26 October 2024 By MPA + DNA
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာတွင်ဖြစ်ပွားခဲ့သည့် လူသတ်မှုကို PDF များကျူးလွန် ခဲ့သည်လို့စွပ်စွဲရေးသားဖြန့်ဝေထားသည့် ရုပ်သံတခု ယခုလအောက်တိုဘာ ၂၃ ရက်က တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသည်။
Subscriber ၄၀၀၀ ကျော်ရှိသည့် D.L Clean တယ်လီဂရမ်ချန်နယ်အကောင့် က အောက်တိုဘာ ၂၃ ရက် ၄ နာရီ ဝန်းကျင်တွင် အမျိုးသားတစ်ဦးကိုလက်နက်ကိုင်ထားသူများ က ရက်ရက်စက်စက်သတ်နေသည့် ရုပ်သံကိုအသုံးပြုပြီး ပြည်သူ့ကာကွယ်ရေးတပ်များ ကျူးလွန်သည့်ဟန်ဖြင့် ဖော်ပြထားသည်။
အဆိုပါ ရုပ်သံသတင်းအမှားကို အောက်တိုဘာ ၂၆ ရက်မနက်အထိ ကြည့်ရှုသူ ၄၆၀၀၀ ကျော်ရှိပြီး Like and react လုပ်သူ ၄၀၀ နီးပါးရှိကာ အခြားတယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့ကြသည်။
သတင်းအမှားလင့်ခ်များ
D.L Clean https://archive.ph/q8xbo
စစ်မှူးငယ် https://archive.ph/yMDXC
Min Chit OO https://archive.ph/Zz71n
တယ်လီဂရမ်ချန်နယ် မှာ ပျံ့နှံ့နေသည့် သတင်းအကြောင်းအရာနှင့် ပတ်သက်ပြီး Myanmar Fact- Checking Networkရဲ့ အဖွဲ့ဝင်ဖြစ်သည့် DNA နှင့် MPA က အချက်အလက်စစ်ဆေးကြည့်ရာ ရုပ်သံအဟောင်းကိုအသုံးပြုထားခဲ့ကြောင်းတွေ့ရှိခဲ့ရသောကြောင့် သတင်း အမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
☑️ သတင်းစိစစ်ချက်
ရုပ်သံကို အစောဆုံးဖြန့်ဝေခဲ့သည့် D.L Clean ချန်နယ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ရက်တွင်မှ အကောင့် စတင်ဖွင့်ထားသည်ကိုတွေ့ရှိခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ် အယောင်ဆောင်ကာ သတ်ဖြတ်နေသည့်ရုပ်သံအချို့ကို မျှဝေနေသည်ကိုတွေ့ရှိရသည်။
တယ်လီဂရန်နှင့် အခြားဆိုရှယ်ပလက်ဖောင်းများတွင် တဟုန်ထိုးပျံ့နှံ့နေသည့် ထိုရုပ်သံကို InVID Video Verification Tools ကိုအသုံးပြုပြီး ရလာသည့် Keyframe ကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ နိုင်ငံခြားဆိုရှယ်မီဒီယာဝဘ်ဆိုဒ်များတွင် တင်ဆက်ထားသည့် ရုပ်သံအချို့နှင့်ထပ်တူညီသည်ကိုတွေ့ရသည်။
အဆိုပါရုပ်သံကို Death is Watching over You (သေခြင်းတရားက မင်းကိုစောင့်ကြည့်နေတယ်) ဆိုသည့် ဝဘ်ဆိုဒ်မှ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် အစောဆုံးတင်ဆက်ထားသည်ကိုတွေ့ရပြီး မူရင်းရုပ်သံသည် ၎င်းအချိန်ထက်ပိုစောမည်ဟုယူဆရပါသည်။
Death is Watching over You (သေခြင်းတရားက မင်းကိုစောင့်ကြည့်နေတယ်) ဆိုသည့် ဝဘ်ဆိုဒ်သည် ဂရပ်ဖစ်နှင့်ရှင်းလင်းပြတ်သားသည့် အကြောင်းအရာများကို အာရုံစိုက်ပြီး သွေးထွက်သံယို ဗွီဒီယိုများကို လက်ခံတင်ဆက်နေသည့် အွန်လိုင်းပလပ်ဖောင်းတခုဖြစ်သည်။
