ထိုင်းတွင် ညစ်ညမ်းရုပ်ရှင် ထုတ်လုပ်မှုဖြင့် ဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦးက ထောက်ပို့လုပ်နေသော မြန်မာ CDM ဖြစ်ကြောင်း စစ်လော်ဘီသတင်းအမှားဖြန့်
Share:FacebookX

ထိုင်းတွင် ညစ်ညမ်းရုပ်ရှင် ထုတ်လုပ်မှုဖြင့် ဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦးက ထောက်ပို့လုပ်နေသော မြန်မာ CDM ဖြစ်ကြောင်း စစ်လော်ဘီသတင်းအမှားဖြန့်

၂၀၂၄ ဒီဇင်ဘာလ ၂၀ ရက် (သျှမ်းသံတော်ဆင့်၊ The Red Flag)

ထိုင်းနိုင်ငံတွင် ညစ်ညမ်းရုပ်ရှင်များ ရိုက်ကူးပြီး ထောက်ပို့လုပ်နေသော မြန်မာ CDM တစ်ဦးကို ရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း သတင်းအမှားဖြန့်ချိနေသည်။

စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် “ဖောင်းကားစားဖိုးကဲကြီး” ချန်နယ်လ်မှ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။

၎င်းက “ထိုင်းမှာထမင်းစားဖို့ အပြာရှင်ရှင်ကားတွေ ရိုက်ကူးပြီး တော်လှန်ရေးရန်ပုံငွေ ထောက်ပံ့ရန် တစ်လကို မြန်မာငွေ သိန်း ၄၀၀ လောက်ရနေတဲ့ ပြည်ပေး CDM တစ်ဦးအား ထိုင်းတော်ဝင် ရဲတပ်ဖွဲ့မှ ဝင်ရောက်စည်းနင်းခဲ့ရာ လိင်တု သုံးချောင်း၊ ဝက်ဝံရုပ်တစ်ခု၊ ဖုန်းနဲ့ ကင်မရာ ၂ လုံး၊ ချောဆီ ၃ ဘူး၊ ကွန်ဒုံး ၁၈ ခု သိမ်းဆည်းရမိ” ဟုလည်း (မူရင်းအတိုင်း) ရေးသားဖော်ပြခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁,၀၀၀ ကျော်ရှိသည်။

ထို့အပြင် နာမည်ဆိုးနှင့် ကျော်ကြားပြီးသား စစ်ကောင်စီထောက်ခံ ဝါဒဖြန့်ချန်နယ်လ်များဖြစ်သည့် Ko Thet ၊ Ko Chit (MDY)၊ ကိုမောင်းနှင်နှင့် ရွှေနေကြာ ချန်နယ်လ်များကလည်း ဖြန့်ချိထားသည်။

မူရင်းလင့်ခ် – https://archive.ph/3AHF2

ဆက်စပ်သတင်းအမှားလင့်ခ် – https://archive.ph/eGkBH , https://archive.ph/GQbUq

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့်အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။ ယင်းအကြောင်းအရာသည် မှားယွင်းနေသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

ထိုင်းသတင်းဌာနဖြစ်သည့် Khaosod သတင်း၏ ဖော်ပြချက်အရ – ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင်၊
Chatuchak မြို့နယ်၊ Soi Suea Ya တွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် Ms. Sasithorn ဆိုသူ ထိုင်းအမျိုးသမီးတစ်ဦးကို ညစ်ညမ်းရုပ်ရှင် ထုတ်လုပ်မှုဖြင့် ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ အမျိုးသမီးတစ်ဦးသည် လွန်ခဲ့သည့် ၄ နှစ်ကတည်းက သူမ၏ Only Fans ပလပ်ဖောင်းမှတစ်ဆင့် ညစ်ညမ်းရုပ်ရှင်များ ရိုက်ကူးဖြန့်ချိခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု Khaosod သတင်းက ဖော်ပြသည်။

Kဒhaosod – https://shorturl.at/FrnFt

Khaosod English – https://shorturl.at/790cy

ထို့ပြင် ထိုအမျိုးသမီးတစ်ဦးသည် လူမှုကွန်ယက်တွင် Fan Group ဖွဲ့ထားပြီး တစ်ဦးလျှင် မန်ဘာကြေး ၄၉၉ ဘတ်ယူကြောင်း၊ သီးသန့် တောင်းဆိုမှုများအတွက် ဘတ် ၁,၅၀၀ ယူကြောင်း၊ တစ်လလျှင် ဝင်ငွေ ဘတ် ၅၀,၀၀၀ ခန့်ရရှိကြောင်း Thaipolice သတင်းကလည်း ထိုင်းဘာသာဖြင့်ဖော်ပြထားသည်။

Thaipolice – https://shorturl.at/Dgd5y

သုံးသပ်ချက်

ထိုင်းနိုင်ငံတွင် ညစ်ညမ်းရုပ်ရှင် ထုတ်လုပ်မှုဖြင့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ဖြစ်စဉ် မှန်ကန်သည်။

သို့သော် ဖမ်းဆီးခံရသူမှာ တော်လှန်ရေးအတွက် ထောက်ပို့လုပ်ပေးနေသော မြန်မာ CDM တစ်ဦးဖြစ်သည်ဆိုသည့် အကြောင်းအရာက မှားယွင်းနေသည်။

သတင်းအမှားဖြန့်ချိသူတွေက ထိုင်းနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်ကိုအခြေခံပြီး ထောက်ပို့လုပ်နေသော မြန်မာ CDM တစ်ဦးက ညစ်ညမ်းရုပ်ရှင် ရိုက်ကူးနေသယောင် ဝါဒဖြန့်ချိနေခြင်း ဖြစ်သည်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .