မောင်တောမြို့နယ် ကြိမ်ချောင်းရွာကို စစ်တပ်လေကြောင်းဗုံးချပြီးနောက် အေအေတပ်ဖွဲ့ဝင် ရာချီသေဆုံးဆိုတဲ့ သတင်းအမှား
Share:FacebookX

မောင်တောမြို့နယ် ကြိမ်ချောင်းရွာကို စစ်တပ်လေကြောင်းဗုံးချပြီးနောက် အေအေတပ်ဖွဲ့ဝင် ရာချီသေဆုံးဆိုတဲ့ သတင်းအမှား

21 November 2024 By Kantarawaddy Times + Myanmar Press Photo Agency +The Red Flag

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြိမ်ချောင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးချတိုက်ခိုက်ခဲ့ပြီးမြေပြင်မှာ လူသေဆုံးမှု မရှိပေမယ့် အေအေ တပ်ဖွဲ့ဝင် ရာချီသေဆုံးတယ်လို့ စစ်ကောင်စီတပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းမှာ ရေးသားဖြန့်ဝေခဲ့ကြပါတယ်။

Subscriber ၁၉၄၀၀၀ ကျော်ရှိတဲ့ Kyaw Swar တယ်လီဂရမ်ချန်နယ်က “ မောင်တောနယ်ကြိမ်ချောင်းအေအေများခိုလှုံနေသည့် စခန်းအဆောက်အဦးများကို ဖိုက်တာ၂စီဖြင့် ဗုံး၇လုံးကြဲချတိုက်ခိုက်သုတ်သင်ရာ၊ အေအေ ရာချီသေဆုံး “လို့ (မူရင်းရေးသားချက်အတိုင်း) နိုဝင်ဘာ ၁၉ ရက် ညပိုင်းမှာ ရေးသားဖြန့်ဝေခဲ့တာပါ။

အဆိုပါရေးသားဖြန့်ဝေမှုကို နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၅၁၀၀၀ ကျော်ရှိပြီး Like And React ပြုလုပ်သူ ၉၀၀ ကျော်ရှိကာ အခြားတယ်လီဂရမ်ချန်နယ်များစွာကလည်း ကူးယူဖော်ပြခဲ့ကြပါတယ်။

သတင်းအမှားလင့်ခ်များ
Kyaw Swar – https://archive.ph/zAxio
ဆက်စပ်သတင်းမှားလင့်ခ်
Ko Thet – https://archive.ph/3Z93Z
Truth Media – https://shorturl.at/sEUbd

သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်

တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ သတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Google မှာ “ မောင်တောမြို့နယ်ကို စစ်တပ်ဗုံးကြဲဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ RFA ၊ Narinjara ၊ Arakan Bay News စတဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာအသီးသီးက ရေးသားဖော်ပြထားတာကို တွေ့ရှိရပါတယ်။

RFA သတင်းမီဒီယာမှာ ” မောင်တောမြို့နယ် ကြိမ်ချောင်းရွာရှိ စစ်ဘေးဒုက္ခသည်များ ခိုလှုံနေသည့် အထက်တန်းကျောင်းနှင့် အေအေ သိမ်းပိုက်ထားသည့် နခခ (၇) နယ်ခြားစောင့်တပ်ရင်း ကို နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းကတဆင့် ဗုံးလေးလုံးကြဲချခဲ့ပြီး လေယာဥ်လာချိန် ဒုက္ခသည်များထွက်ပြေးတိမ်းရှောင်လိုက်ရသည့်အတွက် လူထိခိုက်မှုမရှိ “ လို့ ရေးသားဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
RFA – https://shorturl.at/tPNsJ\

Narinjaraသတင်းမီဒီယာမှာ “ ဗုံးကြဲခံရသည့်နေရာများမှာ စစ်ရှောင်များနေထိုင်နေသည့် အထက စာသင်ကျောင်းဆောင်၊ အာရက္ခတပ်တော် အေအေ သိမ်းပိုက်ထားသည့်အမှတ် ၇ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နှင့် စျေးနေရာ တို့ဖြစ်သည် “ လို့ ရေးသားဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Narinjara – https://shorturl.at/I1c4r

Arakan Bay News သတင်းမီဒီယာမှာ “ စစ်ရှောင်များခိုလှုံနေသည့် အဆောက်အဦးတစ်ချို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၇ လုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင်အချို့ ဒဏ်ရာရခဲ့သည်။” လို့ ရေးသားဖော်ပြထားသည်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Arakan Bay News – https://shorturl.at/dRR5X

သုံးသပ်ချက်

ရခိုင်ပြည်နယ်မောင်တောမြို့ရှိ ကြိမ်ချောင်းကျေးရွာ စစ်ရှောင်များနေထိုင်နေတဲ့ အထက စာသင်ကျောင်းဆောင်၊ အာရက္ခတပ်တော် အေအေ သိမ်းပိုက်ထားတဲ့အမှတ် ၇ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နှင့် စျေးနေရာတို့ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းမှာ လေကြောင်းဗုံးကြဲချခဲ့သည်မှာ မှန်ကန်ပြီး
ဗုံးကြဲခံရမှုကြောင့် စစ်ရှောင်အချို့သာ ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဗုံးကြဲခံရတဲ့နေရာကလည်း စစ်ဘေးရှောင်ပြည်သူတွေသာ နေထိုင်တဲ့ နေရာဖြစ်ပါတယ်။ဒါ့ကြောင့် မောင်တောနယ်ကြိမ်ချောင်း အေအေများ ခိုလှုံနေတဲ့ စခန်းဗုံးကြဲခံရပြီး အေအေတပ်ဖွဲ့ဝင် ရာချီသေဆုံး ဆိုတာ သတင်းအမှားအကြောင်းအရာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .