By Myanmar Pressphoto Agency + Kantarawaddy Times
ရှမ်း-ကရင်နီ(ကယား)နယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းတွင် လက်နက်များထုတ်လုပ်မှု ကြောင့် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့ခြင်းဖြစ်သည် ဟု တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှား များ ပျံ့နှံ့လျက်ရှိသည်။
ရွှေနေကြာ တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၁၉ ရက်ညနေပိုင်းတွင် “ ဘန်ကောက်ရွာစတင်တည်ထောင်သူ ဦးပေါသန်းသည် ကယားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းသူဖြစ်ပြီး လက်နက်ပြင်ဆင်သူ၊ ဗုံးသီးပြုလုပ်သူ၊ Starlink.Wi-Fi. Sharing နှင့် သတင်းအချက်အလက်ရယူသူ၊ စစ်ရေးလေ့ကျင့်ပေးသူတွေ ခေါ်ယူထားသည်” ဟု ရေးသားဖြန့်ဝေထားသည်။
သတင်းအမှားလင့်ခ်များ
ရွှေနေကြာ – https://archive.ph/qFcZn
Kyaw Swar – https://archive.ph/C6cgg
MDY Image – https://shorturl.at/Quj48
သတင်းအမှားဖြစ် ကြောင်းသက်သေပြစိစစ်ချက်
ပျံ့နှံ့နေသည့် သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ ဘန်ကောက်စစ်ရှောင်စခန်း” ဆိုသည့် စာ သားဖြင့်ရှာဖွေကြည့်ရာ Karenni People’s Voice , The Irrawaddy ၊ Kantarawaddy Times သတင်းမီ ဒီယာတို့တွင် ရေးသားဖော်ပြထားသည်။
Karenni People’s Voice သတင်းမီဒီယာတွင် “ ဘန်ကောက်စစ်ရှောင်စခန်းတွင် ကလေးနှင့် စစ်ရှောင်များသာ ရှိကြောင်းနှင့် လေကြောင်းတိုက်ခိုက်ချိန်တွင် စာသင်ကြားနေသည့် မူလတန်းကျောင်းသူကျောင်းသား ၈၀ ကျော် ဗုံးခိုကျင်း၌ ဝပ်နေသည့်အတွက် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်” ဟု ရေးသားဖော်ပြထားသည်။
Karenni People’s Voice – https://shorturl.at/QIq9n
The Irrawaddy သတင်းမီဒီယာတွင် “ လေကြောင်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်နှင့် အနီးတစ်ဝိုက် ပြည်သူ များ၏ တဲ ၊ နေအိမ်၊ ဘာသာရေးဘုရားကျောင်း၊ စပါးကျီများနှင့် လူတစ်ချို့ထိခိုက်ဒဏ်ရာရခဲ့သည်” ဟု သတင်း ရေးထားသည်။ The Irrawaddy – https://shorturl.at/gY7R8
Kantarawaddy Times သတင်းမီဒီယာတွင် “ ဘန်ကောက်စစ်ရှောင်စခန်းသည် ဖယ်ခုံမြို့နယ်အတွင်း က စစ်ဘေးရှောင်ပြည်သူများလာရောက်တိမ်းရှောင်သည့် နေရာဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့က လေကြောင်းဗုံးကြဲခံရမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်” ဟု ရေးသားဖော်ပြထားသည်။
Kantarawaddy Times – https://shorturl.at/wBrQa
ဘန်ကောက်စစ်ရှောင်စခန်းတွင် လက်ရှိနေထိုင်နေသည့် အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို နိုဝင်ဘာ ၂၂ ရက်တွင် MFCN က ဆက်သွယ်မေးမြန်းရာ “ဘန်ကောက်စစ်ရှောင်စခန်းအနီးအနားမှာ ဘယ်လက်နက်ကိုင်တပ်ဖွဲ့မှ ဘယ်တော်လှန်ရေးတပ်ဖွဲ့မှ မရှိဘူးပေါ့နော။ တောင်ပေါ်ထိပ်လေးမှာ ရှိနေတဲ့ စစ်ရှောင်စခန်းတခုပေါ့နော။ မိုးဗြဲ၊ ဖယ်ခုံ ဖက်ကနေ လာရှောင်တဲ့ စစ်ရှောင်ရယ် အရပ်သားစစ်ရှောင်ရယ် သူတို့ရွာမှာနေလို့မရလို့ အဲ့မှာ စစ်ရှောင်ကြတဲ့ နေရာပဲပေါ့။ ဘယ်လက်နက်ကိုင်တပ်ဖွဲ့မှလည်းမရှိဘူး အနီးအနားမှာ” ဟု ဖြေဆိုသည်။
ထို့အပြင် ဘန်ကောက်ရွာရှိဒေသခံတစ်ဦးကို နိုဝင်ဘာ ၂၂ ရက်တွင် MFCN က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “စစ်လက်နက်ထုတ်တာ ကော စစ်သင်တန်းပေးတဲ့ နေရာကော တခုမှမဟုတ် အရပ်သားတွေ စစ်ဘေးရှောင်တွေ ကျောင်းနေကလေးတွေ အများကြီးရှိတဲ့ စစ်ရှောင်စခန်းပါပဲ။ ဘလိုင်းကြီး နှစ်ခါတောင် လေယာဉ်လာကြဲထားတာ စစ်ရှောင်တွေ အတော် လေး လန့်နေကြပြီ” ဟု ဖြေဆိုသည်။
သုံးသပ်ချက်
ရှမ်းနှင့်ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် ဘန်ကောက်စစ်ဘေးရှောင်စခန်းသည် ဖယ်ခုံမြို့နယ်အတွင်းမှ စစ်ဘေး ရှောင်ပြည်သူများတိမ်းရှောင်နေသည့်နေရာ ဖြစ်ပြီး အဆိုပါစစ်ရှောင်စခန်းတွင် လက်နက်များထုတ် လုပ်ခြင်းမရှိ ကြောင်း စုံစမ်းသိရှိရသည်။
ထို့ကြောင့် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းတွင် လက်နက်များထုတ်လုပ်မှုကြောင့် စစ်ကောင်စီ တပ်က လေကြောင်းဗုံးကြဲ ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်များတွင် အရပ်သား ထိခိုက်သေဆုံးမှုများကို PDF ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်များအဖြစ် ပုံဖော်ပြီး အချက်အလက်အမှားများနှင့် ဝါဒဖြန့်ချိမှုများ ပြုလုပ်နေသလို အဆိုပါနေရာများတွင်လည်း လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်ရာနေရာများအဖြစ် ပုံဖော်ပြီး ဝါဒ ဖြန့်ချိနေ ကြောင်း လေ့လာတွေ့ရှိရသည်။
MPA က နိုဝင်ဘာလအတွင်း “အမ်းမြို့တွင် စစ်တပ်ဗုံးကြဲမှုကြောင့် စစ်ရှောင်ပြည်သူများ သေဆုံးမှုအား အေအေအဖွဲ့ကြောင့်ဟု သတင်းအမှားဖြန့်ဝေ” ဆိုသည့် ဝါဒဖြန့် သတင်းအမှားအကြောင်း အချက်အလက် စိစစ်ရေးသားခဲ့ဖူးသည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန်လင့်ခ် – https://bitly.cx/6gKGej
Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ နေသော သတင်းအကြောင်းအရာများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများ၌ဖတ်ရှုကြ ရန် တိုက်တွန်းပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားသည့် သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်သည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် -https://www.facebook.com/myanmarfactcheckingnetwork