Covid 19 Omicron XBB က အရင် ဗိုင်းရက်စ်ထက်ငါးဆပြင်းထန်ပြီး သေဆုံးမှုများပြားနေတယ်ဆိုတဲ့ သတင်းမှား
Share:FacebookX

Covid 19 Omicron XBB က အရင် ဗိုင်းရက်စ်ထက်ငါးဆပြင်းထန်ပြီး သေဆုံးမှုများပြားနေတယ်ဆိုတဲ့ သတင်းမှား

ဖေဖော်ဝါရီလ၊ ၂၇၊ ၂၀၂၅။

(Fact Check) DNA / MPA/ The Red Flag

Covid 19 Omicron XBB က ရောဂါရှာဖွေရခက်တဲ့ဗိုင်းရက်စ်ပိုးဖြစ်တဲ့အပြင် အရင်က covid 19 မျိုးကွဲတွေထက်ငါးဆပြင်းထန်ပြီးသေဆုံးမှုများနေတယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ 

အဲ့ဒီသတင်းမှားကို ကျန်းမာရေးအကြံပေး Page တွေ၊ follower သောင်းချီရှိတဲ့ Page တွေနဲ့ တခြား Social influencerတွေကလည်း ပြန်လည်မျှဝေနေတာကြောင့် ပျံ့နှံ့မှုအားကောင်းနေတာပါ။ 

ပျံ့နှံ့နေတဲ့ Covid 19 Omicron XBB ဗိုင်းရက်အကြောင်းကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ နဲ့ MPA Fact Check အဖွဲ့တို့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ  Omicron XBBက လက်ရှိမှာ ပျံ့နှံ့မှုအားကောင်းပြီး အရင်မြစ်ဝကျွန်းပေါ်မျိုးကွဲတွေထက် ၅ဆအထိသေဆုံးမှုမြင့်တက်နေတယ်ဆိုတဲ့ အကြောင်းအရာက မှားယွင်းနေကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ 

သတင်းစိစစ်ချက်☑️

 Omicron XBBကို ၂၀၂၂ခုနှစ် ဩဂုတ်လမှာ WHO အဖွဲ့ကနေစတင်တွေ့ရှိခဲ့တာဖြစ်ပြီး Omicron XBB က Omicron မျိုးကွဲတွေထဲကတခုဖြစ်ပြီး XBBက Omicron BA.2မျိုးကွဲနှစ်ခုရဲ့ ဗိုင်းရက်စ်ပိုး ပြန်လည်ပေါင်းစပ်မှုကနေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ဒါ့အပြင့် အဲ့ဒီမျိုကွဲ XBB က Omicronရဲ့ အခြားမျိုးကွဲတွေနဲ့ သိသိသာသာကွဲပြားမှုမရှိဘူးလို့ WHO အနေနဲ့ယူဆထားပြီးတော့ လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုတွေအတွက် စိုးရိမ်စရာမျိုးကွဲအသစ်အဖြစ် သတ်မှတ်ဖို့ မလိုအပ်သေးဘူးလို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာကိုလည်း ပြီးခဲ့တဲ့ October ၂၇ရက် ၂၀၂၂ကထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်လင့် – https://shorturl.at/zBXCW 

Covid -19 ကိုဖြစ်ပေါ်စေတဲ့ မျိုးကွဲတွေနဲ့ပတ်သက်တဲ့ နောက်ဆုံးရ သုတေသနအချက်လက်တွေကို Centers for Disease Control and Prevention (CDC)ရဲ့ ဝဘ်ဆိုဒ်ကနေလည်း စောင့်ကြည့်လေ့လာနိုင်ပါတယ်။

CDC website link – https://shorturl.at/po06W 

Omicron မျိုးကွဲ XBBနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်လက်တွေကိုလည်း စင်ကာပူနိုင်ငံ MOH ကလည်းထုတ်ပြန်ထားပါသေးတယ်။

MOH လင့် – https://shorturl.at/pgVv1 

ကာကွယ်ရန် နည်းလမ်းများ ☑️

၁။ ကာကွယ်ဆေးထိုးပါ – ကာကွယ်ဆေးထိုးတာက ဗိုင်းရက်စ်ရဲ့ပြင်းထန်မှုကို လျော့နည်းစေနိုင်ပြီး၊ ကိုယ်ခံအားတိုက်စားမှုကိုလည်းလျှော့ကျစေပါတယ်။

၂။ လက်ဆေးပါ – လက်ကို စင်ကြယ်စွာ ဆေးကြောပါ။ 

၃။ မျက်နှာဖုံးတပ်ပါ(mask) – လူထူထပ်သော နေရာများတွင် မျက်နှာဖုံးတပ်ပါ။ 

၄။ လူစုလူဝေးကို ရှောင်ပါ – လူစုလူဝေးတွေရှိတဲ့နေရာက ရောဂါပိုးကူးစက်နိုင်ခြေပိုးများပါတယ်။

၅။ လေဝင်လေထွက်ကောင်းပါစေ – အိမ်တွင်း၊ လေဝင်လေထွက်ကောင်းအောင်ဂရုစ်ိုက်ပါ။

သက်သေပြချက် ☑️

Omicron XBB ဗိုင်းရက်စ်က ကူးစက်မှုမြန်တဲ့ ဗိုင်းရက်စ်ဖြစ်ပေမယ့် တခြား Omicron မျိုးကွဲတွေထက် ပိုပြင်းထန်ပြီး သေဆုံးမှုမြင့်တက်နေတယ်ဆိုတာကို WHO အနေနဲ့ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။

ဒါ့ကြောင့် XBB ရောဂါပိုးက တခြားဗိုင်းရက်စ်တွေထက်ပြင်းထန်ပြီး သေဆုံးမှု၅ဆအထိ မြင့်တက်နေတယ်အကြောင်းအရာကလွဲမှားနေတဲ့ သတင်းမှားတခုဖြစ်ပါတယ်။

XBB နဲ့ပတ်သက်ပြီး သတင်းမှားဖြစ်ကြောင်းကိုလည်း Fact Checking အဖွဲ့အစည်းတွေဖြစ်တဲ့ Fact Crescendo အဖွဲ့နဲ့ တွေးပြီးမှယုံ – Think Before You Trustအဖွဲ့ကနေလည်း အချက်လက်စိစစ်ခဲ့ပါသေးတယ်။

Fact Check Link

 Fact Crescendo  – https://shorturl.at/AIAlf 

တွေးပြီးမှယုံ – Think Before You Trust – https://shorturl.at/QJlX2 

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check နဲ့ MPA Fact Check အဖွဲ့တွေကိုလည်း Facebook page တွေကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .