၂၀၂၅ ဖေဖော်ဝါရီလ ၂၅ ရက် ( ဖက်ဒရယ် FM၊ The Red Flag)
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ခံ လုပ်ငန်းရှင်တွေဆီကို ခြိမ်း ခြောက်ငွေတောင်းခံနေတဲ့ Loikaw Local PDF အဖွဲ့တံဆိပ်ပါ ထုတ်ပြန်ချက် အတုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပျံ့နှံ့ခဲ့ပါတယ်။
သတင်းအမှားဖြစ်ကြောင်း လင့်ခ် – https://www.facebook.com/share/p/15ow3xiGKu/
အဆိုပါ ထုတ်ပြန်ချက် အကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Federal FM က အချက်အလက်စစ်ဆေးခဲ့ရာ တစ်စိတ်တစ်ပိုင်း သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
လွတ်လပ်တဲ့ ဒေသတွင်း မီဒီယာသတင်းဌာနဖြစ်တဲ့ ကန္တာရဝတီတိုင်း ( မ် ) သတင်းဌာနမှာတော့”
Loikaw Local PDF ရဲ့ Logo ကို အသုံးပြုပြီး ပြည်သူလူထုအပေါ် ခြိမ်းခြောက်ငွေကောက်ခံတဲ့ ထုတ်ပြန်ချက်တစောင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကစပြီး လူမှုကွန်ရက်စာမျက်နှာမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး Loikaw Local PDF အဖွဲ့က ပြည်သူလူထုအပေါ် ခြမ်းခြောက်ငွေ ကောက်ခံမှု မရှိကြောင်းကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ပြန်လည် ရှင်းလင်းထုတ်ပြန်ထားပါတယ်။
အခုလို Page အတုတွေကို အသုံးပြုပြီး ပြည်သူလူထုတွေကို ခြိမ်းခြောက်တာတွေ ၊ ငွေကောက်ခံတွေရှိနေတဲ့ အတွက် ပြည်သူတွေအနေနဲ့ သေချာ စိစစ်ကြဖို့နဲ့ လိုအပ်ပါက Telegram ၊ Signal ကနေ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို Loikaw Local PDFရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်” ဆိုပြီးတော့ သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံ လင့် – https://www.facebook.com/share/p/1ARihQgKhD/
နောက်ထပ်လွတ်လပ်တဲ့ ဒေသတွင်းမီဒီယာဖြစ်တဲ့ Karenni People’s Voice သတင်းဌာနမှာတော့ “ဖေဖော်ဝါရီလ ၁၈ ရက်နေ့ရက်စွဲဖြင့် Loikaw Local PDF အမှတ်တံဆိပ် အသုံးပြုကာ ဒေသခံပြည်သူများအပေါ် ခြိမ်းခြောက်၍ ရန်ပုံငွေကောက်ခံသည့်ထုတ်ပြန်စာအတုထွက်ပေါ်လာသည်” ဆိုပြီးတော့ သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
သတင်းအပြည့်အစုံ လင့် – https://www.facebook.com/share/p/18hCBcWFA8/
အဆိုပါ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဖက်ဒရယ်FMက Loikaw Local PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်း ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ “ ထုတ်ပြန်ချက်က အတုဖြစ်တယ်။ ကျွန်တော်တို့ မထုတ်ဘူးဆိုတာ သေချာတယ်။ ဒါကလည်း ကျွန်တော်တို့ဆီ လူထုတွေဆီက အကြောင်းကြားလာလို့ သိရတယ်။ လက်ရှိမှာတော့ စုံစမ်းနေပါတယ်။ ဘယ်သူတွေ ထုတ်ပြန်တာလဲ၊ ဘယ်က ထုတ်တာလဲ ဆိုတာကို လိုက်စုံစမ်းနေတယ်။ လောဆယ်တော့ သေချာတဲ့ အချက်အလက်မရသေးဘူး။ စုံစမ်းနေဆဲပါ” လို့ ဖက်ဒရယ် FM ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
သုံးသပ်ချက်
ဒါကြောင့် လွိုင်ကော်မြို့လုပ်ငန်းရှင်တွေဆီကို Viber ,ဖြန့်ဝေစာ ,ပုံစံတွေနဲ့ နေရာ ဆိုင်လိပ်စာ အတိအကျဖော်ပြပြီး ခြိမ်းခြောက်ငွေတောင်းခံတဲ့ ဖြစ်စဉ်ဖြစ်ပွားနေပြီး Loikaw Local PDF တံဆိပ်ပါ ထုတ်ပြန်ချက်ဟာ အယောင်ဆောင်ထုတ်ပြန်ချက်အတုဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေကနေ ခြိမ်းခြောက်ငွေတောင်းခံနေတာဟာ လိမ်လည်မှုတွေဖြစ်ကြောင်း သတိထားကြဖို့ တိုက်တွန်းချင်ပါတယ်။
ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork