ဖယ်ခုံမြို့ကို PDF ပူးပေါင်းတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ဟု သတင်းအမှားဖြန့်
Share:FacebookX

ဖယ်ခုံမြို့ကို PDF ပူးပေါင်းတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ဟု သတင်းအမှားဖြန့်

၂၀၂၄ နိုဝင်ဘာလ ၁ ရက်၊ သျှမ်းသံတော်ဆင့်+ကန္တာရဝတီတိုင်း(မ်)

သျှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းအမှားဖြန့်ချိနေသည်။

စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် KO Thet ချန်နယ်လ်မှ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး

“ကယန်းပြည်သစ်နဲ့ NUG ဒေါခင်မြတ်ဦး၊ ပျားစစ်ကြောင်း ဗျူဟာမှူးဆင့်ရှိ ဌေးမြင့်လှိုင်တို့ ပတ်သတ်မှုရှိနေကြောင်း သိရှိရပြီး NLD ပါတီဝင်၊ PDF များကို ဖယ်ခုံလူထုက ထောက်ပံ့မှု၊ ထောက်ခံမှု၊ အလှူငွေပေးမှု အားနည်းနေသဖြင့် တစ်မြို့လုံးကို ဖျက်ဆီးရန် ဒေါ်ခင်မြတ်ဦးမှ စေခိုင်းခဲ့ ” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့သည်။

ထိုသို့စေခိုင်းပြီး ၂၀၂၄ အောက်တိုဘာလ အခုရက်ပိုင်းအတွင်း ဖယ်ခုံမြို့တွင် မီးများဆက်တိုက်လောင်ကျွမ်း နေကြောင်းဆိုပြီးလည်း ရေးသားဖြန့်ဝေခဲ့သည်။

ထိုသတင်းအမှားကို ကြည်ရှုသူပေါင်း ၃၀,၀၀၀ ကျော်ရှိပြီး KO Thet ချန်နယ်လ်အပြင် အခြားတယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်များကပါ ဖြန့်ချိထားကြသည်။

မူရင်းလင့်ခ် – https://archive.ph/m8E9Q

ဆက်စပ် သတင်းအမှားလင့်ခ် – https://archive.ph/4le8F

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးကြည့်သည့်အခါ မှားယွင်းနေသည်ကို တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

ဒေသတွင်း သတင်းဌာနနှင့် လွတ်လပ်သည့် သတင်းဌာနများ၏ ဖော်ပြချက်အရ ဖယ်ခုံမြို့တွင် အောက်တိုဘာလဆန်းမှ စတင်ကာ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေကြောင်း ဖော်ပြကြသည်။

သျှမ်းသံတော်ဆင့် သတင်းဌာနတွင် စစ်ကောင်စီတပ်စွဲထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ နန်းဟူးရပ်ကွက် ဆေးရုံကုန်းအနီးတဝိုက်ကို စစ်ကောင်စီက အောက်တိုဘာလ ၂၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦး၏ အတည်ပြုချက်ဖြင့် ဖော်ပြထားသည်။

မူရင်းလင့်ခ် – https://archive.ph/1FSTO

မီးရှို့ခံရသည့် ဖယ်ခုံမြို့ ဒေသခံနေအိမ် ရုပ်သံဖိုင်များလည်း Karenni People’s Voice မှ အောက်တိုဘာလ ၂၄ ရက်နေ့က တင်ဆက်ထားသည်။

ရုပ်သံဖိုင် – https://shorturl.at/1oydi

RFA သတင်းဌာနတွင်လည်း ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်တွင် တိုက်ပွဲတွေပြင်းထန်နေသကဲ့သို့ စစ်ကောင်စီတပ်မှ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦး၏ အတည်ပြုချက်ဖြင့် ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/axiZ0

သုံးသပ်ချက်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် တိုက်ပွဲဖြစ်ပွားနေသည့် ဖြစ်စဉ်မှာ မှန်ကန်သည်။ သို့သော် ဖယ်ခုံမြို့ကို PDF ပူးပေါင်းတပ်ဖွဲ့များအား မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည့် ဖြန့်ချိမှုက မှားယွင်းနေသည်။

သတင်းအမှား ဖြန့်ချိသူတွေက စစ်ကောင်စီတပ်ဖွဲ့၏ ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့များအား ပုံဖျက်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် ရေးသားဖြန့်ချိနေသည့် ဝါဒဖြန့်သတင်းအမှားဖြစ်သည်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားသည့် သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားသည် လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် -https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .