ဖယ်ခုံ – ပင်လောင်းနယ်စပ်မှာ တော်လှန်ရေးဘက်က ကယ်ဆယ်ရေးလိုက်ပါဆောင်ရွက်တဲ့သူ ၁၅ ဦးသေဆုံးတယ်ဆိုတဲ့ သတင်းမှား
Share:FacebookX

ဖယ်ခုံ – ပင်လောင်းနယ်စပ်မှာ တော်လှန်ရေးဘက်က ကယ်ဆယ်ရေးလိုက်ပါဆောင်ရွက်တဲ့သူ ၁၅ ဦးသေဆုံးတယ်ဆိုတဲ့ သတင်းမှား

နိုဝင်ဘာလ ၅ ၊ ကန္တာရဝတီတိုင်း ( မ် ) + The Red Flag

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ – ပင်လောင်းနယ်စပ်က ဗန်းမောက်၊ ကုန်းပေါ ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး ကယ်ဆယ်ရေးလိုက်ပါဆောင်ရွက်တဲ့သူ ၁၅ ဦး သေဆုံးတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ရေးသားဖြန့်ချိနေပါတယ်။

Subscribers ၁၃၀၂၅ ရှိတဲ့ ရွှေနေကြာ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ကနေ “ဖယ်ခုံမြိုနယ် ဗန်းမောက်၊ ကုန်းပေါရွာအနီး ပြည်သူအချိုကို အမြန်ဆုံးစစ်ရှောင်ပေးရန် ကျန်ရှိသူများကို စာရင်းကောက်ယူနေစဥ် အမည်မသိ အသံမကြား အလုံးကြီးကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အကြမ်းဖက်အဖွဲ့ဖက်မှ လိုက်ပါဆောင်ရွက်သူ လူ ၁၅ ကျော်သေဆုံးခဲ့ ”လို့ ( မူရင်းရေးသားချက်အတိုင်း ) ဖြန့်ဝေရေးသားထားပါတယ်။

ရွှေနေကြာ ချန်နယ်ရဲ့ ရေးသားဖော်ပြမှုကို နိုဝင်ဘာလ ၄ ရက်နေ့အထိ ကြည့်ရှုသူ လေးသောင်းလေးထောင်ကျော်ရှိပြီး Like and react ပေးသူလည်းရှိသလို ထပ်ဆင့်မျှဝေတဲ့ ချန်နယ်အကောင့် ၂၄ခု ရှိပါတယ်။

ရွှေနေကြာချန်နယ် မူရင်းသတင်းလင့်ခ် – http://archive.today/7jUia
ဆက်စပ်သတင်းလင့်ခ် Htila AES-2 စစ်သတင်းများချန်နယ် – http://archive.today/LDrIF
ဆက်စပ်သတင်းလင့်ခ် Kyaw Swar ချန်နယ် – http://archive.today/evtuD

အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Kantarawaddy Times FactCheck Team ကနေ စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့်သလို အကြမ်းဖက်အဖွဲ့ဖက်မှ လိုက်ပါဆောင်ရွက်သူ ၁၅ ဦးသေဆုံးတယ်ဆိုတာ လုပ်ကြံဖန်တီးဖြန့်ဝေထားတဲ့ သတင်းအမှားဆိုတာ လေ့လာတွေ့ရှိရပါတယ်။

သတင်းစိစစ်တွေ့ရှိချက်

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေထားသလို ဗန်းမောက်၊ ကုန်းပေါကျေးရွာအနီးမှာ အမည်မသိ အလုံးကြီးတလုံး ကျရောက်ပေါက်ကွဲတာကြောင့် လိုက်ပါဆောင်ရွက်သူ ၁၅ဦးသေဆုံးတယ်ဆိုတာ မဟုတ်ပါဘူး။ ဖြစ်စဉ်အမှန်မှာ ဖယ်ခုံ – ပင်လောင်းမြို့နယ်စပ်က ကျေးရွာအနီးအနားမှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်လကျော်ကြာမြှင့်နေပြီး အောက်တိုဘာလ ၃၁ ရက်နေ့က စစ်ဘေးတိမ်းရှောင်တဲ့ အရပ်သားတွေကို ကယ်ထုတ်နေစဉ် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ဖို့ပြင်နေတဲ့ ထော်လဂျီပေါ်ကို ထိမှန်ခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးထိ သေဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ပင်လောင်း-ဖယ်ခုံမြို့နယ်စပ်က ဗန်းမောက်ကျေးရွာကနေ ဘေးလွတ်ရာကို ထွက်ပြေးလာတဲ့ ရွာသူရွာသားရဲ့ ထော်လာဂျီကားကို ၁၂၀ မမ ဒရုန်းဗုံး ၂လုံးနဲ့ စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့တဲ့အကြောင်းကို လွတ်လပ်တဲ့သတင်းမီဒီယာတွေနဲ့ ဒေသခံတွေက ပြောဆိုထားကြပါတယ်။

ထိတွေ့မှုဖြစ်ပွားခဲ့တဲ့ ပတ်ဝန်းကျင်က ကျေးရွာတွေထဲမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ပေးတာ ဆန်ရိက္ခာသယ်ထုတ်ပေးတာတွေ ကာကွယ်ရေးတပ်ဖွဲ့က ကူညီကာကွယ် ကယ်ထုတ်ပေးနေတဲ့အချိန် ၁၂၀ မမ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကယ်ဆယ်ရေးဆောင်ရွက်သူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး VOA သတင်းဌာနက နိုဝင်ဘာလ ၄ ရက်နေ့မှာ ရေးသားထားပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးတွေထဲ အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အသက် ၃၆ နှစ် နဲ့ ၆၀ ကျော် တစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်.

VOA သတင်းလင့်ခ် – https://burmese.voanews.com/a/7850333.html

ကန္တာရဝတီတိုင်း(မ်) ကလည်း စစ်ရှောင်နေစဉ် ဒရုန်းဗုံးထိမှန်မှုကြောင့် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးသေဆုံး ဆိုသည့်သတင်းကို  နိုဝင်ဘာ  ၂ ရက်၊ ၂၀၂၄ ရက်နေ့က သတင်းဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို မူရင်းသတင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) သတင်းလင့်ခ်- https://www.kantarawaddytimes.org/0w2u

ဒါ့အပြင် စစ်ကောင်စီဝါဒဖြန့်ချိတဲ့ထဲ အောက်တိုဘာလအတွင်း ဖယ်ခုံ ၊ ပင်လောင်းမြို့နယ်စပ်မှာ တိုက်ပွဲ အဆက်မပြတ်ဖြစ်ပွားခဲ့ပြီး PDF အများအပြားသေဆုံးခဲ့တယ်လို့လည်း ဆိုထားပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဖက်က သတင်းထုတ်ပြန်ထားခြင်းမရှိသေးသလို စစ်ကောင်စီဝါဒဖြန့်သလို PDF အများအပြားသေဆုံးတယ်ဆိုတာဟာ အတည်ပြုလို့မရတဲ့ အကြောင်းအရာဖြစ်ပါတယ်။

သုံးသပ်ချက်

စစ်ကောင်စီတပ်ဟာ အရပ်သားတွေရှိပြီး စစ်ဘေးတိမ်းရှောင်ဖို့ ပြင်နေစဉ်မှာပဲ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်သလို သေဆုံးသူ ၃ဦးလုံးဟာ အရပ်သားတွေသာ ဖြစ်ပါတယ်။ စစ်ကောင်စီဝါဒဖြန့်နေသလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လိုက်ပါဆောင်ရွက်သူ ၁၅ ဦး သေဆုံးခဲ့တယ်ဆိုတာ သတင်းမှားသာ ဖြစ်ပါတယ်။

တော်လှန်ရေးတွင် လိုက်ပါကူညီဆောင်ရွက်သူ ၁၅ ဦးသေဆုံးတယ်လို့ စွပ်စွဲဝါဒဖြန့်ချိနေပြီး အရပ်သားသေဆုံးမှုကို ဖုံးကွယ်ထားခြင်းသာ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က အရပ်သားရှိရာနေရာကို လေကြောင်းသုံးတိုက်ခိုက်မှုတွေ ပြုလုပ်တာ ၊ နေအိမ်မီးရှို့ဖျက်ဆီးတာကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရှိရပါတယ်။ ဖယ်ခုံ – ပင်လောင်းမြို့နယ်စပ် နဲ့ ကျေးရွာတွေမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ဒေသခံတွေအပြင် စစ်ဘေးရှောင်တွေဟာ သောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်တွေက အရပ်သား ထိခိုက်သေဆုံးမှုများကို PDF, တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်များအဖြစ် ပုံဖော်ပြီး အချက်အလက်အမှားများနဲ့ ဝါဒဖြန့်ချိနေကြောင်း လေ့လာတွေ့ရှိပါတယ်။ အဆိုပါ လိမ်လည် ဝါဒဖြန့်ချိမှုအကြောင်းအရာနှင့် ပတ်သက်ပြီး Myanmar Fact-checking Network က စိစစ်ထားတဲ့ အကြောင်းအရာကိုဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/myanmarfactcheckingnetwork/videos/533304182977960/?__cft__[0]=AZVSQDSmLXPcjXQSSO11z6Hm1nMgscicEtdwptrZoSk4iMetTpBEG2kzgwQIZt1CfsWlmXwYdfeLWraLreaXru-MuBsSfswLvYqMvAU6Hulk8YL9VSDzcpK50lcYFLHr7QabG66nJUZhdYfqAugO0eFgRaFVRu6LoQwUQJU-JT7DU39Xsvf63C1ZXmSoagDFn45D2bRJ1HGj2h4Q0SXwPIGq&__tn__=%2CO%2CP-R

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် -https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .