By Wadi/ Myanmar Pressphoto Agency- The Red Flag
ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင်တွင် တော်လှန်ရေးထောက်ခံသူ မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံရဆို သော အကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၁၅ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင်တွင် တော်လှန်ရေးထောက်ခံသူ မြန်မာနိုင်ငံသား အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၄၆ ဦး နှင့် ကလေးငယ် ၁၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားများ ပါလာသည့် ကုန်ကားတစ်စီးကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၊ ဖေဖော်ဝါရီ ၁၂ ရက်တွင်လည်း တော်လှန်ရေးထောက်ခံသူ မြန်မာနိုင်ငံသား ၆၀ ဦး အဖမ်းခံခဲ့ရကြောင်း ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများ ဓာတ်ပုံနှင့်တကွ ရေးသားဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၅,၀၀၀ ကျော်၊ Reaction ပေးသူ ၆၀ ကျော် ရှိခဲ့ပြီး “Truth Media” ကပါ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှု များခဲ့သည်။
မူရင်းသတင်းအမှားရေးသားထားသောလင့်ခ် >>> https://archive.ph/7qDdV
ထပ်ဆင့်ဖြန့်ဝေထားသော သတင်းအမှားလင့်ခ် >>> https://archive.ph/uKvQ7
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ “BBC, Mizzima” နှင့် ထိုင်းနိုင်ငံ သတင်းမီဒီယာဖြစ်သည့် “Khaosod English”တို့တွင် ဖော်ပြထားသောဓာတ်ပုံ နှင့် ထပ်တူညီနေသည်။
သတင်းမီဒီယာများတွင် ဖေဖော်ဝါရီ ၁၄ ရက်က ထိုင်း-မလေးရှားနယ်စပ် လမ်းကြောင်းအတိုင်း မောင်းနှင် လာသည့် pick-up ကားပေါ်တွင် လိုက်ပါလာသည့် တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား တစ်ရာ ကျော်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးမိသူများမှာ အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၄၆ ဦး၊ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၁ ဦး စုစုပေါင်း ၁၀၆ ဦးဖြစ်ကြောင်း၊ ကားဖြင့် တင်ဆောင် လာသူ ယာဉ်မောင်းကို လူမှောင်ခိုမှုဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိသူများကို မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း သတင်းဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
BBC – https://bitly.cx/TDlxu
Mizzima – https://bitly.cx/Cqy51
Khaosod English – https://bitly.cx/vRdu
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ထိုင်းတွင် မြန်မာ တစ်ရာကျော် အဖမ်းခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “RFA, Western News, Narinjara” မီဒီယာအပါအဝင် အခြား သတင်းမီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် ဖေဖော်ဝါရီ ၁၄ ရက်က ထိုင်းနိုင်ငံ တောင်ပိုင်း ၊ ဖတ်ချဘူရီပြည်နယ်၊ စစ်ဆေးရေး ဂိတ်တစ်ခုတွင် ကုန်တင်ကားပေါ် တရားမဝင် တင်ဆောင်လာသည့် မြန်မာနိုင်ငံသား ၁၀၆ ဦးကို ထိုင်းရဲ တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း၊ ယာဉ်မောင်းကို တရားမဝင် လူမှောင်ခိုသယ်ဆောင်မှုဖြင့် အမှုဖွင့်အရေးယူ ထားပြီး တရားမဝင် နယ်မြေဖြတ်ကျော်လာသူများကို နေရပ်သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
RFA – https://bitly.cx/odvu
Western News – https://bitly.cx/HssHb
Narinjara – https://bitly.cx/feveT
သုံးသပ်ချက်
သတင်းမီဒီယာများတွင် တရားမဝင် ဝင်ရောက်သူ မြန်မာနိုင်ငံသား ၁၀၆ ဦး ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရေးသားထားသည်။
မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံရသည့် ဖြစ်စဉ်မှာ မှန်ကန်ပြီး ဖမ်းဆီးခံရသူများကို တော် လှန်ရေးထောက်ခံသူများဖြစ်သည်ဟု ဖော်ပြထားခြင်းကို မတွေ့ရပါ။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ တော်လှန်ရေးထောက်ခံသူ မြန်မာနိုင်ငံသား တစ်ရာကျော်ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး” ဆိုသော အကြောင်းအရာသည် တစ်စိတ်တစ်ပိုင်း မှာယွင်းနေသော သတင်းအမှား ဖြစ်ကြောင်း သိနိုင်သည်။
ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork