၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်
(Fact Check) Delta News Agency/သျှမ်းသံတော်ဆင့်/ The Red Flag
လူမှုကွန်ယက်စာမျက်နှာတခုဖြစ်တဲ့ Facebook မှာ Crystal Queen account ကနေ ၂၀၂၅ ဖေဖော်ဝါရီ ၂ ရက်က “ မြဝတီမှ နေရာရွေ့မည့် KNU ဥက္ကဌ ကွယ်ထူးဝင်း ပိုင်ဆိုင်သည့် ကျားဖြန့်လုပ်ငန်းသုံးပစ္စည်းများ အား ထိုင်းရဲဖမ်းဆီး။ Thai police have seized equipment used for online scam gambling owned by KNU Chairman Kwe Htoo Win, who is planning to relocate from Myawaddy” (မူရင်းအတိုင်း) ဆိုကာ ဓါတ်ပုံ ၄ ပုံနဲ့အတူ ရေးသားဖြန့်ဝေခဲ့တာ တွေ့ရပါတယ်။
Crystal Queen- https://archive.ph/AlEZ8
ဒီအကြောင်းအရာကိုပဲ Sai Min Zaw , တိမ်လိုလူ စတဲ့ Facebook အကောင့်တွေကပါ ရေးသားဖြန့်ဝေ ခဲ့တာကို တွေ့ရပါတယ်။
Sai Min Zaw – https://archive.ph/8BzYa
တိမ်လိုလူ- https://archive.ph/XzvIw
ဒါ့အပြင် စစ်ကောင်စီလော်ဘီဖြစ်တဲ့ Ko Thet ၊ Kyaw Swar ၊ မှိုင်းဝေ စတဲ့တယ်လီဂရန်အကောင့်တွေကနေ ဖေဖော်ဝါရီ ၂ ရက်မှာ ရေးသားဖြန့်ဝေခဲ့လို့ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။
Ko Thet – https://archive.ph/vXFvL
မှိုင်းဝေ- https://archive.ph/zQjjI
Kyaw Swar – https://ghostarchive.org/archive/sC1Pj
အဲဒီပျံ့နှံ့နေတဲ့သတင်းတွေနဲ့ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA နဲ့ သျှမ်းသံတော်ဆင့်တို့ကနေ စိစစ်ကြည့်တဲ့အခါမှာ “မြဝတီငွေလိမ်ဂိုဏ်းတွေက ကမ္ဘောဒီးယားကို ပြောင်းရွှေ့ နေတဲ့ ကျားဖြန့်ပစ္စည်းတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ်ဆိုတာ မှန်ပေမဲ့ KNU ဥက္ကဌ ကွယ်ထူးဝင်း ပိုင်ဆိုင်တယ်”လို့ ရေးသားဖြန့်ဝေမှုဟာ သတင်းမှားဖြစ်တာကို စိစစ်သိရှိရပါတယ်။
☑️ သတင်းစိစစ်ချက်
“ဖေဖော်ဝါရီလ ၁ ရက်မှာ ထိုင်းရဲတွေကင်းလှည့်နေချိန် တိုယိုတာရီဗို ပစ်ကပ်ထရပ်ကား၊ လိုင်စင်နံပါတ် Kor Tor 6389 Tak ကို တွေ့ရှိစစ်ဆေးခဲ့ရာ မြဝတီမြို့ Call Center ဂိုဏ်းတခုက ကမ္ဘောဒီးယားသို့ ပို့ ဆောင်မဲ့ မိုဘိုင်းလ်ဖုန်း ၁၂၅၁ လုံး၊ ဆင်းမ်ကတ် ၂၇၄ ကတ်နဲ့ ကွန်ပျူတာ ၁၉ လုံးတို့ကို သယ်လာတဲ့ ယာဉ် မောင်း မစ္စတာအာသီ(Mr.Athit)နဲ့အတူ ဖမ်းဆီးရမိပြီး ဘတ် ၅၀၀၀ နဲ့သယ်ခယူပြီး ပို့ဆောင်တာဖြစ်တယ် လို့သိရကာ ဆက်လက်စစ်ဆေးနေတယ်”လို့ Daily News ကရေးသားထားတာကို တွေ့ရပါတယ်။
DailyNews Online- https://archive.ph/WlYu1
“ထိုင်းပူးပေါင်းတပ်ဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကင်းလှည့်နေစဉ် တာ့ခရိုင်မှာ Toyota Revo မော်ဒယ် GR Sport အဖြူရောင်ယာဉ်ကိုတွေ့ရှိစစ်ဆေးခဲ့ရာ မိုဘိုင်းလ်ဖုန်း ၁,၂၅၁ လုံး၊ ဆင်းမ်ကတ် ၂၇၄ လုံးနဲ့ ကွန်ပျူတာ ၁၉ လုံးကို ယာဉ်မောင်း မစ္စတာသစ်နဲ့အတူဖမ်းမိပြီး မယ်ရမတ်ရဲစခန်းကို ပို့ဆောင်စစ် ဆေးနေတယ်”ဆိုပြီး The Bangkok Times နဲ့ The Bangkok Post တို့ကရေးသားထားပါတယ်။
The Bangkok Times- https://archive.ph/eT6uA
The Bangkok Post – https://archive.ph/uwgbT
“ဖေဖော်ဝါရီ ၁ ရက် ၁၁၃၀ အချိန် ထိုင်းပူးပေါင်းအဖွဲ့ဟာ တိုယိုတာ Revo GR Sport ပစ်ကပ်အဖြူရောင် ထရပ်ကားကို စစ်ဆေးရာ မိုဘိုင်းလ်ဖုန်း ၁၂၅၁ လုံး၊ ဆင်းမ်ကတ် ၂၇၄ ကတ်နဲ့ ကွန်ပျူတာ ၁၉ စုံ တွေ့ရှိပြီး မယ်ရမတ်ခရိုင်မှာနေတဲ့ ယာဉ်မောင်း မစ္စတာအာသီ၊ ဇနီးဖြစ်သူ မစ္စ အေတို့က Sa Kao ခရိုင် ကမ္ဘောဒီး ယားနယ်စပ်ကို ပို့ဆောင်ရန်သယ်လာခြင်းဖြစ်ကာ ယခင်က ဘတ် ၅ ထောင်နဲ့သယ်ဖူးပြီး အခုဒုတိယ အကြိမ်လို့ ဝန်ခံထားပြီး ဆက်လက်စစ်ဆေးနေတယ်”လို့ Thairath က ရေးသားထားပါတယ်။
Thairath- https://archive.ph/ZWAkk
“ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ် ကျားဖြန့် (အွန်လိုင်းငွေလိမ်)လုပ်ငန်းတွေက ပြောင်းရွှေ့သယ်ဆောင် လာတဲ့ မိုဘိုင်းဖုန်း ၁၂၅၁ လုံး၊ ဖုန်းဆင်းကတ်၂၇၄ ခုနဲ့ ကွန်ပျူတာပစ္စည်း ၁၉ စုံတို့ကို ဘတ် ၅ ထောင်နဲ့ငှား ရမ်းလို့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကို ပို့ဆောင်ဖို့ သယ်ပေးတဲ့ယာဉ်မောင်းနဲ့အတူ ထိုင်းနယ်ခြားစောင့် တပ်က ဖေဖော်ဝါရီ ၁ ရက်မှာ ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးနေတယ်”လို့ The Irrawaddy, VOA , ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။
The Irrawaddy- https://archive.ph/MSpbs
VOA- https://archive.ph/MrazE
“ထိုင်းစစ်တပ် ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက မယ်လမတ်မြို့မှာ ကားတစီးကို စစ်ဆေးခဲ့ရာ ကွန်ပျူ တာ(၁၉)စုံ၊ စမတ်ဖုန်း(၁၂၅၁)လုံး၊ ဖုန်းဆင်းကဒ်(၂၇၄)ကဒ်တွေ့ရပြီး ထိုင်းယာဉ်မောင်းက ထိုင်း-မြန်မာ နယ်စပ်သောင်ရင်းမြစ်ကမ်းအနီးက ဘတ် ၅ ထောင်နဲ့သယ်လာပြီး မယ်လမတ်မြို့ ပုဂ္ဂလိက ပို့ဆောင်ရေး ကုမ္ပဏီကနေ စလကဲ့ယောက်ခရိုင်၊ ဝပ်ထနာနခွန်မြို့နယ်၊ ဝပ်ထနာကျေးရွာက နေအိမ်တလုံးကို ပို့ပေးဖို့ ဖြစ်တယ်လို့သိရပြီး ထိုင်းယာဉ်မောင်းကို မယ်လမတ်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်”လို့ KIC ကရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။
KIC-https://archive.ph/EUM1H
☑️သုံးသပ်ချက်
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်မှာ မြဝတီကျားဖြန့်လုပ်ငန်းတွေကနေ ထိုင်းနိုင်ငံသားဇနီးမောင်နှံ ၂ ဦး အခ ကြေးငွေယူပြီး ကမ္ဘောဒီးယားနယ်စပ်ကို ပို့ဆောင်ဖို့ သယ်လာတဲ့ ထိုင်းဘတ်ငွေ ၁၀ သိန်းကျော် တန်ဖိုးရှိ ကျားဖြန့်လုပ်ငန်းသုံး ပစ္စည်းတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ်ဆိုတာ မှန်ကန်ပါတယ်။
ဒါပေမဲ့ မြဝတီက နေရာရွေ့မဲ့ KNU ဥက္ကဌ ကွယ်ထူးဝင်း ပိုင်ဆိုင်တဲ့ ကျားဖြန့်လုပ်ငန်းသုံးပစ္စည်းတွေကို ထိုင်းရဲဖမ်းဆီးဆိုတဲ့ရေးသားမှုက မှားယွင်းနေကြောင်းတွေ့ရပြီး ထိုင်းသတင်းဌာနများနဲ့ထိုင်းရဲတပ်ဖွဲ့၊ ထိုင်း နယ်ခြားစောင့်တပ်များရဲ့ ထုတ်ပြန်ချက်များမှာ ရေးသားထားတာကို မတွေ့ရှိရပါဘူး။
ဒါအပြင် စစ်ကောင်စီကို ထောက်ခံတဲ့ Eleven နဲ့ PAN တို့ကနေ “ဖေဖော်ဝါရီလ ၁ ရက်က မယ့်ရမတ်ခရိုင်ခွဲ ဘန်သာလိုနဲ့ ဘန်နမ်ဒစ်ဘွန်ဝမ်သွားကားလမ်းပေါ်မှာ မြန်မာ- ထိုင်းနယ်စပ် မြဝတီဘက်ကမ်းကနေ ထိုင်း နိုင်ငံကိုဖြတ်ပြီး ကမ္ဘောဒီးယားနိုင်ငံဘက်ကို လုပ်ငန်းပြောင်းပြေးမယ့် ကျားဖြန့်ပစ္စည်းတွေကို ထိုင်းဘက် က ဖမ်းဆီးလိုက်တယ်”လို့ ရေးသားထားပြီး KNU ဥက္ကဌ ကွယ်ထူးဝင်း ပိုင်ဆိုင်တဲ့ ကျားဖြန့်လုပ်ငန်းသုံး ပစ္စည်းတွေလို့ ရေးသားထားတာ မတွေ့ရပါဘူး။
Eleven – https://archive.ph/pZl8z
PAN – https://archive.ph/oDVDI
ထိုင်းနိုင်ငံ မဲဆောက်မှာ မြဝတီက ကျားဖြန့်လုပ်ငန်းသုံးပစ္စည်းတွေကို ကမ္ဘောဒီးယားကို ရွှေ့ပြောင်းဖို့ စီစဉ် နေစဉ် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ဖြစ်စဉ်မှန်ပေမဲ့ KNU ဥက္ကဌကွယ်ထူးဝင်း ပိုင်ဆိုင်တဲ့ ကျားဖြန့် လုပ်ငန်းသုံးပစ္စည်းတွေ ဆိုပြီးရေးသားဖြန့်ဝေမှုက အကြောင်းအရာအမှားဖြစ်တယ်ဆိုတာတွေ့ရပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck @gmail.com)ကနေ ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork