By Wadi / Myanmar Pressphoto Agency(MPA)
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး KIA နှင့် PDF က အရပ်သား ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးချနေသောကြောင့် သေဆုံးဒဏ်ရာရသူ များပြားဟုဆိုသည့် သတင်းအမှား တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
သတင်းမီဒီယာအယောင်ဆောင်ထားသော “မြစ်ဆုံသတင်းဌာန” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၉ ရက် ည ၈ နာရီ ၅၀ကျော်တွင် ဗန်းမော်၊ မံစီဘက်တွင် ဒီဇင်ဘာ ၉ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်နေ ကြောင်း၊ KIA နှင့် PDF က ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် ပြုလုပ်နေကြောင်း၊ ထွက်ပြေးတိမ်း ရှောင်သူများကို တားဆီးပိတ်ပင်ကာ ဖမ်းဆီးပြီး တိုက်ပွဲအတွင်း မောင်းထည့်နေကြောင်း၊ ဆိုင်ကယ်နှင့် ဖုန်း များကိုလည်း လုယူကြသည်ဟုဆိုကာ ရေးသားဖြန့်ဝေထားခြင်းဖြစ်သည်။
သတင်းအမှားလင့်ခ် >>> https://archive.ph/AHslZ
“Snow Queen , Ye Yint Htet (#yyh)” တယ်လီဂရမ်ချန်နယ်နှင့် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီ ဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားလျက်ရှိသည်။
သတင်းအမှားလင့်ခ်များ >>>
Snow Queen – https://archive.ph/WSjbO
Ye Yint Htet (#yyh) – https://archive.ph/dHnax
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော် ထုတ်နိုင်ခဲ့သည်။
“သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်”
Google တွင် “ ဗန်းမော်တိုက်ပွဲ စစ်ရှောင်ပြည်သူများ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “ Myanmar Now, Mizzima, Shwe Phee Myay News Agency” အပါအဝင် အခြားသတင်းမီဒီယာများက သတင်း ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် KIA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း၊ ဒေသခံ ပြည်သူ လူပေါင်း ၃,၀၀၀ ဝန်းကျင် မြို့ကိုစွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရကြောင်း၊ မြို့ပေါ်ရပ်ကွက်အချို့တွင် KIA တပ်သားများ ဝင်ရောက်နေပြီဖြစ်ကြောင်း၊ မြို့ခံများ ထွက်ပြေးတိမ်းရှောင်မှုကို စစ်ကောင်စီတပ်က ပိတ် ပင်တားမြစ်နေသဖြင့် တောလမ်းမှ ထွက်ခွာနေရကြောင်း၊ ထွက်ပြေးတိမ်းရှောင်သူများကို စစ်ကောင်စီက မော်တော်ယာဉ်များ၊ စက်လှေများဖြင့် လိုက်လံပစ်ခတ်နေကြောင်း ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံ များကို မေးမြန်း၍ သတင်းရေးသားဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
Myanmar Now – https://bitly.cx/Zi9O
Mizzima – https://bitly.cx/JXCdV
Shwe Phee Myay News Agency – https://bitly.cx/TAcf3
ကချင်ပြည်နယ် ၊ ဗန်းမော်မြို့တွင် ဒီဇင်ဘာ ၄ ရက် က စတင်၍ KIA နှင့် ပူးပေါင်းတပ်များက မြို့သိမ်း တိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ပြီး ယနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်သည်။
မြို့တွင်းပိတ်မိနေသူ အရပ်သားများသည် ဒီဇင်ဘာ ၆ ရက်မှ စတင်ကာ မြို့ကိုစွန့်ခွာထွက်ပြေးနေပြီး ယနေ့ အချိန်ထိ ထွက်မပြေးနိုင်သောပြည်သူအချို့ ပိတ်မိနေဆဲဖြစ်ကြောင်း သတင်းဌာနများ၏ ရေးသားချက်များ အရ သိရသည်။
သတင်းမီဒီယာများတွင် စစ်ဘေးရှောင်ပြည်သူများကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တားဆီးကာ တိုက်ပွဲအတွင်း လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ဖော်ပြထားခြင်းမရှိပေ။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ဗန်းမော်တိုက်ပွဲတွင် အရပ်သားပြည်သူများကို KIA,PDF များ က ပိတ်ဆို့တားဆီးကာ လူသားဒိုင်းအဖြစ် အသုံးချနေသောကြောင့် သေဆုံးမှုများ” ဆိုသည့် အကြောင်းအ ရာသည် သတင်းအမှားဖြစ်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းအချိန်ထိ စစ်ဆေးတွေ့ ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်ပါသည်။
အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပေသည်။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုရေးသား ဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်သည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork