ညောင်ရွှေမြို့နယ် ပြည်သူပိုင်ပစ္စည်းများနှင့် နေအိမ်များအား PDF တပ်ဖွဲ့က ဖောက်ထွင်းခိုးယူနေဟု သတင်းအမှားဖြန့်
Share:FacebookX

ညောင်ရွှေမြို့နယ် ပြည်သူပိုင်ပစ္စည်းများနှင့် နေအိမ်များအား PDF တပ်ဖွဲ့က ဖောက်ထွင်းခိုးယူနေဟု သတင်းအမှားဖြန့်

၂၀၂၅ ဖေဖော်ဝါရီလ ၂၅ ရက်, သျှမ်းသံတော်ဆင့်၊ The Red Flag

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ရေပူကျေးရွာနှင့် လွယ်နွဲ့ကျေးရွာများမှ ဒေသခံပြည်သူပိုင် ပစ္စည်းများနှင့် နေအိမ်များအား ပြည်သူ့ကာကွယ်ရေးတပ် PDF က ဖော်ထွင်းခိုးယူနေကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် ကျော်စွာချန်နယ်က ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး “ညောင်ရွှေမြို့နယ် အင်းလေးဒေသက ရေပူကျေးရွာနဲ့ လွယ်နွဲ့ကျေးရွာက ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို PDF တွေက အတင်းအဓမ္မလိုက်လံခိုးယူနေတဲ့အပြင် နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးပြီး ရှိသမျှပစ္စည်းအကုန်လုံးကိုလည်း ထော်လာဂျီတွေနဲ့ တိုက်ယူခိုးယူနေတယ်လို့ သိရပါတယ်” ဟု (မူရင်းအတိုင်း) ဆိုကာ ရေးသားဖြန့်ချိခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၄၁,၀၀၀ ကျော်ရှိပြီး ကျော်စွာချန်နယ်အပြင် စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်များဖြစ်သည့် ဟန်ငြိမ်းဦး၊ Ka Ka Han တို့ကလည်း ထပ်ဆင့်ဖော်ပြထားပါသည်။

မူရင်းလင့်ခ် – https://archive.ph/c9wlY

ဟန်ငြိမ်းဦး – https://archive.ph/DrUnI

Ka Ka Han – https://archive.ph/e6q7d

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်၏ အချက်အလက် စစ်ဆေးသူများက စိစစ်ကြည့်သည့်အခါ မှားယွင်းနေကြောင်း တွေ့ရသည်။

သတင်းစိစစ်တွေ့ရှိချက်

ညောင်ရွှေမြို့နယ် ရေပူကျေးရွာနှင့် လွယ်နွဲ့ကျေးရွာကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဇန်နဝါရီလဆန်းပိုင်းမှစပြီး ညောင်ရွှေ-ပင်လောင်း-ဖယ်ခုံနယ်စပ်ဒေသရှိ ကျေးရွာများအား စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ဒေသခံများဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်က ဖော်ပြထားသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကျေးရွာများထဲတွင် ရေပူကျေးရွာနှင့် လွယ်နွဲ့ကျေးရွာတို့လည်း ပါဝင်သည်။

သတင်းလင့်ခ် – https://burmese.shannews.org/archives/46592

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာ ၅ ရွာနှင့် လူနှစ်ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်းလည်း RFA သတင်းဌာနကလည်း ဖော်ပြထားသည်။

သတင်းလင့်ခ် – https://shorturl.at/YagCj

လက်ရှိ ညောင်ရွှေမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းများတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေကြောင်း၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထား၍ စစ်ဘေးရှောင်များ အခက်ခဲကြုံနေကြောင်း ခမ်းသားငေါဝ်းသတင်းဌာနက ဖော်ပြသည်။

သတင်းလင့်ခ် – https://shorturl.at/lSmZr

သို့သော် ညောင်ရွှေမြို့နယ် ရေပူးကျေးရွာနှင့် နွယ်နွဲ့ကျေးရွာများမှ ဒေသခံပြည်သူပိုင် ပစ္စည်းများနှင့် နေအိမ်များအား PDF တပ်ဖွဲ့က ဖော်ထွင်းခိုးယူနေသည်ဆိုသည့် ဖော်ပြချက်နှင့်ပတ်သက်၍ မည်သည့်သတင်းဌာနတွင် ဖော်ပြထားခြင်းမတွေ့ရသေးပေ။

သုံးသပ်ချက် –

ထိုကြောင့် ညောင်ရွှေမြို့နယ် ပြည်သူပိုင်ပစ္စည်းများနှင့် နေအိမ်များအား PDF တပ်ဖွဲ့က ဖောက်ထွင်းခိုးယူနေသည် ဆိုသည့်ဖော်ပြချက်က မှားယွင်းနေပါသည်။

ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဖော်ပြသော သျှမ်းသံတော်ဆင့်၏ သတင်းတစ်ပုဒ်တွင် “သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးပြီး အိမ်အတွင်းရှိ ပစ္စည်းများဝင်ရောက်ခိုးယူမှု ပြုလုပ်နေကြောင်း” ဒေသခံတစ်ဦး၏ အတည်ပြုချက်ဖြင့် ဖော်ပြထားသည်။

သတင်းအပြည့်အစုံဖတ်ရန် – https://shorturl.at/GjvDs

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသော အကြောင်းအရာတွင်လည်း ခိုင်လှုံသည့်သက်သေ အထောက်အထားဖြင့် ဖော်ပြထားခြင်းမရှိသကဲ့သို့ ဒေသခံများ၏ ပြောဆိုချက်များလည်း မရှိပါ။

စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .