၂၀၂၄ ဒီဇင်ဘာလ ၁၂ ရက်, သျှမ်းသံတော်ဆင့်၊ ကန္တာရဝတီတိုင်း ( မ် )
ဖရူဆိုမြို့နယ် အနောက်ခြမ်းတွင် နွေဦးတော်လှန်ရေး အာဇာနည်ကုန်း (၁) နှစ်ပြည့် အခမ်းအနားကို တက်ရောက်ပြီးအပြန် နေပြည်တော် PDF ယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးသူ ၁၅ ဦးရှိသည်ဟုဆိုပြီး ဝါဒဖြန့်ချိနေသည်။
စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် နေပြည်တော်ချန်နယ်လ်မှ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး သတင်းမီဒီယာများက ဖော်ပြထားသည့် ဓာတ်ပုံကိုပါ ဖြန့်ဝေထားသည်။
ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၁,၀၀၀ ကျော်ရှိသည်။
သတင်းမှားလင့်ခ် – https://archive.ph/z6bH3#selection-231.0-231.51
သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့်အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။ ထိုအကြောင်းအရာသည် မှားယွင်းနေသည်။
သတင်း စစ်ဆေးတွေ့ရှိချက်
ဖရူဆိုမြို့နယ် အနောက်ခြမ်းတွင် နွေဦးတော်လှန်ရေး အာဇာနည်ကုန်း (၁) နှစ်ပြည့် အခမ်းအနားကို တက်ရောက်ပြီး အပြန် နေပြည်တော် PDF မှမောင်းနှင်လာသည့် ကားတစ်စီးသည် စက်ချို့ယွင်းမှုကြောင့် ဒီဇင်ဘာ ၅ ရက်နေ့ နံနက် ၁၁ နာရီ ဝန်းကျင်အချိန်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း Karenni people’s Voice က ဖော်ပြသည်။
အဆိုပါကားပေါ်တွင် လိုက်ပါစီးနင်းလာသူ ၁၅ ဦးအနက် အသက် (၅၂) နှစ်အရွယ် ရဲဘော်ဖိုးဇော်သေဆုံးကာ ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိ၍ ၄ ဦးမှာ စိုးရိမ်ရကြောင်း ဖော်ပြသည်။
ဆက်လက် ဖတ်ရှုရန် – https://archive.ph/uzN2n
ထို့အပြင် ကန္တာရဝတီတိုင်း ( မ် ) သတင်းဌာနတွင် “ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း တစ်နေရာမှာ နွေဦးတော်လှန်ရေး အာဇာနည်ကုန်း (၁) နှစ်ပြည့် အခမ်းအနားကို တက်ရောက်ပြီးအပြန် နေပြည်တော် PDF တပ်ရင်း (၈၀၁) မှ မောင်းနှင်လာသည့် ယာဉ်တစ်စီး မတော်တဆဖြစ်ပွားပြီး တိမ်းမှောက်ခဲ့သည်” ဟု ဖော်ပြသည်။
သတင်းလင့်ခ် – https://archive.ph/001Ip
သုံးသပ်ချက်
ထို့ကြောင့် ဖရူဆိုတွင် နေပြည်တော် PDF မောင်းနှင်လာသည့် ယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးသူ ၁၅ ဦးရှိဆိုသည့်အကြောင်းအရာ မှားယွင်းနေကြောင်း စိစစ်ဖော်ပြလိုက်ပါသည်။
သတင်းအမှားဖြန့်ချိသူတွေက မတိုက်ဆိုင်သည့်အကြောင်းအရာတွေကို လိုအပ်သလို ပုံဖော်ရေးသားပြီး ဝါဒဖြန့်ချိနေခြင်း ဖြစ်သည်။
Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။
သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။