KNU နယ်မြေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်တာကြောင့် KNU ၁၀၀ ကျော်သေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရတယ်ဆိုတဲ့ သတင်းအမှား
Share:FacebookX

KNU နယ်မြေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်တာကြောင့် KNU ၁၀၀ ကျော်သေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရတယ်ဆိုတဲ့ သတင်းအမှား

25 Oct 2024 By Myanmar Pressphoto Agency + Kantarawaddy Times + The Red Flag

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေကို စစ်ကောင်စီတပ်က အောက်တိုဘာလအတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု ၊ ဒရုန်းနဲ့ ဗုံးကြဲမှုတွေကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံး မှုတွေကို KNU တပ်သား ၁၀၀ ကျော်သေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရတယ်လို့ စစ်ကောင်စီတပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းအမှားဖြန့် ခဲ့ပါတယ်။

Subscriber ၃၂,၀၀၀ ကျော်ရှိတဲ့ “ ရန်သူလှုပ်ရှားမှုသတင်းများ” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းက “ မကြာမီရက်ပိုင်းအတွင်းက စစ်တပ်က ဗုံးကြဲလို KNU သကသ အလောင်း ၁၀၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူလည်း ၁၀၀ ကျော်လောက်ရှိ။ ဒဏ်ရာရသူတွေကို ယွန်းစလင်းအနောက်ဘက်ကမ်း သယ်သွားပြီး ဆေးကုနေတယ်လို သိရတယ်။”( မူရင်းရေးသားချက်အတိုင်း) လို့ ရေးသားဖော်ပြထားပါတယ်။

ရန်သူလှုပ်ရှားမှုသတင်းများတယ်လီဂရမ်ချန်နယ်က ရေးသားဖြန့်ဝေချက်ကို အောက်တိုဘာ ၂၃ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၅၁၀၀၀ ကျော်ရှိပြီး Like and reactလုပ်သူ ၆၀၀ ကျော်ရှိကာ အခြားတယ်လီဂရမ်ချန်နယ်တွေကလည်း ကူးယူဖော်ပြခဲ့ကြတာကြောင့် ပျံနှံ့မှုနှုန်းများနေပါတယ်၊

သတင်းအမှားလင့်ခ်များ
ရန်သူလှုပ်ရှားမှုသတင်းများ – https://archive.ph/FKD52
Ko thet – https://archive.ph/ekFDR
Saw Ba Maung – https://archive.ph/qY5zO

တယ်လီဂရမ်ချန်နယ် မှာ ပျံ့နှံ့နေတဲ့ သတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network အဖွဲ့ဝင်ဖြစ်တဲ့ KTimes နဲ့ MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

တယ်လီဂရမ်ချန်နယ်မှာရေးသားဖော်ပြထားတဲ့ သတင်းအကြောင်းအရာကို KNU ရဲ့ လူမှုကွန်ယက်ဖေ့ဘွတ်ခ်မှာ ရှာဖွေကြည့်တဲ့အခါ ၂၀၂၄ အောက်တိုဘာလအတွင်း KNU ရဲ့ လူမှုကွန်ရက်စာမျက်နှာက်ထုတ်ပြန်ချက်အရ
အောက်တိုဘာ ၃ ရက်က နေ ၂၁ ရက်နေ့အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ( ၂၈ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ (၇ )ဦး သေဆုံးခဲ့တယ်လို့ရက်အလိုက်ထုတ်ပြန်ထားပါတယ်။

သတင်းလင့်ခ်များ https://www.facebook.com/share/p/KYcr1vTcJDH7ahh1/
https://www.facebook.com/share/p/tgCB475Cwv5A1Srd/

အောက်တိုဘာလ(၁) ရက်ကနေ (၁၅) ရက် အတွင်း KNU တပ်မဟာ ၅ နယ်မြေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်များ တိုက်ပွဲ ၄၇ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်စစ်သား ၁၁ ဦးသေဆုံးတဲ့အပြင် ၉ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Karen Information Center -KIC က ရေးသားဖော်ပြထားပါတယ်။

သတင်းရေးသား‌ဖော်ပြထားချက် – https://www.facebook.com/share/p/Cs7NxjU7E9mPFDJS/

“ KNU တပ်မဟာ (၅) နယ်မြေ မူတြော်(ဖာပွန်) ခရိုင်မှာ အာဏာမသိမ်းခင်က စစ်တပ် ရဲ့ တပ်စခန်း ၇၀ ကျော်ရှိခဲ့ပေမယ့် အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်းရောက်လာချိန်မှာတော့ အဲဒီ တပ်စခန်းအားလုံးရဲ့ ၇ ပုံ ၁ ပုံ ခန့် သာ ကျန်ရှိတော့တယ်လို့ တပ်မဟာ ( ၅) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။” လို့ People Spring သတင်းမီဒီယာမှာရေးသားဖော်ပြထားပါတယ်။

သတင်းမီဒီယာလင့်ခ် – https://www.facebook.com/share/p/M8VYrYEZREg2mjhW/

သုံးသပ်ချက်

KNU တပ်မဟာ ၅ နယ်မြေမှာ စစ်ကောင်စီတပ်စခန်းတွေဆက်တိုက်သိမ်းပိုက်ခံနေရတဲ့အပြင် စစ်ကောင်စီတပ်စစ်သားတွေထိခိုက်ကျဆုံးမှုများလာပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်က အရပ်သားတွေရှိတဲ့နေရာကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု ၊ ဒရုန်းနဲ့ ဗုံးကြဲမှုတွေ ဆက်တိုက်ကျူးလွန်လာပြီး ပြည်သူ ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

တယ်လီဂရမ်ချန်နယ်မှာ စစ်ကောင်စီတပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူတွေသေဆုံးမှုကို KNU တပ်သား ၁၀၀ ကျော်သေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရတယ်လို့လိမ်လည်ရေးသားထားပါတယ်။

ဒါကြောင့် KNU တပ်မဟာ ၅ နယ်မြေမှာ KNU တပ်သား ၁၀၀ ကျော်သေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရတယ်ဆိုတာ သတင်းအမှားအကြောင်းအရာဖြစ်ပါတယ်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .