နောင်ချိုမြို့နယ်ရှိ TNLA တပ်ဖွဲ့ဝင်များ မူးယစ်ဆေးသုံးစွဲသည့်နေရာကို စစ်ကောင်စီတပ်ဗုံးကြဲဆိုသည့် သတင်းအမှား
Share:FacebookX

နောင်ချိုမြို့နယ်ရှိ TNLA တပ်ဖွဲ့ဝင်များ မူးယစ်ဆေးသုံးစွဲသည့်နေရာကို စစ်ကောင်စီတပ်ဗုံးကြဲဆိုသည့် သတင်းအမှား

By Delta News Agency (DNA)+Myanmar Pressphoto Agency (MPA) – The Red Flag

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ် ကုန်းကြီးရွာနှင့်ကံကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့ ပြီး TNLA တပ်ဖွဲ့ဝင်များ မူးယစ်ဆေးသုံးစွဲသည့်နေရာကို စစ်ကောင်စီတပ်ဗုံးကြဲဆိုသည့် သတင်းအမှား တယ် လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။

Subscriber ၁၆၀,၀၀၀ ကျော်ရှိသည့် မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် လေ ကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦး ဓာတ်ပုံများကို အသုံးပြုပြီး “ TNLA တပ်ဖွဲ့ဝင် များ မူးယစ်ဆေးသုံးစွဲသည့်နေရာကို စစ်ကောင်စီတပ်ဗုံးကြဲ” ဟု ရေးသားဖြန့်ဝေထားသည်။

အဆိုပါရေးသားဖြန့်ဝေမှုကို နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းအထိကြည့်ရှုသူ ၂၅၀၀၀ ကျော်ရှိပြီး like and react လုပ်သူ ၅၀၀ ကျော်ရှိကာ အခြားတယ်လီဂရမ်ချန်နယ်များစွာကလည်းကူးယူဖော်ပြခဲ့ကြသည်။

သတင်းအမှားလင့်ခ်များ

မှိုင်းဝေ – https://archive.ph/Fqb8T

D.I Thameedaw – https://archive.ph/Snk9c

ဘညွှန့် – https://archive.ph/4Ayda

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော Delta News Agency နှင့် Myanmar Pressphoto Agency (MPA) တို့ ပူးပေါင်း၍ အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်သည်။

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

ပျံ့နှံ့နေသည့် ဓာတ်ပုံကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ Shan News(Burmese Version) သတင်းမီဒီယာ၌ နိုဝင်ဘာ ၂၁ရက်တွင် သတင်းဖော်ပြထားသော နောင်ချိုမြို့အတွင်း စစ်‌ကောင်စီတပ်လေကြောင်းဗုံးကြဲခဲ့မှု နေအိမ် အဆောက်အအုံများ ထိခိုက်ပျက်စီးနေသော ဓာတ်ပုံနှင့်ထပ်တူညီနေသည်။

Shan News (Burmese Version) သတင်းမီဒီယာလင့်ခ် – https://shorturl.at/mF2Ub

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “နောင်ချိုမြို့ စစ်ကောင်စီတပ်ဗုံးကြဲ”ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ Shan News, People’s Spring, Shwe Phee Myay သတင်းမီဒီယာတို့က သတင်းရေးသားဖော်ပြထားသည်။

Shan News(Burmese Version) သတင်းမီဒီယာတွင် “ နောင်ချိုမြို့နယ် ကုန်းကြီးရွာမအတွင်းရှိ ဘုန်းကြီးကျောင်းအနီးတွင် စစ် ရှောင်များခိုလှုံနေစဥ် စစ်ကောင်စီတပ်ကလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်” ဟု ရေးသားဖော်ပြထားသည်။ Shan News – https://shorturl.at/mF2Ub

People’s Spring သတင်းမီဒီယာတွင် “နောင်ချိုမြို့နယ် ကုန်းကြီး‌ကျေးရွာကို စစ်ကောင်စီတပ်က ညနေပိုင်းတွင် လေကြောင်းဗုံးကြဲခဲ့ပြီး ညသန်းခေါင်၌ ကံကြီး ကျေးရွာကိုလည်း လေကြောင်းဗုံးကြဲချခဲ့သည်” ဟုရေးသားဖော် ပြထားသည်။ People’s Spring https://shorturl.at/gfuwU

Shwe Phee Myay သတင်းမီဒီယာတွင် “ နောင်ချိုမြို့ကိုစစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့သည်” ဟု ရေးသားဖော်ပြထားသည်။ Shwe Phee Myay – https://shorturl.at/OTYqp

သုံးသပ်ချက်

နောင်ချိုမြို့နယ် ကုန်းကြီးရွာကို စစ်တပ်ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းဝန်းအတွင်းစစ်ရှောင်နေသူ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ကံကြီးရွာကို ထပ်မံဗုံးကြဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရ ထားသူများမှာ ပြည်သူများသာဖြစ်သည်။

ထို့ကြောင့် နောင်ချိုမြို့နယ်ရှိ TNLA တပ်ဖွဲ့ဝင်များ မူးယစ်ဆေးသုံးစွဲသည့်နေရာကို စစ်ကောင်စီတပ်ဗုံးကြဲ ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .