ဇန်နဝါရီ၊ ၃၁ရက်။
(Fact Check – DNA၊ TBYT၊ TRF)
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နိုဝင်ဘာ ၁၃ ရက်နေ့မှာ တကျော့ပြန်စတင်ခဲ့တဲ့ အာရက္ခတပ်တော် (အေအေ)နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေဟာ လက်ရှိအချိန်အထိ ပြင်းထန်နေပါတယ်။
ရခိုင်ပြည်နယ်ရဲ့မြောက်ပိုင်းနဲ့တောင်ပိုင်းမှာပါ မကျန်ဖြစ်ပျက်နေတဲ့ နေ့စဥ်ပြင်းထန်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ဒေသခံတွေဟာ သိန်းချီရှိလာပါပြီ။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ် ရှိတဲ့အနက် အေအေဟာ မြို့နယ် ၁၄ ခုအထိ သိမ်းပိုက်ထားနိုင်ပြီးတဲ့နောက် အေအေနဲ့ပူးပေါင်းတပ်တွေဟာ ရိုးမအရှေ့ခြမ်းထိ စစ်မျက်နှာဖွင့် ထိုးစစ်ဆင်လာနိုင်ခဲ့တာပါ။
ရခိုင်ပြည်၊ အမ်းမြို့နယ်ကို အာရက္ခတပ်တော် (အေအေ)က၂၀၂၄ ခုနှစ် နိုဝင်ဘာလပိုင်းမှ စတင်ကာသိမ်းပိုက်ဖို့ တိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။
အဲဒီနောက်တလအကြာ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ စစ်တပ်ရဲ့ အနောက်ပိုင်း စစ်ဌာနချုပ် (နပခ) ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေနှင့် စစ်သုံ့ပန်း အများအပြားကိုလည်း အေအေက ဖမ်းဆီးရမိခဲ့ပါတယ်။
အခုလ အစောပိုင်းမှာလည်း ရခိုင်-ဧရာဝတီအစပ်မှာရှိတဲ့ ပုသိမ်မြို့နယ်ထဲက မကျီးဇင်၊ ဘောမိဘက်မှာ အာရက္ခတပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် အဲဒီတဝိုက်က ဒေသခံတွေဟာ ရွှေသောင်ယံကနေတဆင့် ပုသိမ်မြို့ပေါ်ကို လာရောက်တိမ်းရှောင်နေကြတာပါ။
ဒါ့အပြင် ဇန်နဝါရီ ၁၉ ရက်နေ့လောက်မှာ ဘောမိရွာကို အေအေ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နောက်မှာတော့ တိုက်ပွဲတွေ ရှေ့ဆက်တိုးလာမှာ စိုးရိမ်လို့ ရွှေသောင်ယံမြို့နဲ့ အနီးတဝိုက်ရွာက ဒေသခံအ များစုနဲ့ ချောင်းသာ၊ ငွေဆောင်တို့က ဒေသခံတချို့ပါ ပုသိမ်မှာ လာရောက်တိမ်းရှောင်နေလို့ အခုရက်ပိုင်းအတွင်း စစ်ရှောင်ဦးရေ ပိုမိုများပြားလာတဲ့အခြေအနေဖြစ်ပါတယ်။
ဒီလိုတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်တခုလုံးမှာ စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ နေ့စဥ်တိုးလာပြီး လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည် ၆ သိန်းထက်မနည်းရှိနေပြီလို့ စစ်ဘေးရှောင် အရေး ကူညီပေးနေသူတွေက ပြောကြပါတယ်။
အေအေအနေနဲ့ ဆက်တိုက်အောင်ပွဲ ဆင်လာတဲ့အပေါ်အမျိုးသားရေးလှုပ်ရှားသူတွေ၊ စစ်တပ်နဲ့သူတို့ကို ထောက်ခံအားပေးသူတွေက အာရက္ခတပ်တော်(အေအေ)အပါအဝင် ရခိုင်ပြည်သူတွေနှင့်စစ်ဘေးရှောင်တွေအပေါ် ဦးတည်ကာ လူမျိုးရေးအရ နိုင့်ထက်စီးနင်းဆန်တဲ့ အမုန်းစကားတွေ၊ ခြိမ်းခြောက်မှုဆန့်တဲ့ အမုန်းစကားတွေအပြင် အကြမ်းဖက်ဖို့ အားပေးလှုံ့ဆော်တဲ့ အမုန်းစကားတွေကို ဝါဒဖြန့်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။
စစ်ရေးရှုံးနှိမ့်ခဲ့တဲ့ စစ်တပ်နှင့် စစ်တပ်ထောက်ခံဝါဒဖြန့်လော်ဘီတွေဟာ သူတို့ရဲ့လုပ်နည်းအတိုင်း စစ်ရေးနိမ့်တာကို မကျေနပ်တဲ့အတွက် လူမျိုးရေးပဋိပက္ခဖန်တီးဖို့အတွက် လုပ်ကွက်ဟောင်းတွေကို ထုတ်သုံးဖို့ ကြိုးပမ်းလာကြပါတယ်။
ပြည်မတွင်ရှိတဲ့ ရက္ခိုင်လူမျိုးစုကို ပစ်မှတ်ထားတိုက်ခိုက်ဖို့အတွက် လူမျိုးရေးလှုံ့ဆော်မှုတွေကို ခပ်စိတ်စိတ်ပြုလုပ်လာသလို ရန်ကုန်မှာရှိတဲ့ “ရခိုင် – ၇၅ ရာခိုင်နှုန်းဟာ AA ထောက်ပို့တွေ” သာဖြစ်တယ်ဟု စွပ်စွဲမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
လူမျိုးရေး ပဋိပက္ခဖန်တီးဖို့ ကြိုးစားမှုအပြင် ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ စစ်ဘေးရှောင်ခဲ့ရတဲ့ ရခိုင်လူမျိုးစုတွေကိုလည်း တပ်ပျက်ပြီး ထွက်ပြေးလာရတဲ့ အေအေ တပ်ဖွဲ့ဝင်တွေ ဖြစ်ကြောင်းစွပ်စွဲပြီး ဧရာဝတီတိုင်းအတွင်းကနေ နှင်ထုတ်ဖို့နဲ့ နှိမ့်ချဆက်ဆံဖို့ အတွက် လှုံ့ဆော်ချက်တွေကို လည်း သူတို့ရဲ့ ချန်နယ်တွေမှာ အများအပြား ဖြန့်ဝေခဲ့ကြပါတယ်။
အဆိုပါ ဖြန့်ဝေချက်တွေဟာ တကယ့် မြေပြင်အခြေအနေတွေအထိ သက်ရောက်မှုရှိခဲ့ပြီး ဧရာဝတီတိုင်းအတွင်း ရောက်ရှိလာတဲ့ ရခိုင်လူမျိုးစု စစ်ဘေးရှောင်တွေကို ဖမ်းဆီးခြင်းတွေနှင့် နှင်ထုတ်ခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဧရာဝတီတိုင်းအတွင်း စစ်ရှောင်လာတဲ့ ရခိုင်လူမျိုးတွေကို စစ်ကောင်စီက ဖိနှိပ်နေသလို ဖမ်းဆီးတာတွေနဲ့ နှင်ထုတ်တာတွေရှိတယ်လို့ ဧရာဝတီ တိုင်း အတွင်းမှာရှိတဲ့ ဒေသခံတွေက အတည်ပြုပြောဆိုကြပါတယ်။
“ရေသေ သာပေါင်း ပုသိမ် မှာလက်မခံဘူး ရခိုင်တွေဆို ပိုစစ်တယ် စာရင်းကောက်တယ်။ရခိုင်ဆိုအေအေလို့ သူတို့က သတ်မှတ်တာကိုး။ လောဘီတွေကလည်း စစ်ရှောင်တွေထဲမှာ အေအေတွေ ပါလာတယ်ဆိုပြီး သတင်းတွေဖြန့်ကြတော့ သူတို့က ပိုစစ်ကြတာ။ လက်ခံတဲ့နေရာက ရေကြည် ငသိုင်းချောင်းမှာပထမ လက်ခံတယ်။ နောက်ကျ မောင်းထုတ်လိုက်တယ် သူတို့လည်း ဘယ်သွားနေလည်းတော့မသိဘူး။ ရခိုင်လူမျိုးက အေအေကို ထောက်ခံတော့ ဗမာစစ်တပ်က ရခိုင်ဆိုကြည့်မရတာပေါ့ လူမျိုးစွဲ သဘောပေါ့။ ပုသိမ်ကိုပြောင်းလာတဲ့ မကျီးစင် ငွေသောင်ယံဘက်က ပြောင်းလာတဲ့သူတွေကို စစ်နေကြတာပဲ လက်လည်းမခံဘူး။ “
ရခိုင်စစ်ဘေးရှောင်တွေကို ပစ်မှတ်ထားဖမ်းဆီးတာ၊ နေရပ်ပြန်လွှတ်တာတွေကို ဧရာဝတီတိုင်းအတွင်းမှာ ရှိတဲ့မြို့နယ်အားလုံးရင်ဆိုင်နေရတာပါ။
ဧရာဝတီတိုင်း၊ငသိုင်းချောင်းမြို့နယ်မှာလည်း စစ်ကောင်စီဟာ လူအင်အားနှစ်ဆယ်လောက်နဲ့ တရွာဝင်တရွာထွက်ကာ ရခိုင်စစ်ဘေးရှောင် ရှိမရှိကို လိုက်လံစစ်ဆေးတာတွေ လုပ်နေတယ်လို့ သူကပြောပါသေးတယ်။“အမတို့စစ်ရှောင်တဲ့အရင်လ (ဒီဇင်ဘာ၂၀၂၄) တုန်းကတော့ ဒီဧရာဝတီကိုရှောင်တာကို လက်မခံဘူးလို့ ပြောတယ်၊”လို့ ရခိုင်အမျိုးသမီးတဦးက သူဧရာဝတီတိုင်းကို စစ်ဘေးရှောင်လာတုန်းက ကြုံတွေ့ခဲ့ရတာကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၂၂ ရက်နေ့တုန်းကလည်း ရေကြည်မြို့နယ်၊မြောက်စမ်းရွာအတွင်းက စစ်ဘေးရှောင်၁၆ ဦးကို အာရက္ခတပ်တော်(အေအေ)နဲ့ ပတ်သက်တယ်ဆိုကာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်သားတွေဟာ ဖမ်းဆီးခဲ့ပါတယ်။
ရေကြည်မြို့ဟာ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဇာတိဖြစ်ပြီး စစ်ဘေးရှောင်တွေကို လက်မခံဖို့ ဝန်ကြီးချုပ်က ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောကြပါသေးတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကို လေကြောင်းအင်အားသုံး တိုက်ခိုက်နေတာကြောင့် ဒေသခံအများအပြားဟာ ဧရာဝတီတိုင်းဘက်ကို ထွက်ပြေးခိုလှုံ့နေရချိန်မှာ စစ်ကောင်စီဟာ ဘုန်းကြီးကျောင်းတွေသာမကဘဲ အိမ်နဲ့ခြံတွေကို မငှားရဲအောင် အိမ်၊ခြံ၊မြေပိုင်ရှင်တွေကို ဖိအားပေးနေသလို နေ့စဥ်နီးပါး ဧည့်စာရင်းစစ်နေတာကြောင့် ရခိုင်စစ်ရှောင်တွေအနေနဲ့ အခက်အခဲပိုမို ကြုံတွေ့နေရတာပါ။
ဧရာဝတီတိုင်းထဲက ရခိုင်လူမျိုးစစ်ရှေ