ရုပ်သံထပ်တူညီသည့်လင့်ခ်များ
၂၀၂၂ နိုဝင်ဘာ ၁၂ ရုပ်သံလင့်ခ် – https://archive.ph/HuCO2
၂၀၂၃ ဇူလိုင် ၆ ရုပ်သံလင့်ခ် – https://archive.ph/wip/Ql4D0
၂၀၂၃ စက်တင်ဘာ ၁၉ ရုပ်သံလင့်ခ် – https://archive.ph/wip/JNnvu
ပြီးခဲ့သည့်အောက်တိုဘာ၂၀ရက်တွင်လည်း စစ်ကောင်စီလော်ဘီချန်နယ်များမှ “ဘုတလင်တွင် PDFအချင်းချင်းနယ်မြေလုကာ အချင်းချင်းသတ်ဖြတ်ခဲ့သည်ဟူ၍ ဖြန့်ခဲ့သည့်သတင်းမှားကို MFCN မန်ဘာများက စစ်ဆေးနိုင်ခဲ့ပြီး အဆိုပါသတင်းကို ဤနေရာတွင် ဖတ်နိုင်ပါသည်။
☑️သုံးသပ်ချက်
ဘုတလင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က စီပါကျေးရွာရှိ ဒေသခံပြည်သူ ၆ ဦးကို ရက်ရက်စက်စက်သတ်ခဲ့ကြောင်း လွတ်လပ်ပြီးအမှီခိုကင်းသည့်သတင်းဌာနများက သတင်းများတက်လာပြီးနောက် အဆိုပါရုပ်သံကိုစတင်ဖြန့်ဝေလာတာကိုတွေ့ရသည်။
စစ်ကောင်စီသည် ၎င်း၏လုပ်ရုပ်များကို ဖုံးကွယ်နိုင်ရန်အတွက် PDF များမှသတ်ခဲ့သည်ဟု ဝါဒဖြန့်ပြီး ရုပ်သံအဟောင်းအသုံးပြုကာ သတင်းမှားများကို ဖြန့်ဝေနေသည်။
စစ်ဆေးတွေ့ရှိချက်များအရဘုတလင်မြို့နယ်ရှိပြည်သူများကို PDF များသတ်သည်ဟုဆိုကာ ဖော်ပြထားသည့်ရုပ်သံမှာ ရုပ်သံအဟောင်းဖြစ်သည့်အပြင် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေသည့် လုပ်ကြံဖန်တီးထားသည့် သတင်းအမှားအကြောင်းအရာဖြစ်သည်ကို တွေ့ရှိရပါသည်။
ထို့အပြင် စစ်ကောင်စီလော်ဘီချန်နယ်များမှ ရုပ်ရှင်ဇတ်ဝင်ခန်းများအားအသုံးပြုပြီး တော်လှန်ရေးလက်နက်ကိုင်တပ်များ ကျဆုံးခဲ့ကြောင်းလှည့်ဖျားရေးသားထားခဲ့ဖူးပြီး MFCN အဖွဲ့ဝင်များမှ ရေးသားဖော်ထုတ်နိုင်ခဲ့သည့် သတင်းကိုလည်း ဒီနေရာတွင် ဖတ်နိုင်ပါသည်။
ထို့ကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်သည့်အတွက် အဆိုပါဆိုရှယ်မီဒီယာပေါ်မှ အကြောင်းအရာ တစ်ခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ကာ သတင်းအတု၊ သတင်းအမှားများကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြသည့်အတွက် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါသည်။
စာဖတ်သူတွေအနေဖြင့် သတင်းတု/သတင်းမှား ဖြစ်သည်လို့ သံသယရှိခဲ့လျှင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြ န်းလိုလျှင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးသည့် သတင်းဌာန/အဖွဲ့ အစည်းတွေ၏ Chat Box မှတဆင့် ဆက်သွယ်မေးမြန်းကြဖို့ တိုက်တွန်းလိုပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်များမှ အချက်အလက်စစ်ဆေးထားတဲ့ သတင်းများကို ၏နေရာမှ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork