မုံရွာတွင် စစ်‌ဘေးရှောင်ပြည်သူလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး PDF များ ဖမ်းဆီးရမိဟု သတင်းအမှားဖြန့်
Share:FacebookX

မုံရွာတွင် စစ်‌ဘေးရှောင်ပြည်သူလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး PDF များ ဖမ်းဆီးရမိဟု သတင်းအမှားဖြန့်

By Haythar/ Myanmar Pressphoto Agency(MPA)+The Redflag

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် နိဗ္ဗာန်ဝကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် စစ်ဘေးရှောင် ပြည်သူလေးဦးကို ဖမ်းဆီးခဲ့ပြီး PDF များဖမ်းဆီးရမိဟု စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေလျက်ရှိသည်။

မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် အမျိုးသား သုံးဦး အမျိုးသမီးတစ်ဦးကို လက် နက်များနှင့်တကွ ဖမ်းဆီးထားသည့် ဓာတ်ပုံ အသုံးပြု၍ နိဗ္ဗာန်၀ရွာရှိ PDF စခန်းကို၀င်ရောက်ရှင်းလင်းရာPDF လေးဦးနှင့် လက်နက်များ သိမ်းဆည်းရမိ ဟု ရေးသား‌ ဖြန့်ဝေထားသည်။

အဆိုပါဖြန့်ဝေမှုကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းအထိ ကြည့်ရှုသူ ၃၂,၀၀၀ ကျော်၊ Like And React ပေးသူ ၆၈၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များစွာက ကူးယူဖော်ပြခဲ့ကြသည်။

သတင်းအမှားလင့်ခ်များ

မှိုင်းဝေ – https://archive.ph/zhEaX

အထွန်းဖွား – https://archive.ph/bHSjT

MDY IMage – https://archive.ph/qz54R

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင် ခဲ့သည်။

“သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်”

ပျံ့နှံ့နေသည့် သတင်းဓာတ်ပုံကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ မြေလတ်အသံသတင်း မီဒီယာတွင် အသုံးပြုထားသည့် ဓာတ်ပုံနှင့် ထပ်တူညီနေသည်။

မြေလတ်အသံသတင်းလင့်ခ် – https://shorturl.at/GUsMs

Google တွင် “မုံရွာမြို့နယ်တွင် ပြည်သူများ ဖမ်းဆီးခံရ “ ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ RFA, People Spring, မြေလတ်အသံ သတင်းမီဒီယာတို့၌ သတင်းဖော်ပြထားသည်။

RFA သတင်းမီဒီယာတွင် “ မုံရွာမြို့နယ်ရွှေမြင်‌တင်တောင်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစီးနင်းပြီး စစ်ဘေးရှောင်နေသည့် ကြေးမုံရွာမှ အသက် ၃၀ အရွယ်မ ချောစု၊ အသက် ၅၀ အရွယ် ကိုဝင်းဇော်တို့ဖြစ်ပြီး
အခြားဖမ်းဆီးခံရသူ အမျိုးသား နှစ်ဦးမှာ ဗန်စီရွာခံများဖြစ်သည်” ဟု ရေးသားထားကြသည်။

People’s Spring သတင်းမီဒီယာတွင် “PDF အမည်တပ် ဖမ်းဆီးခံလိုက်ရသူများသည် ကြေးမုံရွာအဝင်တွင် နေထိုင်သူများဖြစ်ပြီး မကြာခဏ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ရွှေမြင်တင်တောင်ပေါ် သွားနေကြသူများ ဖြစ်ကြောင်း ရေးသားထားသည်။

မြေလတ်အသံ သတင်းမီဒီယာတွင် မုံရွာမြို့နယ် နိဗ္ဗာန်ဝ ကျေးရွာရှိ PDF စခန်း ၃ ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဗန်စီရွာသားနှစ်ဦးနှင့် ကြေးမုံ ရွာက အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦးအပြင် နိဗ္ဗာန်ဝ ‌ကျေးရွာက အခြား ပြည်သူ ၂၀ ခန့်ကို စစ်တပ်ကဖမ်းဆီးထားသည်” ဟု ရေးသားဖော်ပြထားသည်။

သတင်းမီဒီယာလင့်ခ်များ

RFA – https://shorturl.at/YW67K

People’s Spring – https://shorturl.at/I0ywq

မြေလတ်အသံ – https://shorturl.at/GUsMs

သုံးသပ်ချက်

မုံရွာမြို့နယ် နိဗ္ဗာန်ဝ ကျေးရွာရှိ PDF စခန်းများကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာ PDF ရဲဘော်များ ထွက်ပြေးလွတ်မြောက်သွားပြီး စစ်ဘေးရှောင်နေသည့် ပြည်သူလေးဦး ဖမ်းဆီးခံခဲ့ရသည်။ နိဗ္ဗာန်ဝကျေးရွာရှိ အခြား ပြည်သူ ၂၀ ခန့်ထပ်မံဖမ်းဆီးခံထားရသည်။

ထို့ကြောင့် နိဗ္ဗာန်၀ရွာရှိ PDF စခန်းကို ၀င်ရောက်ရှင်းလင်းရာ PDF လေးယောက် ဖမ်းဆီးရမိဟု စစ်တပ် ထောက်ခံ တယ်လီဂရမ်များ ဖြန့်ဝေထားသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .