By Haythar/Myanmar Pressphoto Agency+The Red Flag
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အယောင်ဆောင်ကာ ဓားပြတိုက်နေသူများကို စစ်ကောင်စီတပ်က ဖမ်းဆီးရမိပြီးနောက် ဓားပြများသည် NUG ကိုအလုပ်လုပ်ပေးနေသူများဖြစ်ဟုဆိုသည့်
သတင်းအမှားများ စစ်ကောင်စီတပ်ဝါဒဖြန့်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၂ ရက်မွန်းလွဲပိုင်းတွင် ဓားပြတိုက်သူများကိုဖမ်းဆီးရမိထားသည့် ဓာတ်ပုံများနှင့်အတူ “ ဖမ်းဆီးရမိသူများမှာ NUG အဖွဲ့အတွက် အလုပ်လုပ်ပေးနေသူများဖြစ်ပြီး ရရှိလာသော ငွေကြေးအား NUG အဖွဲထံ တစ်၀က်ခွဲပေးရ” ဟု ရေးသားဖြန့်ဝေထားသည်။
အဆိုပါရေးသားဖြန့်ဝေမှုကို ဒီဇင်ဘာ ၄ ရက် ညနေပိုင်းအထိကြည့်ရှုသူ ၄၉,၀၀၀ ကျော်၊ Like and React ပေး သူ ၆၆၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များစွာက ကူးယူဖော်ပြခဲ့ကြသဖြင့် ပျံ့နှံ့မှုနှုန်းများနေသည်။
သတင်းအမှားလင့်ခ်များ
မှိုင်းဝေ – https://archive.ph/NV4QC
Kyaw Swar – https://archive.md/bp6te
Ka Ka Han – https://archive.ph/31cS0
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင် ခဲ့သည်။
“သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်”
တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသည့် သတင်းဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေ ကြည့်ရာ BBC သတင်းမီဒီယာ၌ အသုံးပြုထားသော ဓာတ်ပုံနှင့်ထပ်တူညီနေသည်။
BBC တွင် တာချီလိတ်၌ ထွေအုပ်နှင့် စစ်သားအယောင်ဆောင်ပြီး ငွေညှစ်သည့် အမျိုးသား ရှစ်ဦးဟု ရေးသားဖော်ပြထားသည်။ BBC သတင်းလင့်ခ် https://shorturl.at/Mubc1
ထပ်မံအတည်ပြုနိုင်ရန် Google ၌ “ တာချီလိတ်တွင် ဓားပြတိုက်သူများဖမ်းဆီးရမိ “ ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ BBC, Shwe Phee Myay, Mekong news သတင်းမီဒီယာတို့က ရေးသားဖော်ပြထားသည်။
BBC သတင်းမီဒီယာတွင် “ တာချီလိတ်မြို့ပေါ်ရပ်ကွက်တွင် စစ်ကောင်စီအုပ်ချုပ်ရေးနှင့်တပ်ဖွဲ့ဝင် အယောင် ဆောင်ပြီးနေအိမ်များကိုဧည့်စာရင်းစစ်ခြင်း၊ ဖုန်းနှင့်ငွေကြေးခြောက်လှန့်တောင်းယူနေသည့် အမျိုးသား ၈ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီတပ်ကဒီဇင်ဘာ ၁ ရက်တွင်ထုတ်ပြန်သည်” ဟု ရေးသားဖော်ပြထားသည်။
BBC – https://shorturl.at/Mubc1
Shwe Phee Myay သတင်းမီဒီယာတွင် “စစ်ကောင်စီတပ်ထိန်းချုပ်ထားသည့် တာချီလိတ်မြို့တွင် ခိုးမှု၊ လိမ် လည်မှု၊ ဓားပြတိုက်မှုများ မကြာခဏ ဖြစ်နေပြီး ဆိုင်ကယ်များမကြာခဏပျောက်လေ့ရှိကြောင်း၊ လူသွားလူလာ နည်းသောနေရာများကို တစ်ဦးထဲမသွားရန်အချင်းချင်းသတိပေးလေ့ရှိကြောင်း တာချီလိတ်မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်” ဟု ရေးသားဖော်ပြထားသည်။ Shwe Phee Myay – https://shorturl.at/CyPr7
Mekong news သတင်းမီဒီယာတွင် “ ဓားပြတိုက်သူများသည် စက်တင်ဘာလမှစတင်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် အယောင်ဆောင် ကာ နေအိမ်များအတွင်း ဝင်ရောက်ပြီးဧည့်စာရင်းစစ်မည်ဟု အကြောင်းပြကာ နေအိမ်ရှိသူများထံမှ ဖုန်း မျိုးစုံ ၂၄ လုံးနှင့်ထိုင်းဘတ်ငွေ ၇၃၀၀၀ ကို ငါးကြိမ်တိတိ ခြောက်လှန့်တောင်းယူ ခဲ့ကြသည်” ဟု ရေးသားထားသည်။ Mekong news – https://shorturl.at/s3VAq
တာချီလိတ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အယောင်ဆောင်ကာ ငွေညှစ်တောင်းခံနေသည့် ဓားပြရှစ်ဦးကို စစ် ကောင်စီတပ်က ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်။
ဖမ်းဆီးခံထားရသော ဓားပြများသည် စက်တင်ဘာလမှစတင်ကာ တာချီလိတ်မြို့တွင်း ငွေညှစ်တောင်းခံနေသူ များ ဖြစ်သည်ဟု သိရသည်။ တာချီလိတ်မြို့သည် လုယက်မှု၊ ခြိမ်းခြောက်မှု ၊ လူသတ်မှု၊ ကျားဖြန်လောင်းက စား ပေါင်းစုံရှိသော မြို့ဖြစ်သည်။
စစ်ကောင်စီထောက်ခံသူများ ဖြန့်ဝေနေသော တာချီလိတ်မြို့တွင် ဖမ်းဆီးရမိသည့် ဓားပြများ NUG ကို အလုပ် လုပ်ပေးနေသူများဟု ဆိုသောအကြောင်းအရာသည် လုပ်ကြံဖန်တီးထားသော သတင်းအမှား ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Myanmar Fact-Checking Network အဖွဲ့ဝင် သတင်းမီဒီယာများ၏ အချက်အလက်စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။