သျှမ်းအမျိုးသား ၁ ဦးကို ကိုးကန့်တပ်မတော် MNDAA နှိပ်စက်နေသည့် ရုပ်သံဖိုင်အမှား 
Share:FacebookX

သျှမ်းအမျိုးသား ၁ ဦးကို ကိုးကန့်တပ်မတော် MNDAA နှိပ်စက်နေသည့် ရုပ်သံဖိုင်အမှား 

၂၀၂၄ အောက်တိုဘာလ ၃၀ ရက်၊ သျှမ်းသံတော်ဆင့် + DNA+ The Red Flag

 ကိုးကန့်တပ်မတော် MNDAA မှ သျှမ်းအမျိုသားတစ်ဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုတ်ကာ  နှိပ်စက်နေကြောင်း ရုပ်သံဖိုင်အမှားဖြန့်ချိနေသည်။

 Followed ၈,၃၀၀ ကျော်ရှိသည့် “ၼၢမ်ႉၵေးမၢဝ်း ႁိတ်းသၢၵ်ႈသေႇ ဆိုသည့် Page တစ်ခုမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး

 “ ကိုးကန့်တပ်ဖွဲ့က ပြည်သူတွေကို ဖမ်းဆီးပြီး လုံးဝါလ (အမည်) လိုဘဲ နှိပ်စက်တော့မယ်။ သူတို့လောက် နှိပ်စက်တတ်တဲ့သူဆိုတာ ဘယ်သူမှမရှိတော့ဘူး။ SNLD ပါတီက ဘာလို့ကိုးကန့်တပ်ဖွဲ့ကို အရေးမယူတာလဲ။ ငါတို့သျှမ်းတွေ နှိပ်စက်ခံရနေပြီ” ဟု (သျှမ်းဘာသာဖြင့်) ရေးသားဖြန့်ဝေခဲ့သည်။

 ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၀,၀၀၀ ခန့်ရှိပြီး ကောမန့်အောက်တွင်လည်း ယခုဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်အသုံးပြုများက  MNDAA အား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားသည်ကို တွေ့ရသည်။

 မူရင်းလင့်ခ် – https://archive.ph/7U6GK

 Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို  Image Reverse Search Toolနှင့် စစ်ဆေးကြည့်သည့်အခါ မှားယွင်းနေသည်ကို တွေ့ရသည်။

 သတင်း စစ်ဆေးတွေ့ရှိချက်

 ရုပ်သံဖိုင်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့ကတည်းက လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ပြန့်နှံ့လာခဲ့ခြင်း ဖြစ်သည်။

 ရုပ်သံတွင် ကိုးကန့်တပ်မတော် MNDAA ဟု ယူဆရသည့် တပ်သားများက အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးကို လက်ပြန်ကြိုးတုတ်ပြီး ရိုက်နှိက်ခြင်း၊ သစ်ပင်ပေါ်သို့ တွဲလောင်းချိတ်ဆွဲခြင်း စသဖြင့် နှိပ်စက်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

 သို့သော် နှိပ်စက်ခံရသည့် အမျိုးသားတစ်ဦးက “သျှမ်းလူမျိုး” မဟုတ်ပါ။ ရိုက်နှိက်ခံရသည့် အမျိုးသားတစ်ဦးသည် ၎င်း၏သမီးဖြစ်သူ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သဖြင့် အပြစ်ပေးခံရကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

 

မူရင်း ရုပ်သံဖိုင် – https://shorturl.at/7Ilab  

ဆက်စပ် ရုပ်သံဖိုင် – https://shorturl.at/z3sTZ 

 Tiktok – https://archive.ph/5uUaf

 သုံးသပ်ချက်

 ထိုကြောင့် သျှမ်းအမျိုးသား ၁ ဦးကို ကိုးကန့်တပ်မတော် MNDAA မှ နှိပ်စက်နေသည်ဆိုသည့် အကြောင်းအရာက မှားယွင်းနေသည်။

 သတင်းအမှားဖြန့်ချိသူတွေက မတူညီသည့်အကြောင်းအရာကို ချိတ်ဆက်ရေးသားပြီး လိုအပ်သလို ပုံဖော်ရေးသားနေသည့် ဝါဒဖြန့်သတင်းအမှားဖြစ်သည်။

 Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

 သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

 Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားသည့် သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားသည် လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

 ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် –https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .