ဖရူဆိုမြို့နယ် အနောက်ခြမ်းရှိ ဆေးရုံကို လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ထိခိုက်သေဆုံးမှု အမြောက်အများရှိဆိုပြီး ဝါဒဖြန့်ချိ
Share:FacebookX

ဖရူဆိုမြို့နယ် အနောက်ခြမ်းရှိ ဆေးရုံကို လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ထိခိုက်သေဆုံးမှု အမြောက်အများရှိဆိုပြီး ဝါဒဖြန့်ချိ

၂၀၂၅ ဖေဖော်ဝါရီလ 20 ရက် ( ဖက်ဒရယ် FM၊ The Red Flag)

ကရင်နီပြည်၊ဖရူဆိုမြို့နယ်ရှိဒေါရောက်ခူတောင်ဘက်ဟန်လင်းခူဆေးရုံတွင်ဒဏ်ရာရအကြမ်းဖက်များနှင့်ခေါင်းကြီးပိုင်းများရောက်ရှိနေကြောင်း၊မြေပြင်သတင်းရရှိခဲ့တာကြောင့်ယနေ့ဖေဖော်ရီ၁၃ရက်နေ့ညနေ၂နာရီခွဲအချိန်လေကြောင်း၃ကြိမ်ဗုံး၄လုံးကြဲချသုတ်သင်ခဲ့ပါတယ်။သေဆုံးထိခိုက်များကြောင်းသိရပြီးဒဏ်ရာရသူအချို့ သယ်ယူသွားသည့်နေရာအား အသေးစိပ်စီစစ်စုံစမ်းနေဆဲ ဆိုပြီးတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

Subscriber ၂၆,၀၀၃ကျော်ရှိတဲ့ Truth Media အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ “ဖရူဆိုမြို့နယ်ရှိဒေါရောက်ခူတောင်ဘက်ဟန်လင်းခူဆေးရုံတွင်ဒဏ်ရာရအကြမ်းဖက်များနှင့်ခေါင်းကြီးပိုင်းများရောက်ရှိနေကြောင်း၊မြေပြင်သတင်းရရှိခဲ့တာကြောင့်ယနေ့ဖေဖော်ရီ၁၃ရက်နေ့ညနေ၂နာရီခွဲအချိန်လေကြောင်း၃ကြိမ်ဗုံး၄လုံးကြဲချသုတ်သင်ခဲ့ပါတယ်။သေဆုံးထိခိုက်များကြောင်းသိရပြီးဒဏ်ရာရသူအချို့ သယ်ယူသွားသည့်နေရာအား အသေးစိပ်စီစစ်စုံစမ်းနေဆဲ ဆိုပြီးတော့” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။

Truth Media တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ ဖေဖော်ဝါရီလ ၁၃ ရက်ကနေ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ကြည့်ရှုသူ တစ်သောင်းကျော်၊ like and react လုပ်သူ တစ်ရာကျော် ရှိပါတယ်။

သတင်းအမှားလင့်ခ် – https://t.me/Snowqueen1111233/34587?single
မူရင်းသတင်းလင့်ခ် – https://t.me/Snowqueen1111233/34587

တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ အဆိုပါသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Federal FM က အချက်အလက်စစ်ဆေးခဲ့ရာ တစ်စိတ်တစ်ပိုင်း သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

လွတ်လပ်တဲ့ ဒေသတွင်း မီဒီယာသတင်းဌာနဖြစ်တဲ့ ကန္တာရဝတီတိုင်း ( မ် ) သတင်းဌာနမှာတော့” ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာတစ်နေရာကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ၊ ညနေ ၂နာရီကျော်အချိန်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ၄ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆေးရုံနဲ့ စာသင်ကျောင်းအပါအဝင် အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“၂ နာရီခွဲဝန်းကျင်လောက်ဖြစ်မယ်။ လူထိခိုက်မှုက မရှိဘူး။ စာသင်ကျောင်းပျက်စီးသွားတယ် ဝန်ထမ်းအိမ်ယာ ၊ အိမ်သာ ၊ ဆေးခန်းတစ်ဆောင်က လုံးဝသုံးလို့မရတော့ဘူး ကျန်တဲ့အဆောင်က ပြတင်းပေါက်တံခါးတွေ ပြိုကျကုန်တယ်။ ကျနော်တို့ဒေသခံအနေနဲ့ကျတော့ အရင်နှစ်လည်း ဒီလိုကြုံရတယ် ဒေသခံရဲ့အတွေးတွေ ဒဏ်ရာတွေကမနည်းတော့ဘူး သက်ကြီးရွယ်အို ရောဂါသည်တွေက ကယောင်ခြောက်ခြားဖြစ်ကုန်တယ် အခုဟာက ဟိုပြေးဒီပြေးပေါ့ လူကြီးလူငယ်ကအစ။ ကြောက်စရာ ခြောက်လှန့်မှုတစ်ခုပေါ့။”လို့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာမှာ နေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ဆိုပြီးတော့ သတင်းမှာ ဖော်ပြထားပါတယ်။

Link – https://www.facebook.com/share/p/1B7BgHvXX1/

နောက်ထပ်လွတ်လပ်တဲ့ ဒေသတွင်းမီဒီယာဖြစ်တဲ့ Karenni People’s Voice သတင်းဌာနမှာတော့ “ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံး ကြဲချခဲ့ခြင်း​ကြောင့် စာသင်ကျောင်းဆောင် ၁ ခု အပါအဝင် အဆောက်အဦး ၄ ခု ပျက်စီးခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်လည်း စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဆိုပြီးတော့ သတင်းမှာလည်း ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ – https://www.facebook.com/share/p/1B7izV4BPi/

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဖက်ဒရယ်FMက ကျေးရွာဒေသခံကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ “ “ညနေပိုင်း ၂ နာရီနဲ့ ၃ နာရီကြားဝန်းကျင်မှာ လာကြဲတာပါ။ လေယာဉ်က နှစ်ခေါက်ဝဲပြီး သုံးခေါက်မြောက်မှာ ကြဲချတာဖြစ်တယ်။ အဲ့ဒီအချိန် ကျွန်မ မြန်မြန်အိမ်အောက်ဆင်းပြီး ပုန်းတာ၊ ကံကောင်းသွားတယ်။ အိမ်က ဒီနားဝန်းကျင်မှာ ရှိနေတော့ လက်နက်ကြီးရဲ့အစတွေ မီးဖိုချောင်ထိ လာစင်တာရှိတယ်။ အရင်ရက်တွေမှာ လေယာဉ်လာဝဲတာတွေမရှိဘဲ အခုက ချက်ချင်း လာကြဲတာ။ အဲ့ဒီအ‌ဆောက်အအုံ‌တွေမှာ လူမရှိတော့လို့ ကံကောင်းသွားတယ်” ဆိုပြီးတော့ ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။

သုံးသပ်ချက်
စစ်ကောင်စီတပ်က ဝါဒဖြန့်ချိပြီး အသုံးပြုထားတဲ့ပုံတွေဟာ ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံး ကြဲချခဲ့ခြင်း​ကြောင့် စာသင်ကျောင်းဆောင် ၁ ခု အပါအဝင် အဆောက်အဦး ၄ ခု ပျက်စီးခဲ့တဲ့ အကြောင်းအရာတော့မှန်ကန်ပါတယ်။
“ဖရူဆိုမြို့နယ် အနောက်ခြမ်းရှိ ဆေးရုံကို လေယာဉ်ကြဲ၊ ထိခိုက်သေဆုံးမှု အမြောက်အများရှိ” ဆိုတဲ့အကြောင်းအရာဟာ အချက်အလက်မှားယွင်းနေတာဖြစ်ပြီး စစ်ကောင်စီ လော်ဘီ ချန်နယ်ဟာ ပြည်သူတွေရဲ့ စိတ်ကို ထင်ယောင်ထင်မှားဖြစ်အောင်သတင်းတု၊ သတင်းမှားတွေ ဖန်တီးကာ သတင်းအမှောင်ချဖို့ ဝါဒဖြန့်ချိရေးသားနေတာပဲ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုပြီးတိုင်း
ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .