ထိုင်းရောက် မြန်မာများ တင်းကြပ်စွာ ဖမ်းဆီးစစ်ဆေးခံရမှု NUG/PDF ‌ထောက်ပို့များကြောင့်ဟု စစ်တပ်ဝါဒဖြန့်သူများ သတင်းအမှားဖြန့်
Share:FacebookX

ထိုင်းရောက် မြန်မာများ တင်းကြပ်စွာ ဖမ်းဆီးစစ်ဆေးခံရမှု NUG/PDF ‌ထောက်ပို့များကြောင့်ဟု စစ်တပ်ဝါဒဖြန့်သူများ သတင်းအမှားဖြန့်

26 Feb 2025 By Myanmar Pressphoto Agency/ Delta News Agency/The Red Flag 

ထိုင်းနိုင်ငံတွင် ဥပဒေချိုးဖောက်မှုများကျူးလွန်သည့် နိုင်ငံခြားသားများကို စောင့်ကြည့်အ‌ရေးယူရန် ထိုင်းရဲချုပ်က အမိန့်ထုတ်ပြီးနောက် အထောက်ထားမဲ့မြန်မာနိုင်ငံသားများ၊ တရားမဝင်နေထိုင်သူ များ၊စျေးရောင်းသည့်မြန်မာနိုင်ငံသားများဖမ်းဆီးခံရမှုကို  NUG/PDF ‌ထောက်ပို့များကြောင့် ဟု စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။ 

Ko Thet တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းတွင် ထိုင်းတွင်မြန်မာများတင်းကြပ်စွာ ဖမ်းဆီးစစ်ဆေးခံရမှု NUG/PDF ‌ထောက်ပို့များကြောင့် ဟု ရေးသားဖော်ပြထားသည်။ 

အဆိုပါ‌ရေးသားဖော်ပြမှုကို ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းအထိကြည့်ရှုသူ ၁၈,၀၀၀ ကျော်၊ Like and react လုပ်သူ ၄၈၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖြန့်ဝေလျက်ရှိသည်။ 

သတင်းအမှားလင့်ခ်များ 

Ko Thet- https://archive.ph/RrLcn 

ကိုနှင်းမောင် – https://archive.ph/4gRan 

ရွှေနေကြာ – https://archive.ph/sHhij

စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA နှင့် DNA သတင်းဌာန နှစ်ခု ပူးပေါင်း၍ အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

ပျံ့နှံ့နေသည့် သတင်းအကြောင်းအရာကို Google တွင် “ ထိုင်းတွင်မြန်မာများဖမ်းဆီးခံရ” ဆိုသည့် စာသား ဖြင့်ရှာဖွေကြည့်ရာ RFA,DVB,Mizzima သတင်းမီဒီယာတို့က သတင်းရေးသားဖော်ပြထားသည်။ 

RFA သတင်းမီဒီယာတွင် ထိုင်းတွင် မြန်မာအပါအဝင် တရားမဝင် နိုင်ငံခြားသားများဖမ်းဆီးမှုများနေကြောင်း၊ တရားမဝင်နေထိုင်အလုပ်လုပ်ကိုင်နေသည့်နိုင်ငံခြားသားများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးစစ်ဆေးမှုများ လာကြောင်း ၊ ထိုင်းအာဏာပိုင်များဖမ်းဆီးစစ်ဆေးမှုတွင်မြန်မာအများစုဖမ်းဆီးခံနေရကြောင်း၊ ထိုင်းအာဏာ ပိုင်များမှ နိုင်ငံတွင်း တရားမဝင် ဝင်‌ရောက်နေထိုင်သူ၊ အလုပ်လုပ်ကိုင်သူစသည့် အချက်များဖြင့် မြန်မာအပါဝင် နိုင်ငံခြားသားရာချီဖမ်းဆီးထားကြောင်း ရေးသားဖော်ပြထားသည်။ 

DVB သတင်းမီဒီယာတွင် ထိုင်းနိုင်ငံတွင် ဥပဒေနှင့်အညီ လိုက်နာနေထိုင်ခြင်းမရှိသည့် နိုင်ငံခြားသားများကို စစ်‌ဆေးနှိမ်နှင်းရန် ထိုင်းရဲချုပ်ညွှန်ကြားပြီးနောက် နိုင်ငံခြားသားများနှင့် ‌ရွှေ့ပြောင်း လုပ်သားများရှိရာ လုပ်ငန်းခွင်နှင့် နေအိမ်ခန်းများကိုလိုက်လံရှာဖွေစစ်ဆေးနေကြောင်း” ရေးသားဖော်ပြထားသည်။ 

Mizzima သတင်းမီဒီယာတွင် ထိုင်းနိုင်ငံနေရာအနှံ့တွင် တရားမဝင်‌ရွှေ့ပြောင်းအလုပ်သမားနှင့် ထိုင်းအစိုးရမှ သတ်မှတ်ထားသည့် ဥပဒေ ချိုးဖောက်သူများကို ဖမ်းဆီးအ‌ရေးယူမှုများတင်းတင်းကြပ်ကြပ် ဆက်တိုက်ပြု လုပ်လျက်ရှိကြောင်း” ရေးသားဖော်ပြထားသည်။

ထို့အပြင် ထိုင်းနိုင်ငံရဲမှူးချုပ်သည် တရားမဝင်ဝင်ရောက်လာသည့် နိုင်ငံခြားသားများနှင့် မလျှော်ကန်သော် အပြုအမူများပြုလုပ်သည့် နိုင်ငံခြားသားအုပ်စုတို့ကို ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်းကို ထိုင်းနိုင်ငံရှိ ရဲစခန်းအားလုံးအား အမိန့်ပေးထုတ်ပြန်ထားကြောင်းကိုလည်း ထိုင်းနိုင်ငံအခြေစိုက်သတင်းမီဒီယာတခုဖြစ်သည့် Bangkok Post သတင်းဌာနတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ၊ ၁၈ရက်က ရေးသားဖော်ပြထားသည်။

သတင်းမီဒီယာလင့်ခ်များ

RFA – https://shorturl.at/Smiz1 

DVB – https://shorturl.at/DM206 

Mizzima –  https://shorturl.at/nqjIB 

Bangkok post –https://shorturl.at/cVabX 

သုံးသပ်ချက်  

ထိုင်းနိုင်ငံတွင် ထိုင်းရဲချုပ်က နိုင်ငံတွင်း တရားမဝင် ဝင်‌ရောက်နေထိုင်သည့်နိုင်ငံခြားသားများ၊ ဥပဒေချိုးဖောက် သည့်နိုင်ငံခြားသားများကို ဖမ်းဆီးအရေးယူရန်အမိန့်ထုတ်ပြီးနောက် ထိုင်းရောက် မြန်မာအပါအဝင် နိုင်ငံခြား သားရာနဲ့ချီဖမ်းဆီးခံထားရခြင်းဖြစ်သည်။ 

ဖမ်းဆီးခံထားရသူများသည် တရားမဝင်နေထိုင်အလုပ်လုပ်ကိုင်သူများဖြစ်ပြီး အများစုမှာ မြန်မာနိုင်ငံသားများ ဖြစ်သည်။ 

ထို့ကြောင့် ထိုင်းနိုင်ငံတွင်  NUG/PDF ‌ထောက်ပို့များကြောင့် မြန်မာများဖမ်းဆီးခံရမှုများလာဆိုသည့် သတင်းအကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်သည့်အတွက် အဆိုပါဆိုရှယ်မီဒီယာများပေါ်မှ အကြောင်းအရာ တစ်ချို့ကို ပုံဖျက်ရန်၊ ဝါဒဖြန့်ရန်နှင့် ကိုယ်ကျိုးရှာဖွေဖို့ရန်အတွက် ရည်ရွယ်၍ သတင်းအတု၊ သတင်းအမှားများကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြသည့်အတွက်ကြောင့် အလွယ်တကူ မယုံကြည်ရန်နှင့်၊ ပြန်ပြီး မမျှဝေကြရန်အတွက် အကြံပြုလိုပါသည်။

စာဖတ်သူများအနေနှင့် သတင်းအတု/သတင်းအမှား ဖြစ်သည်ဟု သံသယရှိ၍လည်းကောင်း၊ မှန်ကန်သည့် သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလျှင်ဖြင့်လည်းကောင်း ၊ Fact Checking ပြုလုပ်ပေးသည့် သတင်းဌာန/အဖွဲ့ အစည်းတွေ၏ Chat Box ကနေတဆင့် သွားရောက်မေးမြန်းကြရန်အတွက်  တိုက်တွန်းလိုပါသည်။ 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်သည့် DNA Fact Check နှင့် MPA Fact Check အဖွဲ့များကိုလည်း ၎င်းတို့၏ Facebook page များမှဆင့်  ဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

#MFCN #MPA #DNA #FactCheck #သတင်းအမှား #ထိုင်းရောက်မြန်မာ #ဖမ်းဆီး #ထောက်ပို့

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .