ကန့်ဘလူတွင် PDF 30 ကျော်ကို သတ်ဖြတ်ဖမ်းဆီး
Share:FacebookX

ကန့်ဘလူတွင် PDF 30 ကျော်ကို သတ်ဖြတ်ဖမ်းဆီး

နိုဝင်ဘာလ ၅ – Federal FM/ The Red Flag

ကန့်ဘလူတွင် PDF 30 ကျော်ကို သတ်ဖြတ်ဖမ်းဆီးလို့ နိုဝင်ဘာ၁ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

Subscriber ၃၁,၇၉၅ ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” ရေဦးPeople’s Defense Comradeမုဆိုးမရဲ့သား၊ထူးခန့်ကြောင်မှထုတ်ပြောပြသည့်ကန့်ဘလူဖမ်းမိပဒက်၃၇ကင်စာရင်း။
PDFအမျိုးသား(၃၄)ဦးနှင့်PDFအစိရှည်(၃)ဦး၊စုစုပေါင်းသုတ်သင်(၃၇)ဦးမှာနေလ၊မြင့်မြတ်ဇင်၊အောင်ဆန်းထွန်း၊သိန်းချို၊နိုင်လင်းအောင်၊ကျော်သူဟိန်း၊မဲခိုင်၊ဖြိုးလွင်၊အောင်ကံဦး၊ရဲကိုဝင်း၊မြင့်မြတ်ဟိန်း၊ချက်ကြီး၊မောင်ဇော်၊ရန်ကျော်ဦး၊မျောက်ကြီး၊စည်သူနိုင်၊ကျော်စိုးဦး၊ရဲထက်ဦး၊ထိုင်ဝမ်၊ဝင်းထွန်း၊ကျော်ရဲနိုင်၊ဝင်းထက်အောင်၊ရွှေထူး၊ချက်ဖောင်း၊အောင်ဇော်ဦး၊မောင်ခိုင်၊ငယ်လေး၊ဝါဆို၊ထွေးအောင်ကျော်၊ရဲအောင်၊ကိုမျိုး၊ချစ်ပို၊လူပျို၊မဇင်မာလင်း၊ဒေါ်ပူစူး၊မဇင်ဝေခိုင်နှင့်အမည်မသိိထောက်ပို့တစ်ဦးတို့ဖြစ်ကြသည်။” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။

နေပြည်တော် တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ နိုဝင်ဘာလ ၁ ရက်ကနေ နိုဝင်ဘာ ၅ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၆၁၁၃ ကျော်၊ like and react လုပ်သူ ၈၄ ဦး ကျော်ရှိပါတယ်။

သတင်းအမှားလင့်ခ် https://t.me/KKM28640/7956

တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ အဆိုပါသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Federal FM က အချက်အလက်စစ်ဆေးခဲ့ရာ တစ်စိတ်တစ်ပိုင်း သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကာဘိုးတိုက်နယ် ကာဘိုးပျူစောထီးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၅၀ ခန့်သည် အောက်တိုဘာ ၃၀ ရက်၌ ကျီစု၊ ကျောက်တိုင်ရွာတို့ကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သလို အိုင်ပေါင်းချောင်ရွာမှ အမျိုးသမီး ၃ ဦး အပါအဝင် အရပ်သား ၃၇ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကန့်ဘလူဒေသခံတဦးက “အိုင်ပေါင်းချောင်ရွာက မရှောင်ကြလို့ စစ်ကြောင်းက ဖမ်းသွားတာလို့ သိရတယ်။ ကျီစုနဲ့ ကျောက်တိုင်ရွာကို မီးရှို့ပြီး ပြန်ထွက်လာချိန်မှာ ဖမ်းသွားကြတာ။ အခုတော့ ကာဘိုအထိုင်ကနေ ၆၀၀၆ တပ်ထဲကို ဖမ်းခေါ်သွားကြတယ်လို့ သိရတယ်။ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ကားတွေနဲ့ သယ်ထုတ်သွားကြသေးတယ်။ ကာဘိုအထိုင်ကနေပြီးတော့ အခုလိုမျိုး မကြာမကြာ စစ်ကြောင်းထွက်ထိုးနေတာမျိုး လုပ်နေတာကြာပြီ” ဟု ပြောသည်။
ကျီစုရွာနှင့် ကျောက်တိုင်ရွာမှ နေအိမ်များ ထိခိုက်ပျက်စီးမှု အခြေအနေကို အသေးစိတ်မသိရသေးပေ။ အိမ်ခြေ ၉၀၀ နီးပါးရှိသည့် ကျီစုကျေးရွာမီးရှို့ခံရမှုမှာ ၃ ကြိမ်မြောက်ဖြစ်ပြီး စစ်တပ်၏ ၂ ကြိမ် မီးရှို့ ဖျက်ဆီးခဲ့ခြင်း‌ကြောင့် အိမ်ခြေ ၆၆၆ လုံးနှင့် ဗလီတခု မီးလောင်ပျက်စီးထားကြောင်း၊ ကျောက်တိုင်ကျေးရွာသည်လည်း ဒုတိယအကြိမ် မီးရှို့ခံရခြင်းဖြစ်ကာ ပထမအကြိမ်၌ နေအိမ် ၁၇၃ လုံးနှင့် ဆွမ်းစားဆောင်တဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ဒေသခံတဦးက “မီးရှို့ရုံမကဘူး။ ဒရုန်းနဲ့ ဗုံးသီးတွေပါချတော့ ကျမတို့တော့ ရွာထဲမနေရဲဘူး၊ အကုန်ရှောင်ကြတာ။ ကန့်ဘလူနယ်တင်မကဘူး နယ်မြေဆက်နေတော့ ရေဦးမြို့နယ်ထဲက ပင်စိမ်းခင်းရွာရော ဗုံးချခံရတယ်။ အထိအခိုက်ရှိမရှိတော့ ဘာမှမကြားရသေးဘူး။ ကျမတို့တွေမှာ လူလွတ်ပြေးမရ၊ သားသမီးတွေ၊ မိဘတွေနဲ့ဆိုတော့ စစ်ကြောင်းထိုးလို့ ပြေးရရင် တအားခက်ခဲတယ်။ တော်လှန်ရေးလည်း ပြီးစေချင်လှပါပြီ” ဟု ဆိုသည်။ “ ဆိုပြီးတော့ The Irrawaddy သတင်းဌာနက ဖော်ပြထားပါတယ်။

မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/wMs5kTULxCquroqN/
“မနက်ပိုင်းမှာ ကန့်ဘလူနယ် ကာဘိုးရွာအထိုင်စခန်းကနေ အင်အား ၁၅၀ ပါ စစ်ကြောင်းက အရှေ့ရပ်ကို ကနဦးထွက်လာတယ်။ အိုင်ပေါင်းချောင်ရွာကို လက်နက်ကြီး အရင်ပစ်ခတ်ဝင်ရောက်ခဲ့တယ်။အငိုက်ဝင်ရောက်လာတာဖြစ်လို့ အိုင်ပေါင်းချောင်ရွာက အရပ်သားတွေက ပိတ်မိသလိုဖြစ်ပြီး ဖမ်းဆီးခံလိုက်ရတယ်”လို့ ထူးခန့်ဇော် (အမေ့သား) က ဖက်ဒရယ် FM ကို ပြောပါတယ်။

မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/4bbvgKdL1pLCcaqh/

သုံးသပ်ချက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကာဘိုးတိုက်နယ် ကာဘိုးပျူစောထီးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၅၀ ခန့်သည် အောက်တိုဘာ ၃၀ ရက်၌ ကျီစု၊ ကျောက်တိုင်ရွာတို့ကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သလို အိုင်ပေါင်းချောင်ရွာမှ အမျိုးသမီး ၃ ဦး အပါအဝင် အရပ်သား ၃၇ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

၂၀၂၄ခုနှစ် အောက်တိုဘာ (၃၀)ရက်နေ့က ကန့်ဘလူ(၆၀၀၆)တပ်မှ ထွက်လာသည့် သင်္ကန်းဝတ် ဝါသဝ၏ ပျူစောထီးတပ် အင်အား(၁၂၀)ဝန်းကျင်သည် ကားကြီး (၃)စီးဖြင့် ကာဘိုးစစ်ကောင်စီတပ်ထံ ဝင်ရောက်ပြီးနောက် ရေဦးနယ်မြောက်ဘက်ခြမ်း အောင်သာယာပျူစောထီးရွာမှ ထွက်လာသည့် ပျူစောထီး(၄၀)ဦးနှင့်ပေါင်းကာ အိုင်ပေါင်းချောင်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက် စီးနင်းနေပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ အိုင်ပေါင်းချောင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသမီး (၃) ဦးအပါအဝင် အရပ်သား (၃၇) ဦးကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာ မှန်ပေမဲ့ ကန့်ဘလူတွင် PDF 30 ကျော်ကို သတ်ဖြတ်ဖမ်းဆီး ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ပါတယ်။
ကန့်ဘလူမြို့နယ် ဘူးကြီးကျေးရွာကို နိုဝင်ဘာ ၄ ရက် ဒီကနေ့ မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်လောက်မှာ ကာဘိုးကျေးရွာ စစ်ကောင်စီ အထိုင်စခန်းကနေ ကား ၃ စီးနဲ့ ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ဝန်းကျင်ခန့်က တအိမ်တယောက် ကျေးရွာ အစည်းအဝေးခေါ်ခဲ့ပြီးနောက် ဒေသခံ ၅၀ ဝန်းကျင်လောက်ကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မော်လူးမြို့ ဆေးရုံကို ယနေ့(နိုဝင်ဘာလ ၅ရက်) ညနေ ၃နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်မှုကို မသိရသေးပါဘူး။

လက်ရှိကန့်ဘလူမှာ စစ်ကောင်စီနဲ့ ပျုစောထီးတွေပူးပေါင်းပြီး ကျေးရွာတွေ မီးရှို့ ဖျက်ဆီးကာ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းတု၊ သတင်းမှားတွေ ဖန်တီးကာ သတင်းအမှောင်ချဖို့ ဝါဒဖြန့်ချိရေးသားနေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .