20 December 2024 By Myanmar Pressphoto Agency + Delta News Agency + The Red Flag
ရှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ရက်က ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) အဖွဲ့တွေနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေက ကျောက်ဂူရွာလယ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီသတင်းမှားကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ Thazin Oo 🇲🇲ချန်နယ်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ည၉နာရီခွဲဝန်းကျင်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ကြည့်ရှုသူ ၇၉,၄၃၃ဦး၊ reactionပြုလုပ်သူ ၁,၀၀၁ဦး၊ အကြံပြုချက်ရေးသားမှု ၆၄ခုနဲ့ ပြန်လည်မျှဝေသူ ၉၇ဦးထိရှိနေပြီး အဲ့လိုပြန်လည်မျှဝေသူတွေထဲမှာ တခြား စစ်ကောင်စီ အားပေးထောက်ခံချန်နယ်တွေလည်းပါဝင်နေတာကြောင့် ပျံ့နှံ့မှုအားကောင်းနေတာပါ။
သတင်းမှားလင့်ခ်များ –
Thazin Oo – https://archive.ph/A48Lm
ရွှေနေကြာ – https://archive.ph/tjxlq
🇲🇲 Mawshan Myay Media🇲🇲 – https://archive.ph/KzOb8
Snow Queen🇲🇲🇲🇲🇲🇲- https://archive.ph/OfmSS
Ye Yint Htet (#yyh) – https://archive.ph/PkhBD
အဲ့ဒီပျံ့နှံ့လာတဲ့ သတင်းမှားကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check နဲ့ MPAတို့ကနေ စစ်ဆေးကြည့်ရာ ကျောက်ဂူရွာလယ်တံတားကို ဒေသကာကွယ်ရေးလက်နက်ကိုင်တပ််ဖွဲ့ဝင်တွေ မိုင်းခွဲဖျက်ဆီးခဲ့တယ်ဆိုတဲ့အကြောင်းက မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
☑️ သတင်းစိစစ်ချက်
ကျောက်ဂူမြို့ (အမတ၃၄၉)အနီးမှာ စစ်ကောင်စီတပ်နဲ့DPLAကြား ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ရက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် အဲ့ဒီနေ့ ညနေ၃နာရီဝန်းကျင်ခန့်ကစပြီး စစ်ကောင်စီက လေကြောင်းနဲ့၃ကြိမ်တိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီလိုလေကြောင်းသုံးတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတဦးထိခိုက်သေဆုံးခဲ့ပြီး ကျောက်ဂူရွာထိပ်က တံတားတစင်းလည်းပျက်ဆီးခဲ့သေးတယ်တယ်လို့ ရှမ်းပြည်နယ်အခြေစိုက်မီဒီယာ SHAN News ကရေးသားထားပါတယ်။
SHAN News – https://shorturl.at/ydANI
စစ်ကောင်စီက ကျောက်ဂူမြို့ကိုလေကြောင်းကတဆင့်တိုက်ခိုက်ခဲ့တာကြောင့် ကျောက်ဂူမြို့ထမင်းပေါင်းရွာက ဒေသခံတဦးသေဆုံးခဲ့ပြီး ကျောက်ဂူ-ရပ်စောက်လမ်းပေါ်က တံတားစင်းထိခိုက်ပျက်ဆီးခဲ့တယ်လို့ RFA Burma ကလည်းရေးသားထားပါတယ်။
RFA Burma – https://shorturl.at/2fY8j
စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ကျောက်ဂူရွာအဝင်ကွန်ကရစ်တံတား ပျက်စီးသွားခဲ့ပြီး အရပ်သားတွေလည်း စစ်ဘေးရှောင်နေရတယ်လို့ Mizzima သတင်းဌာနကရေးသားထားပါတယ်။
Mizzima – https://shorturl.at/upcA0
☑️သုံးသပ်ချက်
ဒါကြောင့် ကျောက်ဂူရွာအဝင်တံတား ထိခိုက်ပျက်ဆီးခဲ့တာက စစ်ကောင်စီလေကြောင်းကတိုက်ခိုက်ခဲ့တာကြောင့် ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပြီးတော့ DPLAနဲ့တခြားလက်နက်ကိုင်အဖွဲ့စည်းတွေက မိုင်းခွဲခဲ့တယ်ဆိုတဲ့အကြောင်းအရာက မှားယွင်းနေကြောင်း တွေ့ရှိရပါတယ်။
စစ်ကောင်စီက ဒီဇင်ဘာ၉ရက်မတိုင်ခင်ဖြစ်ပွားခဲ့တဲ့ ၁၀ရက်ကြာတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က တပ်သား၅၀ကျော်သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၂၆လက်နဲ့ ဆက်စပ်ခဲယမ်းမျိုးစုံလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ DPLAကထုတ်ပြန်ခဲ့ပါသေးတယ်။
DPLA ထုတ်ပြန်ချက် –https://shorturl.at/c5fWJ
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@gmail.com)က ဝင်ရောက်ဆက်သွယ်မေးမြန်နိုင်သလို Myanmar Pressphoto Agency Pageရဲ့ messenger ကတဆင့်လည်း အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork