ဖရူဆိုတွင် နေပြည်တော် PDF မောင်းနှင်လာသည့်ယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးသူ ၁၅ ဦးရှိဟု သတင်းအမှားဖြန့်
Share:FacebookX

ဖရူဆိုတွင် နေပြည်တော် PDF မောင်းနှင်လာသည့်ယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးသူ ၁၅ ဦးရှိဟု သတင်းအမှားဖြန့်

၂၀၂၄ ဒီဇင်ဘာလ ၁၂ ရက်, သျှမ်းသံတော်ဆင့်၊ ကန္တာရဝတီတိုင်း ( မ် )

 

ဖရူဆိုမြို့နယ် အနောက်ခြမ်းတွင် နွေဦးတော်လှန်ရေး အာဇာနည်ကုန်း () နှစ်ပြည့် အခမ်းအနားကို တက်ရောက်ပြီးအပြန် နေပြည်တော် PDF ယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးသူ ၁၅ ဦးရှိသည်ဟုဆိုပြီး ဝါဒဖြန့်ချိနေသည်။

 

 

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် နေပြည်တော်ချန်နယ်လ်မှ ဒီဇင်ဘာလ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး သတင်းမီဒီယာများက ဖော်ပြထားသည့် ဓာတ်ပုံကိုပါ ဖြန့်ဝေထားသည်။

 

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၁,၀၀၀ ကျော်ရှိသည်။

 

သတင်းမှားလင့်ခ် https://archive.ph/z6bH3#selection-231.0-231.51

 

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့်အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။ ထိုအကြောင်းအရာသည် မှားယွင်းနေသည်။

 

သတင်း စစ်ဆေးတွေ့ရှိချက်

 

ဖရူဆိုမြို့နယ် အနောက်ခြမ်းတွင် နွေဦးတော်လှန်ရေး အာဇာနည်ကုန်း () နှစ်ပြည့် အခမ်းအနားကို တက်ရောက်ပြီး အပြန် နေပြည်တော် PDF မှမောင်းနှင်လာသည့် ကားတစ်စီးသည် စက်ချို့ယွင်းမှုကြောင့် ဒီဇင်ဘာ ရက်နေ့ နံနက် ၁၁ နာရီ ဝန်းကျင်အချိန်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း Karenni people’s Voice က ဖော်ပြသည်။

 

အဆိုပါကားပေါ်တွင် လိုက်ပါစီးနင်းလာသူ ၁၅ ဦးအနက် အသက် (၅၂) နှစ်အရွယ် ရဲဘော်ဖိုးဇော်သေဆုံးကာ ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိ၍ ဦးမှာ စိုးရိမ်ရကြောင်း ဖော်ပြသည်။

 

ဆက်လက် ဖတ်ရှုရန် https://archive.ph/uzN2n

 

 

ထို့အပြင် ကန္တာရဝတီတိုင်း ( မ် ) သတင်းဌာနတွင်ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း တစ်နေရာမှာ နွေဦးတော်လှန်ရေး အာဇာနည်ကုန်း () နှစ်ပြည့် အခမ်းအနားကို တက်ရောက်ပြီးအပြန် နေပြည်တော် PDF တပ်ရင်း (၈၀၁) မှ မောင်းနှင်လာသည့် ယာဉ်တစ်စီး မတော်တဆဖြစ်ပွားပြီး တိမ်းမှောက်ခဲ့သည်ဟု ဖော်ပြသည်။

 

 

သတင်းလင့်ခ် https://archive.ph/001Ip

 

သုံးသပ်ချက်

 

ထို့ကြောင့် ဖရူဆိုတွင် နေပြည်တော် PDF မောင်းနှင်လာသည့် ယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးသူ ၁၅ ဦးရှိဆိုသည့်အကြောင်းအရာ မှားယွင်းနေကြောင်း စိစစ်ဖော်ပြလိုက်ပါသည်။

 

သတင်းအမှားဖြန့်ချိသူတွေက မတိုက်ဆိုင်သည့်အကြောင်းအရာတွေကို လိုအပ်သလို ပုံဖော်ရေးသားပြီး ဝါဒဖြန့်ချိနေခြင်း ဖြစ်သည်။

 

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

 

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .