By Haythar / Myanmar Pressphoto Agency + The Red Flag
ရခိုင်ပြည်နယ် အမ်းမြို့ရှိ စစ်ရှောင်ပြည်သူများ ရှိရာနေရာသို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ၍ လက် နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးမှုကို စစ်တပ်ထောက်ခံသူများက အေအေအဖွဲ့ လုပ်ရပ်ကြောင့်ဟူ၍ တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။
Subscriber ၁၁၀,၀၀၀ ကျော်ရှိသည့် Thazin Oo တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်း တွင် “အမ်း လေယာဥ်ကွင်းရပ်ကွက်ဘက်ကို ပြည်သူတွေရွေ့ပြောင်းနေတုန်း အေအေ က လူအုပ်ထဲကို လက် နက်ကြီးနဲ့ ပစ်ခက်ခဲ့တာကြောင့် လူ ၂၀လောက် ထိခိုက်ဒဏ်ရာရခဲ့ကြရပါတယ်။ ထပ်ပြီး လက်နက်ကြီး နဲ့ ပစ် တာကြောင့် လေယာဥ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ ပြည်သူ ၂၅ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ၃ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်”ဟု (မူရင်းရေးသားချက်အတိုင်း) ရေးသားဖြန့်ဝေခဲ့သည်။
အဆိုပါ သတင်းအကြောင်းအရာကို နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းအထိ ကြည့်ရှုသူ ၃၁၀၀၀ ကျော်၊ like and react ပေးသူ၄ ၅၂၀ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များစွာက ကူးယူဖော်ပြခဲ့ကြသည်။
သတင်းအမှားလင့်ခ်များ
Thazin Oo – https://archive.ph/Ak3LX
ရုက္ခစိုးရုပ်သံ – https://archive.ph/oXUyj
စစ်ကားဖျော်ဖြေရေးနှင့်ဆွေးနွေးပွဲများမျှဝေခြင်း https://archive.ph/JiDuU
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင် ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
Google တွင် “အမ်းမြို့ ဗုံးကြဲခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ Narinjara, Western News, Development Media Group သတင်းမီဒီယာများ၌ ရေးသားဖော်ပြထားသည်။
Narinjara သတင်းမီဒီယာတွင် “အမ်းမြို့တွင် စစ်ကောင်စီတပ်ရင်းများက ပစ်ခတ်သည့် လက်နက်ကြီး ကျည်ထိမှန်ပေါက်ကွဲပြီး အရပ်သား ၁၀ ဦးကျော်သေဆုံး၍ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လေယာဉ်ကွင်းရပ်ကွက်မှ အသက် (၁၆)နှစ်အရွယ် တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီးသူ ကိုမောင်မောင်၊ ကျောင်းဆရာမ ဒေါ်တင်တင်၊ ဦးဝင်းညိုတို့ သားအဖနှစ်ဦးအပါအဝင် ၁၀ ဦးကျော်သေဆုံးသွားခဲ့သည်” ဟု ရေးသားဖော်ပြထားသည်။ သတင်းအပြည့်အစုံ – https://shorturl.at/GvP8H
Development Media Group သတင်းမီဒီယာတွင် “အောက်တိုဘာ ၂၉ ရက် လေကြောင်းဗုံးကြဲမှုကြောင့် မြို့ပေါ်ရှိ လေယာဉ်ကွင်းရပ်ကွက်၊ အေးမြသာယာရွာသစ် ရပ်ကွက်(ဂျင်ကုန်းရွာ)နှင့် မြို့မြောက်ဘက်ခြမ်းရှိ ရပ်ကွက်အချို့တွင် ကျရောက်ပေါက်ကွဲသဖြင့် လူအစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။” ဟုရေးသားဖော်ပြထားသည်။ သတင်းအပြည့်အစုံ – https://shorturl.at/1cCbv
Western News သတင်းမီဒီယာတွင် “ အောက်တိုဘာလ ၂၉ ရက် ညနေပိုင်းက လက်နက်ကြီးများအပြင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပိတ်မိနေသူများ စစ်ရှောင်နေသည့် အမှတ် ၄ ရပ်ကွက်၊ လေယာဉ်ကွင်း ရပ်ကွက်နှင့် မြို့မြောက်ဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ကလေး ငယ်၊ အမျိုးသမီးများအပါအဝင် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၀ နီးပါး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်” ဟု ရေးသားဖော်ပြထားသည်။ သတင်းအပြည့်အစုံ – https://shorturl.at/A7Egf
သုံးသပ်ချက်
အမ်းမြို့ရှိ အရပ်သားပြည်သူများနှင့် စစ်ရှောင်များနေထိုင်နေရာ ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က လက် နက်ကြီးပစ်ခတ်သည့်အပြင် လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၁၀ ဦးနီးပါးသေဆုံးခဲ့ပြီး ၂၀ ထိ ခိုက်ဒဏ်ရာရခဲ့သည်။
ထို့ကြောင့် စစ်ရှောင်များရှိရာနေရာကို အေအေက လက်နက်ကြီးပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork