မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သူများသည် စစ်သုံ့ပန်းများမဟုတ်ဘဲ အေအေနှင့် CDM ဝန်ထမ်းများ ဟုဆိုသည့် သတင်းအမှား
Share:FacebookX

မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သူများသည် စစ်သုံ့ပန်းများမဟုတ်ဘဲ အေအေနှင့် CDM ဝန်ထမ်းများ ဟုဆိုသည့် သတင်းအမှား

By Wadi/Myanmar Pressphoto Agency- The Red Flag

မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူများမှာ စစ်သုံ့ပန်းများမဟုတ်ဘဲ အေအေ အဖွဲ့ ဝင်များနှင့် CDM ပြုလုပ်ထားသူများ ဖြစ်သည်ဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ပျံ့နှံ့ခဲ့သည်။

“Thet Naing Tun” တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၁၉ ရက် ညနေ ၆နာရီခန့်တွင် မြောက်ဦးမြို့ ရမ်း ချောင်းအနီး လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူများမှာ စစ်သုံ့ပန်းများ လုံးဝ မဟုတ်ကြောင်း၊ သတင်းအတိအကျရထားသည့်အတွက် အေအေစခန်းနေရာကို အတိအကျဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း၊ သေ ဆုံးသွားသူများမှာ အေအေအဖွဲ့က အဓမ္မတပ်သားစုဆောင်းထားသူများနှင့် CDM ပြုလုပ်ထားသည့် ရခိုင် လူမျိုးများ ဖြစ်ကြောင်း ရေးသားဖြန့်ဝေခဲ့သည်။

အဆိုပါအကြောင်းအရာကို ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၁၉,၂၀၀ ကျော်၊ Reaction ပေးသူ ၁၁၀ ကျော် ရှိခဲ့သည်။

မူရင်းသတင်းအမှားရေးသားထားသော လင့်ခ် >>> https://archive.ph/zWCJq

အဆိုပါအကြောင်းအရာကို “Ko Thet, Ye’ Ba Nyein” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ဓာတ်ပုံများနှင့်ပူးတွဲကာ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Ko Thet – https://archive.ph/lgypo
Ye’ Ba Nyein – https://archive.ph/ZcpT6

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော် ထုတ်နိုင်ခဲ့သည်။

သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်

စစ်တပ်ထောက်ခံ တယ်လီဂရမ်တွင် ပျံနှံ့နေသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ Mizzima မီဒီယာ၌ ဖော်ပြထားသော သတင်းဓာတ်ပုံများနှင့် ထပ်တူညီနေသည်။

Mizzima တွင် ဇန်နဝါရီ ၁၈ ရက်က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ၊ ရမ်းချောင်းအနီးတစ်ဝိုက်အား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းမိသားစုဝင် ၂၈ ဦး သေဆုံးသွားကြောင်း၊ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သူများ ရှိသည့်အတွက် သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း၊ ဗုံးကြဲခံရသည့်နေရာသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ဖမ်းမိထားသည့် တပ်မိသားစုဝင်များကို ပြန်လွှတ်ပေးမည့် အစီအစဉ်ကြောင့် ယာယီထိန်းသိမ်းထားသည့်နေရာဖြစ်ကြောင်းကို အာရက္ခတပ်တော် (အေအေ) ၏ ထုတ်ပြန်ချက်ကို ကိုကား၍ ဖော်ပြထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>> https://bitly.cx/hGge

ဓာတ်ပုံများတွင် “AA Info Desk” ဆိုသည့် အမှတ်အသားပါရှိသည့်အတွက် အာရက္ခတပ်တော် (အေအေ) တရားဝင် facebook စာမျက်နှာဖြစ်သည့် “AA Info Desk” တွင် ရှာဖွေကြည့်သည့်အခါ ဓာတ်ပုံများ ထပ် တူညီနေကြောင်း တွေ့ရသည်။

AA Info Desk တွင် အာရက္ခတပ်တော်က စစ်ပွဲများအတွင်း လက်ရဖမ်းဆီးထားသော စစ်သုံ့ပန်းများ၊ ၎င်း တို့၏ မိသားစုဝင်များထဲက ပြန်လွှတ်ပေးရန် စီစဉ်ထားသောသူများကို ယာယီထိန်းသိမ်းထားသည့်နေရာ အား စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီ ၁၈ ရက် တွင် ပြုလုပ်ခဲ့သည့် လေ ကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း၊ ဒဏ်ရာရသူများထဲတွင် အချို့မှာဒဏ်ရာပြင်းထန်သည့်အတွက် နောက်ထပ်သေဆုံးသူ အရေအ တွက် တိုးလာနိုင်ဖွယ်ရှိကြောင်းကို ၊ ၂၀၂၅ အစောပိုင်းကာလမှစ၍ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု များကို ခပ်စိပ်စိပ် ပိုမိုပြုလုပ်လာသည့်အတွက် လေကြောင်းအန္တရာယ်ကို ယခင်ကထက်ပို၍ သတိပြု နေထိုင်ကြရန် တိုက်တွန်းကြောင်း သေဆုံးသူများ၏ ရုပ်အလောင်းဓာတ်ပုံများ၊ သေဆုံးစာရင်း များနှင့် တကွ သတင်းထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အပြည့်အစုံဖတ်ရန် >>> https://bitly.cx/AwvDh

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “မြောက်ဦး ရမ်းချောင်း ဗုံးကြဲခံရမှု” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “RFA,DVB,နိရဉ္ဇရာ” နှင့် အခြားမီဒီယာများက သတင်းရေးထားသည်။

သတင်းမီဒီယာများတွင် ဇန်နဝါရီ ၁၈ ရက်က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ရမ်းချောင်းအနီးရှိ စစ်သုံ့ပန်း များထားရှိသည့် အချုပ်စခန်းကို စစ်ကောင်စီက လေကြောင်းဖြင့် သုံးကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် ၂၈ ဦး သေဆုံးခဲ့ကြောင်း၊ နောက်ထပ် ၂၅ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း၊ ရမ်းချောင် ယာယီအချုပ်စခန်းသည် ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများတွင် ဖမ်းဆီး ရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် ၎င်းတို့၏ မိသားစုဝင် ရာနှင့်ချီကို ထိမ်းသိမ်းထား သည့်နေရာဖြစ်ကြောင်း၊ ထိခိုက်သေဆုံးခဲ့ရသည့် တပ်မိသားစုဝင်များမှာ မကြာမီတွင် ပြန်လွှတ်ပေးရန် စီစဉ်ထားသူများဖြစ်ကြောင်း ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>

RFA – https://bitly.cx/pOOt
DVB – https://bitly.cx/CoLQ
နိရဉ္ဇရာ – https://bitly.cx/n50qz

ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန် စစ်ပွဲများ ပြန်လည်ဖြစ်ပွားလာချိန်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက ပေါက်တောမြို့နယ်အတွင်းရှိ အေအေ၏ အကျဉ်း စခန်းနှင့် ဆေးရုံနေရာများကို လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၅၀ ကျော် သေဆုံးခဲ့သည်။

ယခုနှစ် ၂၀၂၅ ဇန်နဝါရီ ၈ ရက်တွင် ကျောက်နီမော်ရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနှင့် အမျိုးသမီးများအပါအဝင် ၅၀ ကျော် သေဆုံးခဲ့ပြီး နေအိမ် ၅၀၀ ဝန်းကျင် ပျက်စီးခဲ့သည်။

သုံးသပ်ချက်

သတင်းမီဒီယာများတွင် ဇန်နဝါရီ ၁၈ ရက်၌ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ရမ်းချောင်းအနီးတစ်ဝိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်နှင့် အမျိုးသမီးအပါအဝင် ၂၈ ဦး သေဆုံးခဲ့ပြီး ၊ ၂၅ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထိခိုက်သေဆုံးခဲ့သူများမှာ စစ်သုံ့ပန်းမိသားစုဝင်များဖြစ်ကြောင်း ရေးသားထားသည်။ ဗုံးကြဲခံရသောနေရာ မှာ ရခိုင်မြို့သိမ်းတိုက်ပွဲများအတွင်း ဖမ်းဆီးခံထားရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို ယာယီထိန်းသိမ်းထားရာနေရာဖြစ်ကြောင်း ရေးသားထားသည်။

ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံနှံ့နေသော “မောင်တောမြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများမှာ အေအေတပ်ဖွဲ့ဝင်နှင့် CDM ပြုလုပ်ထားသူများ ဖြစ်သည်” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .