By Haythar/ Myanmar Pressphoto Agency- The Red Flag
ရခိုင်ပြည်နယ် မြေပုံမြို့နယ်ကမ်းကြီးထောင့်ရွာနှင့် ကျောက်နီမော်တိုက်နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဓာတ်ပုံအဟောင်းများကိုအသုံးပြုပြီး ပြည်သူများ သတင်းပေးပို့မှုကြောင့် အေအေ တပ်စခန်း၊စီးပွားရေးနေရာများကိုဗုံးကြဲနိုင်ခဲ့သည် ဟု ဝါဒဖြန့် ဖေ့ဘွတ်ခ်အကောင့်တစ်ခုက ရေးသားဖြန့်ဝေထားသည်။
ARF Burmese ဖေ့ဘွတ်ခ်အကောင့်က နေအိမ်များပျက်စီးနေသည့်ပုံနှင့်အဆောက်အဦးများ မီးလောင်နေသည့် ဓာတ်ပုံတို့ကိုအသုံးပြုပြီး အေ အေ တပ်ဖွဲ့ဝင် ၈၀ ကျော်ဆီအတင်ချလုပ်နေသည့်ဆီဂိုထောင် ဗုံးကြဲခံရကြောင်း၊ အေ အေကိုမလိုလားသည့် ဒေသခံများသတင်းပေးပို့မှုကြောင့် အေ အေများစုဝေးနေသည့် ကမ်းထောင်ကြီးဆေးရုံနှင့် စာသင်ကျောင်းဗုံးကြဲခံရ ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်စွဲ ဖြင့် ရေးသားဖြန့်ဝေထားသည်။
သတင်းအမှားလင့်ခ်
ARF Burmese https://archive.ph/vRe15/image
ဆက်စပ်သတင်းအမှားလင့်ခ် https://archive.ph/LNTgQ/image
ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA သတင်းဌာနက အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
ပျံ့နှံ့နေသည့် နေအိမ်များပျက်စီးနေေသာ ဓာတ်ပုံကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ
Western News သတင်းမီဒီယာက ဇန်နဝါရီ ၃ ရက်တွင် အသုံးပြုထားသော ဓာတ်ပုံနှင့်ထပ်တူညီနေသည်။
Western News သတင်းမီဒီယာတွင် “ မြေပုံမြို့နယ်ကမ်းထောင်ကြီးရွာက ဆေးရုံနှင့် စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၃ ရက် မနက် ၁ နာရီအချိန်တွင် လေကြောင်းဗုံးကြဲခဲ့ရာ အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းရေးသားဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ် https://shorturl.at/aABoV
ကမ်းထောင်ကြီးရွာတွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲချမှုကြောင့် ပြည်သူထိခိုက်သေဆုံးမှုကို အေအေတပ်ဖွဲ့ဝင်များသေဆုံးသည် ဟု MPA သတင်းဌာနက သတင်းရေးသားထားသည်။
သတင်းလင့်ခ် https://shorturl.at/Ywqg9
ထပ်မံ၍ နေအိမ်များမီးလောင်နေသည့် ဓာတ်ပုံကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ
BBC သတင်းမီဒီယာတွင် အသုံးပြုထားသည့်ဓာတ်ပုံနှင့်ထပ်တူညီနေသည်။
BBC သတင်းမီဒီယာတွင် “ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာကို ဇန်နဝါရီ ၉ရက်တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့ခြင်းကြောင့် လူ ၄၀ ကျော်သေဆုံးခဲ့ပြီးနေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီခဲ့သည်ဟုရေးသားဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ် https://shorturl.at/f0gxl
သုံးသပ်ချက်
စစ်ကောင်စီတပ်က ကမ်းထောင်ကြီးရွာရှိ ဆေးရုံနှင့် စာသင်ကျောင်းကို ဇန်နဝါရီ ၃ ရက်တွင် ဗုံးကြဲခဲ့မှုကြောင့် အဆောက်အဦးများပျက်စီးပြီး ပြည်သူအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။ထို့အပြင် ကျောက်နီမော်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၉ ရက်တွင် ထပ်မံလေကြောင်းဗုံးကြဲရာ လူ ၄၀ ကျော်သေဆုံးခဲ့ပြီးနေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီးခဲ့သည်။
ဇန်နဝါရီ လတွင် စစ်ကောင်စီတပ် လေကြောင်းသုံးဗုံးကြဲမှုကြောင့် ကျောက်နီမော်ရွာနှင့်ကမ်းထောင်ကြီးရွာတို့တွင် အရပ်သားပြည်သူများထိခိုက်သေဆုံးခဲ့ရပြီးနေအိမ်များလည်းပျက်စီးခဲ့ရသည်။
ထို့ကြောင့် ပြည်သူများ သတင်းပေးပို့မှုကြောင့် အေအေ တပ်စခန်း၊စီးပွားရေးနေရာများကိုဗုံးကြဲနိုင်ခဲ့ဆိုကာဓာတ်ပုံအဟောင်းကိုအသုံးပြုထားသည့်သတင်းအကြောင်းအရာသည် သတင်းအမှား အကြောင်းအရာဖြစ်သည် ။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork