NLD၊ NUGအဖွဲ့ဝင်တွေရဲ့လက်နက်ကိုင်အကြမ်းဖက်မှုကြောင့် ပုဂ္ဂလိကဆိုင်ရာလုံခြုံရေးဥပဒေကို စစ်ကောင်စီ ပြဌာန်းလိုက်ရဆိုတဲ့သတင်းမှား
Share:FacebookX

NLD၊ NUGအဖွဲ့ဝင်တွေရဲ့လက်နက်ကိုင်အကြမ်းဖက်မှုကြောင့် ပုဂ္ဂလိကဆိုင်ရာလုံခြုံရေးဥပဒေကို စစ်ကောင်စီ ပြဌာန်းလိုက်ရဆိုတဲ့သတင်းမှား

ဖေဖော်ဝါရီလ၊ ၂၇၊ ၂၀၂၅။

(Fact Check) DNA / MPA/ The Red Flag

 NLD၊ NUGနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ပြည်သူပိုင်ပစ္စည်းတွေနဲ့ စက်ရုံတွေကို အကြမ်းဖက်ဖျက်စီးနေတာကြောင့် စစ်ကောင်စီက ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၊ ၁၈ရက်နေ့မှာ ပုဂ္ဂလိကဆိုင်ရာလုံခြုံရေးဥပဒေကို  ပြဌာန်းလိုက်ရခြင်းဖြစ်တယ်ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်လောင်လောင်ပျံ့နှံ့နေပါတယ်။

အဲ့ဒီသတင်းမှားကို စစ်ကောင်စီလော်ဘီတယ်လီဂရန်ချန်နယ်တခုဖြစ်တဲ့ Kyaw Swar ချန်နယ်ကနေစတင်ဖြန့်ဝေခဲ့ပြီး ကြည့်ရှုသူ ၃၅,၈၆၄ဦး၊ reactions ပြုလုပ်သူ ၈၃၇ဦး၊ commentရေးသားသူ ၃၅ဦးထိရှိပြီး ပြန်လည်မျှဝေသူ ၂၅ဦးထိရှိကာ ပျံ့နှံ့မှုအားကောင်းနေတာပါ။သတင်းမှားလင့် – https://archive.ph/CYYQi 

အဲဒီပျံ့နှံံလာတဲ့အကြောင်းအရာကို MFCN အဖွဲ့ဝင်တွေဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ MPA Fact Check အဖွဲ့တို့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံ သဘောတူညီမှုရယူပြီး ပုဂ္ဂလိကဆိုင်ရာလုံခြုံရေးဥပဒေကိုပြဌာန်းလိုက်တယ်ဆိုတာကိုတွေ့ရှိရတာကြောင့် လက်နက်ကိုင်အဖွဲ့ဝင်တွေကြောင့် ပုဂ္ဂလိကဆိုင်ရာလုံခြုံရေးဥပဒေဖြစ်လာတယ်ဆိုတဲ့ စွတ်စွဲချက်က အကြောင်းအရာအမှားဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

သတင်းစိစစ်ချက် ☑️

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကို အသုံးပြုနေတာနှစ်တချို့ရှိနေပြီဖြစ်ပေမယ့် တရုတ်အစိုးရအနေနဲ့ နှစ်နိုင်ငံ ပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီထူထောင်ဖို့ စစ်ကောင်စီကို ကမ်းလှမ်းခဲ့တယ်ဆိုတဲ့အကြောင်းကို BBC Burmese သတင်းဌာနကနေပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ၃၀ရက် ၂၀၂၄ကသတင်းတင်ဆက်ထားပါတယ်။

BBC Burmeseသတင်းဌာန ရုပ်သံသတင်းလင့် – https://www.youtube.com/watch?v=9xRgxYBTESE 

ပြီးခဲ့တဲ့ ဩဂုတ်လ၊ ၁၄ရက်၊ ၂၀၂၄ခုနှစ်က စစ်ကောင်စီနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့တွေ့ဆုံခဲ့ပြီးတဲ့နောက် လပိုင်းအကြာမှာပဲ ပုဂ္ဂလိကဆိုင်ရာလုံခြုံရေးဥပဒေကို စစ်ကောင်စီကလက်မှတ်ရေးထိုးခဲ့ပြီး အတည်ပြုခဲ့တယ်ဆိုတာကို BBC Burmeseသတင်းဌာနကရေးသားထားတဲ့ ဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

BBC Burmeseသတင်းဌာန ဆောင်းပါးလင့် – https://www.bbc.com/burmese/articles/c89ylxe38eeo 

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၊ ၁၈ရက်နေ့က စစ်ကောင်စီထုတ်ပြန်ခဲ့တဲ့ ပုဂ္ဂလိကဆိုင်ရာလုံခြုံရေးဥပဒေက တရုတ်နိုင်ငံရဲ့စီးပွားရေးနဲ့ စီမံကိန်းတွေကိုကာကွယ်ဖို့အတွက် ထုတ်ပြန်လိုက်တာဖြစ်တယ်ဆိုတဲ့အကြောင်းကို The Irrawaddy News ကလည်းရုပ်သံနဲ့ တင်ဆက်ဖော်ပြထားပါသေးတယ်။

The Irrawaddy News – https://www.youtube.com/watch?v=_tk-jNrOn0c 

သုံးသပ်ချက် ☑️

 စစ်ကောင်စီဘက်ထုတ်ပြန်လိုက်တဲ့ လုံခြုံရေးဥပဒေက ပြီးခဲ့တဲ့ ဩဂုတ်လက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံပြီးတဲ့နောက် တရုတ်နိုင်ငံရဲ့တောင်းဆိုမှုကို စစ်ကောင်စီဘက်က လက်ခံအတည်ပြုပြီ အကောင်ထည်ဖော်ခဲ့တာဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။

စစ်ကောင်စီရဲ့ အခုလိုတရုတ်နိုင်ငံနဲ့တွေ့ဆုံပြီး လပိုင်းအကြာမှာ လက်နက်တရားဝင်ကိုင်ဆောင်နိုင်တဲ့ ပုဂ္ဂလိကဆိုင်ရာလုံခြုံရေးဥပဒေကို  ပြဌာန်းခဲ့တဲ့အပေါ် ပြည်သူတွေကြားမှာ အာရုံစိုက်စရာဖြစ်လာခဲ့ပြီး မေးခွန်းထုတ်ဝေဖန်မှုတွေရှိနေခဲ့တာပါ။

ဒါကြောင့် စစ်ကောင်စီလော်ဘီချန်နယ်တွေအနေနဲ့ NLD၊ NUGအဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့်လို့ ခေါင်းစဥ်တပ်ပြီး စစ်ကောင်စီအပေါ်ဝေဖန်မှုလျော့အောင် သတင်းမှားတွေဖြန့်ဝေနေတာဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check နဲ့ MPA Fact Check အဖွဲ့တွေကိုလည်း Facebook page တွေကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

#လုံခြုံရေးဆိုင်ရာဥပဒေ #တရုတ်-မြန်မာနှစ်နိုင်ငံသဘောတူညီမှု #အချက်အလက်စိစစ်ချက် #သတင်းတု၊သတင်းမှားတိုက်ဖျက်ရေး #DNAFactCheck #MPAFactCheck

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .