြန့်ချိခဲ့ပြီး “မတ်လ ၂ ရက်၊ ည ၇ နာရီမှာ Lotus ကြီးခေါ် ဈေးဝယ်စင်တာအတွင်း Delivery ဝတ်စုံဝတ်နဲ့ မြန်မာဝရမ်းပြေးအမျိုးသား ၁ ယောက်က သြရွဇာရွှေဆိုင်ကို သေနတ်ပစ်ဖောက်ရင်း ရွှေ ၆၀ ကျပ်သားကျော် ဓားပြတိုက်သွားတာလို့ ပြောပါတယ်” ဟု (မူရင်းအတိုင်း) ဆိုကာ ရေးသားဖြန့်ချိခဲ့ပါသည်။
ထို့ပြင် စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်ဖြစ်သည့် ကာနယ်ချစ်ကောင်း ချန်နယ်ကလည်း “ပဒက် (PDF) တွေ၊ ထောက်ပို့တွေ အနေအစားမချောင်တော့ ဓါးပြတိုက်နေပြီ။ မဲဆောက်က ပြည်ပြေးတွေတော့ မလွယ်ကြောပဲ” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ချိခဲ့သည်။
ထိုဝါဒဖြန့်သတင်းကို ကြည်ရှုသူပေါင်း ၄၂,၀၀၀ ကျော်ရှိပြီး Truth Media ချန်နယ်အပြင် ကာနယ်ချစ်ကောင်း၊ နေပြည်တော်၊ Myanma Today (မြန်မာ့တူဒေး) နှင့် ကျော်စွာ ချန်နယ်များကပါ ထပ်ဆင့်ဖော်ပြထားသည်။
မူရင်း – https://archive.ph/F1All
နေပြည်တော် – https://archive.ph/cFPEW
ကာနယ်ချစ်ကောင်း – https://archive.ph/rAzsm
Myanma Today – https://archive.ph/mtd94
ကျော်စွာ – https://archive.ph/v78Rz
စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေ ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် MPA တို့၏ သတင်းအချက်အလက် စစ်ဆေးသူများက ပူးပေါင်းစစ်ဆေးခဲ့သည့်အခါ အချက်အလက်အား ချဲကားရေးသား ဝါဒဖြန့်ချိထားသည်ကိုတွေ့ရသည်။
သတင်းစစ်ဆေး တွေ့ရှိချက်
ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် Northernnews ၏ဖော်ပြချက်အရ မတ်လ ၂ ရက် ညပိုင်းအချိန်တွင် မဲဆောက်မြို့ Lotus ဈေးဝယ်စင်တာရှိ သြရွဇာရွှေဆိုင် (၅) ကို အမည်မသိ အမျိုးသားတစ်ဦးက သေနတ်တစ်လက်ဖြင့် ဝင်ရောက်လာပြီး ဆိုင်အတွင်းရှိ ရွှေအလေးချိန် ၁၀၂ ကျပ်သား (ထိုင်းဘတ် ၄၇ သိန်း) အား လုယက်သွားကြောင်း ဖော်ပြသည်။
အဆိုပါ တရားခံအမျိုးသားသည် အရပ်ရှည်ရှည် ခန္ဓာကိုယ်သွယ်သွယ်နှင့် အစိမ်းရောင် Line Man အင်္ကျီဝတ်ထားပြီး ဆိုင်ကယ်ဦးထုပ်ကိုဆောင်းထားကာ အနက်ရောင်လွယ်အိတ်ကို လွယ်ထားသည်ဟု ဖော်ပြသည်။
လက်ရှိတွင် လွတ်မြောက်သွားသည့်တရားခံအား ဖမ်းဆီးနိုင်ရေး ထိုင်းရဲတပ်ဖွဲ့များက ခြေရာခံလိုက်ရှာဖွေနေကြောင်း ဆိုသည်။
သို့သော် တရားခံသည် မည်သူမည်ဝါဖြစ်ကြောင်း လက်ရှိအချိန်ထိ မသိရသေးပေ။
Northernnews – https://northernnewsthailand.com/news/126263
MSN – https://shorturl.at/FJbRz
လွတ်လပ်သော သတင်းဌာနတစ်ခုဖြစ်သည့် RFA သတင်းဌာနတွင် “ရွှေဆိုင်လုယက်ခံရပြီးနောက် ရဲတပ်ဖွဲ့က မြို့တွင်းမှာ စစ်ဆေးရေးလုပ်နေကြောင်း” မဲဆောက်မြို့ခံတစ်ဦး အတည်ပြုချက်ဖြင့် ဖော်ပြသည်။
RFA – https://shorturl.at/J16oq
အလားတူ သံလွင်တိုင်းမ် သတင်းဌာနတွင်လည်း “မဲဆောက်မြို့ Lotus ကုန်တိုက်ထဲက ရွှေဆိုင်ဓားပြတိုက်ခံရ၊ ရွှေ (၁၀၂) ကျပ်သားခန့်ပါသွား” ဟု ဖော်ပြထားသည်။
သံလွင်တိုင်းမ် – https://shorturl.at/yg3Xj
သုံးသပ်ချက်
မဲဆောက်မြို့ Lotus ဈေးဝယ်စင်တာရှိ သြရွဇာရွှေဆိုင်အား အမျိုးသားတစ်ဦးက ဓားပြတိုက်သွားခဲ့ဖြစ်စဉ် မှန်ကန်သည်။
သို့သော် ဓားပြတိုက်သွားသည့် အမျိုးသားတစ်ဦးသည် မြန်မာဝရမ်းပြေးတစ်ဦးဖြစ်ကြောင်း လွတ်လပ်သည့် သတင်းဌာနများနှင့် ထိုင်းသတင်းဌာနများတို့၌ ဖော်ပြထားခြင်း မရှိသေးပေ။
လက်ရှိတွင် တရားခံအား ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်၍ ထိုင်းရဲတပ်ဖွဲ့များက ဈေးဝယ်စင်တာ CCTV မှတ်တမ်းများကို စစ်ဆေးနေပြီး ရွှေဆိုင်လုယက်သွားသူ၏ ဆိုင်ကယ်နှင့် ထွက်ပြေးရာလမ်းကြောင်းအား ရှာဖွေဖမ်းဆီးနိုင်ရန် လုပ်နေလျက်ရှိသည်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်များသည် သတင်းဖြစ်စဉ်အကြောင်းအရာတွေကို အသုံးပြုပြီး တော်လှန်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်များ နှင့် ၎င်းတို့ကို မထောက်ခံသည့်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ပုံဖျက်စွပ်စွဲပြောထားသည့် အကြောင်းအများကိုလည်း MFCN အဖွဲ့ဝင်များက အချက်အလက်စစ်ဆေးထားမှုများလည်းရှိပါသည်။
စစ်ဆေးတွေ့ရှိချက်များ – https://shorturl.at/UX0tP
စစ်ဆေးတွေ့ရှိချက်များ – https://shorturl.at/igUaE
စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။
သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork